Root လုပ်နိုင်တဲ့ update.zip တည်ဆောက်နည်း နှင့် font ထည့်နည်းများ

ပညာရလို့လို့ မူရင်းအတိုင်းတင်လိုက်ပါတယ်
Root လုပ်နိုင်တဲ့ update.zip တည်ဆောက်နည်း နှင့် font ထည့်နည်းများ
=========================================
ကျွန်တော်က Beginner ပါပဲဗျာ အဲတော့ coding တွေတော့သိပ်နားမလဲသေးဘူးဗျ
Tool တစ်ခုကိုအသုံးပြုပြီးလုပ်ပြသွားမှာပါ 
ကျွန်တော် android ကိုစလေ့လာတုန်းက U8825D ကို update.zip နဲ့ root တာ
superuser အလုပ်မလုပ်လို့ တော်တော်တိုင်ပတ်ဖူးတယ်
ခုတော့ကိုယ့်ကို ရေးပြီ CWM ကနေ သွင်းနိုင်ပါပြီဗျာ
CWM ကနေသွင်းရင် app က system app အဖြစ်သွင်းပေးပါလိမ့်မယ်

ပထမဆုံး အောက်က tool ကို down လိုက်ပါ


နောက်တစ်ခု demo.zip ကို down လိုက်ပါ


အပေါ်က down ထားတဲ့ demo.zip ကိုဖြည်လိုက်ပါ

/system
/META-INF
ဆိုတဲ့ Folder နှစ်ခုကိုတွေ့ပါလိမ့်မယ်
ပြီးရင်

/system 
Folder ကိုထပ်ဖွင့်ပါ
/app
/bin
/fonts
/xbin

အပေါ်က Folder တွေထွက်လာပါလိမ့်မယ်

ok ကျွန်တော်တို့ စလုပ်ရအောင်ဗျာ

app =ဆိုတဲ့ folder ထဲမှာ root မယ်ဆိုရင် superuser.apk,
keyboard ပါထည့်ချင်ရင် frozenkeyboard.apk 
ပေါ့ဗျာ မိမိထည့်ချင်တဲ့ apk တွေထည့်ရမယ်
bin =ဆိုတဲ့ folder ထဲမှာ root မယ်ဆိုရင် su file ကိုထည့်ပေးရပါမယ်
(superuser.apk + su) မှ root access ရမှာပါ
fonts =ဆိုတဲ့ folder အောက်မှာ မိမိထည့်ချင်တဲ့ fonts(.ttf) ထည့်ပေးရမှာပါ
eg.DroidSansFallback.ttf ပေါ့ဗျာ
xbin =ဆိုတဲ့ folder အောက်မှာ busybox file ကိုထည့်ပေးရမှာပါ

ကျွန်တော်တို့ ကို ဖန်တီးချင်တဲ့ ဟာတွေပဲထည့်မယ်ပေါ့
ဥပမာ mmfont & root ပဲဆိုရင် app folder နဲ့ xbin folder တွေကိုဖြတ်လိုက်ပါ

superuser icon ကို မိမိ logo၊ဆိုင်logo နဲ့လန်းချင်ရင် 
မြန်မာလို စတိုင်နဲ့ လန်းချင်ရင် အောက်ကနည်းနဲ့ superuser.apk ကိုအောက်ကနည်းနဲ့ 
ပြင်လိုက်ပါ


မိမိထည့်ချင်တာ ထည့်ပြီးသွားရင်
/system
/META-INF
folder နှစ်ခုလုံးကို zip လုပ်ပေးလိုက်ပါ
rar လုပ်လို့မရပါဘူး (only zip)

အားလုံးလုပ်ပြီးသွားရင်ကျွန်တော်တို့ CWM ကနေသွင်းလို့ရအောင် sign ပါမယ်
အပေါ်က down ထားတဲ့ tool
Android Ultimate Toolbox Pro ကိုဖွင့်လိုက်ပါ

