Call Center မှ ၀န်ဆောင်မှု အသစ် တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်
Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်

အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။
ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Related Posts:

  • ~~ဖုန်းကို Spyလုပ်နိုင်မည့် Spy.apk~~ Myanmar Application Centreမှကြိုဆိုပါတယ် SpyAppကို installလုပ်ထားသောဖုန်းများအား အခြားမည်သည့်ဖုန်းမှမဆို မက်ဆေ့(sms)ပို့၍ Tracking လုပ်နိုင်ပါတယ်။ Spy App၏ လက်တွေ့ကျသော အသုံးဝင်မှုများမှာ- ၁။မိမိတို့အိမ်ရှိဖုန်းထဲတွင… Read More
  • ~~မြန်မာစကားပုံတွေလေ့လာနိုင်မည့်Proverb for Myanmar.apk~~ Myanmar Application Centreမှကြိုဆိုပါတယ် အခုတင်ပေးထားတဲ့ Applicationလေးကတော့ မြန်မာစကားပုံလေးတွေကိုစုစည်းပေးထားတဲ့Applicationလေးပါ စကားပုံတွေရဲ့အဓိပ္ပာယ်ကိုယ်တောင် ရှင်းပြပေးထားတာမလို့ လေ့လာချင်တယ်ဆိုရင်ဒေါင်းယူနိုင်… Read More
  • ITC (PKU) အမှတ်စဉ်(၂) .apk မင်္ဂလာပါ  ဘလော့မှာ ဘာမှမတင်ဖြစ်တော့တာကြာပါပြီ အခုကျန်တော်သူငယ်ချင်းတွေ စက်မှုသင်တန်းကျောင်း အတူတူတတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေအတွက်အမှတ်တရ ITC(PKU) ဆိုပြီး application တစ်ခုရေးထားပါတယ် ကျန်… Read More
  • စာအုပ်ကောင်းလေးများစုစည်းရာ.apk ယခုတင်ဆက်ပေးမယ့် ဆောဖ့်ဝဲလ်လေးကတော့ ဝါရင့်စာရေးဆရာများ  တက်သစ်စလူငယ်စာရေးဆရာ များရေးသားထုတ်ဝေပြီးသော စာအုပ်များ  အသစ်အသစ်သော  စာအုပ်တွေကိုတစ်နေရာထဲမှာ ကြည့်ရှုလိုရမယ့်ဆောဖ့်ဝဲလ်လေးပါမိမိဖုန်း၌ယခုဆောဖ့်… Read More
  • FRP ကျရင်လိုအပ်သော Google Account Manager နဲ့ လိုအပ်သော Applicationများစုစည်းမှု မင်္ဂလာပါ အခုတင်ပေးထားတာလေးကတော့Frp ကျတဲ့ဖုန်းတွေအတွက် Google Account Manager နဲ့ တခြားလိုအပ်တဲ့ Applicationလေးတွေ တစ်စုစည်းထဲတင်ပေးထားတာပါ လိုအပ်တဲ့အသုံးပြုနိုင်အောင်တင်ပေးထားပါတယ် Download Now ရေနီသားဖြိုးလေး အဆ… Read More