Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံကနေ... Text (စာသားနဲ့) ပုံဖော်ပေးနိုင်မယ့်နည်းလမ်းလေး



နည်းပညာနဲ့ပတ်သတ်တာကို ချမ်းမြေ့ Online ပေါ်မတင်ဖြစ်တာတော်တော်ကြာနေပြီ...။
ဒီနေ့တော့ စိတ်ကူးပေါက်လို့  မိတ်ဆွေတို့အတွက်လည်း အမြင်ဆန်းဆန်းလေးနဲ့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံကနေ... Text (စာသားနဲ့) ပုံဖော်ပေးနိုင်မယ့်နည်းလမ်းလေးကို
ယခု ချမ်းမြေ့တင်ပေးမယ့် Installer Setup လေးတစ်ခုနဲ့ စမ်းသပ်ရှင်းလင်းပြပါမယ်...။
စိတ်ဝင်စားမယ်ဆိုရင်တော့... အောက်ကအဆင့်လေးတွေကို မပျင်းဘဲ... လိုက်ဖတ်ကြည့်ကြပေါ့နော်...

ကဲ... စလိုက်ကြရအောင်

လိုအပ်ချက် - .NET FrameWork 2 နှင့်အထက် တပ်ဆင်ထားပြီးသားဖြစ်ရပါမယ်။
(စက်အများစုကတော့ ဒီ Version လောက်ကတော့တပ်ဆင်ထားပြီးသားများပါတယ်)။

၁။ အရင်ဦးဆုံး ချမ်းမြေ့ပေးတဲ့ Go to download ဆိုတဲ့ Link ကနေ Software ကိုသွားရောက်ရယူလိုက်ပါ။

၂။ Setup File ပမာဏက အရမ်းကြီးတယ်နော်... 8.17 MB တဲ့... :P (ပိစိကွေးလေးပါ)

၃။ Downloaded ဖြစ်ပြီးတဲ့ File လေးကို တကူးတစ်က Install မလုပ်ရလေအောင်
 One Click လေးလုပ်ပေးထားတာကြောင့်
အလွယ်တကူပဲ မိတ်ဆွေရဲ့ Desktop ကိုသာ ကူးတင်ထားပြီး Double Click (နှစ်ချက်နှိပ်လိုက်ယုံ) ဖြင့် App ကပွင့်လာမှာပါ...
အရမ်းခက်သွားလား...? :P

၎။  အောက်ကပြထားတဲ့ ပုံလေးတွေကိုကြည့်ပါ။
ပုံ(၁)က App စစဖွင့်ချင်းမြင်ရမဲ့မြင်ကွင်းပါ။






၅။ ပုံ (၂) မှာကျတော့ Tool လေးရဲ့ ဘယ်ဘက်အပေါ်ဆုံးထောင့်နားက File ဆိုတဲ့ Tap လေးကိုနှိပ်လိုက်ရင် Load image... ဆိုတာလေးမြင်ရမှာပါ။
ဟုတ်ပြီ... အဲ့ဒါကိုနှိပ်လိုက်ပေါ့ဗျာ။




၆။ ခုနက Load image ဆိုတာလေးကို နှိပ်လိုက်ရင် မိတ်ဆွေကြိုက်နှစ်သက်မယ့် ဓာတ်ပုံရှိတဲ့ နေရာ (File Location) ကိုသွားပြီးပုံတစ်ပုံကိုရွေးချယ်လိုက်ပါ...။

၇။ ချမ်းမြေ့ရွေးချယ်ထားတဲ့ပုံကတော့ ကိုအာလာ ဝက်ဝံလေး (Panda Koala) ပါ။ အခုဆိုရင် ရွေးချယ်ထားခဲ့တဲ့ပုံလေးကတော့
ယခု App ထဲကိုရောက်ရှိလို့သွားပါပြီခင်ဗျာ...။





၈။ ကဲ...အဲ့ထဲက ပုံလေးကို သိမ်းဆည်းမယ် (Save) မယ်ဆိုရင်တော့
 မိတ်ဆွေရဲ့ Keyboard ကနေ Ctrl+S ကိုပြိုင်တူနှိပ်ပြီး
ကိုယ်သွားသိမ်းမယ့်နေရာလေးကို ရွေးချယ်လိုက်ပါ။ ချမ်းမြေ့ကတော့ Testing အပိုင်းကို ပြတာဆိုတော့ Desktop ပေါ်မှာပဲ... လွယ်လွယ်သိမ်းလိုက်ပါတယ်။