Sign update.zip ကိုနှိပ်လိုက်ပါပြီးရင် ခဏက လုပ်ထားတဲ့ zip ဖိုင်ကိုရွေးပြီး
Open လုပ်လိုက်ပါ
မိမိပေးထားတဲ့ နာမည်နဲ့ signed zip လေးကိုရပါလိမ့်မယ်ဗျာ

Ok CWM ကနေ သွင်းလိုက် ပေါ့ဗျာ
အောက်ကဟာတော့ကျွန်တော်လုပ်ထားတဲ့

su++.zip(Root,MM Font,Busy Box,Frozen Keyboard,FrozenKeyboard Pro(0.6.0))


‪#‎Bonus‬# အနေနဲ့ မနေ့ကမှနာမည်ကြီးနေတဲ့ ကို Nga Luu ရဲ့ 

G610 mmfont ကိုလုပ်ပြပါမယ်
/system folder အောက်က
/app
/bin
/xbin
တွေကိုဖြတ်လိုက်ပါ
/etc ဆိုတဲ့ folder ကိုအသစ်ဖွဲ့လိုက်ပါ 

/system folder အောက်မှာ
/etc
/fonts နှစ်ခုပဲချန်ထားရပါမယ်

/etc folder ထဲမှာ fallback_fonts.xml ကိုထည့်လိုက်ပါ

/fonts folder ထဲမှာ ကို ‪#‎NgaLuu‬# ရဲ့ fonts ကို down ပြီး ttf တွေအကုန်ဆွဲထည့်လိုက်ပါ

Sanpya.ttf ကိုလဲထည့်လိုက်ပါ

ပြီးရင် အပေါ်ကလို zip လုပ်ပြီး sign လိုက်ပါဗျာ

Ok CWM ကနေ Flash လိုက်ပါ 

ကို #NgaLuu# ပြောသလို G610 ကို Myanmar font နဲ့လန်းနိုင်ပါပြီဗျာ

အဆင်ပြေပါစေ

ပင်လုံသား


ကိုလတ်(ကျွဲဆင်း)

Related Posts:

  • pc ဂိမ်းအနိမ့်လေးပါ                                                    &nb… Read More
  • Made Man Written By game.sh4r3d on Monday, August 5, 2013 | 7:12 AM Game Made Man rilise untuk Pc dan ps 2 tapi kali ini saya akan share khusus Pc atau komputer. Made Man is a third-person shooter video game developed … Read More
  • ဖုန်းတွေမှာ သုံးတဲ့ Tango လေးကို Window PC မှာသုံးရအောင် အဆင်ပြေပါတယ် ဒါပေမယ့် viber လောက်တော့ မသုံးကြဘူး အသုံးပြုနေကြတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်   ဖုန်းမှာသုံးတဲ့ Tango ကို PC မှာသုံးဖို့ အထက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ.....။ :… Read More
  • အသုံးဝင်Softwaresများစုစည်းထားတဲ့ Tawwinminntharlay Software collection (For PC) ဒီတစ်ခါတော့ ကိုတော်ဝင်မင်းသား ကိုယ်တိုင်လုပ်ထားတဲ့ software ပါ။ 105 mb ရှိပြီး ကျွန်တော် မူရင်းအတိုင်းပြန်လည်တင်ပေးထားပါတယ်။ အဆင်ပြေရင် ဒေါင်းလုတ်ဆွဲသွားပါ။ အောက်ပါ အတိုင်း ဒေါင်းလုတ်ဆွဲပါ။ … Read More
  • Firefox 25.0 Beta 9 (PC + Offline INSTALLER + နောက်ဆုံးထွက်) Firefox နောက်ဆုံးထွက်ပါ။ 22mb ရှိပြီး Offline install လုပ်လို့ရအောင် ပေးထားပါတယ်။ http://adf.ly/XuDp7 မှာဝင်ဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေဗျာ။ PC အတွက်ပေးထားခြင်းဖြစ်ပါတယ်။ Description T… Read More