၉။ မေ့နေလို့... ခုနက Ctrl+S ကိုနှိပ်လိုက်ရင် ပေါ်လာမယ့်မြင်ကွင်းကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။
 လေးထောင့်ကွက်ထဲက Image ဆိုတာလေးပဲနှိပ်ပေးလိုက်ပါ။




၁ဝ။ အခုလိုပေါ်လာရင်လည်း ဘာမှမပြင်နဲ့တော့နော်...
သူရဲ့ Default ( နဂို ) Setting အတိုင်းပဲထားပြီး OK သာပေးလိုက်ပါ။



၁၂။ ကဲနောက်ဆုံးအဆင့်ပါနော်... စာဖတ်မပျင်းသွားနဲ့နော်.... ဆက်ပြီးရှုစားတော်မူလိုက်ပါအုန်း... ချမ်းမြေ့နဲ့ အတူတူ မိတ်ဆွေတို့ဖန်တီးထားတဲ့ပုံလေး ရောက်ရှိလို့လာပါပြီခင်ဗျာ... :)
ရှုစားတော်မူလိုက်ကြပါအုန်း။




***** Downloaded က Rar ဖိုင်နဲ့တင်ပေးထားတာဆိုတော့ Rar ဖြည်ဖို့တော့မမေ့နဲ့ဦးနော်! *****


File Password - www.chanmyaemaung.net ( မမေ့ကျေးနော် ) ပြီးမှခဏခဏလာပြန်မမေးနဲ့နော် :p









( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

✿ Facebook Page Boost လုပ်နည်းလမ်းညွှန် (ရေးသားသူ- ချမ်းမြေ့မောင်) ✿


Faceboook Page Boost လုပ်ခြင်းအခြေခံ (ရေးသားသူ-ချမ်းမြေ့မောင်)

မင်္ဂလာပါ... ချစ်သူငယ်ချင်းတို့

ချမ်းမြေ့အခု ဝေမျှပေးမယ့် စာအုပ်လေးကတော့ Online စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသော

Bussiness Men များသာမက ပဲ... နည်းပညာချစ်သော... ညီအကိုများအတွက်

အချိန်မအားလပ်သည့်ကြားထဲကပင် ယခု Ebook လေးကို အစဉ်ပြေသလိုနားလည်လွယ်အောင်

ပုံနှင့်တစ်ကွ သေချာရှင်းပြပေးထားပါတယ်...။

အကိုတစ်ယောက်ကို နည်းလမ်းပြောပြရင်းနဲ့ Facebook မှာ Promote လုပ်နည်းအခြေခံကို ရေးဖြစ်သွားတာပါ။

အထဲမှာပါဝင်တဲ့ အကြောင်းအရာလေးကတော့ Boost လုပ်ရန်အတွက် အခြေခံ Payment System Method ထည့်သွင်းနည်းကို ဦးစားပေးရေးသားထားတာပါ...။

အဆိုပါ... Basic Concept လေးကို ဖတ်ရှုပြီးရင်တော့ Boost လုပ်ရာတွင် သဘောတရားများကိုနားလည်သွားမယ်လို့ယူဆမိပါတယ်...။

ထို့အတွက်ကြောင့် Download ရယူပြီး တစ်ချိန်ချိန်အသုံးဝင်လာမယ်လို့မျှော်လင့်မိတာကြောင့်

လိုအပ်သည်ဖြစ်စေ... မလိုအပ်သည်ဖြစ်စေ... Download ရယူဖို့ တိုက်တွန်းအပ်ပါတယ်...နော်...။

ယခု Ebook လေးကို လည်း လွပ်လပ်စွာမျှဝေနိုင်ပါသေးတယ်နော်...

အများဗဟုသုတရရှိစေနိုင်ရန်... Public ဖြင့် Sharing လုပ်ပေးပါရန်လို့လည်း... မေတ္တာရပ်ခံပါတယ်...။



Detail Information

***************

Book Name - Basic Facebook Page Promote Guide:

Author - CHAN MYAE MAUNG

File - Zip

File Password - www.chanmyaemaung.net

PDF Password - www.chanmyaemaung.net

Size - 8.9 MB

Thank for Downloading!



မည်သူမဆိုလွပ်လပ်စွာ မျှဝေနိုင်ပါတယ်...။






( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net





ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )









<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>