Showing posts with label ဖုန်း Hardware ဆိုင်ရာများ. Show all posts
Showing posts with label ဖုန်း Hardware ဆိုင်ရာများ. Show all posts

Hardwareနဲ့ပက်သက်ပီးကြည့်ရှုနိုင်မဲ့websiteလေးပါ

 Myanmar Credo Groupမှကြိုဆိုပါတယ်
ကျွန်တော်အခုတင်ပေးမဲ့ဆိုဒ်လေးကတော့
ဟက်ဝဲသမားတွေအတွက်အဆင်ပြေစေမဲ့ဆိုဒ်လေးပါ

Hardwareနဲ့ပက်သက်တဲ့ပုံ.apk

 င်္ဂလာပါMyanmar Credo Groupမှကြိုဆိုပါတယ်
အခုတင်ပေးမဲ့ဆော့ဝဲလေးကတော့
Hardwareနဲ့ပက်သက်တွေပုံလေးတွေကိုApplicationလေးလုပ်ထားတဲ့
ဆော့ဝဲလေးပါ
Hardwareနဲ့ပက်သက်တဲ့ပုံလေးတွေ203ပုံပါပါတယ်

Huawei U8650 Deadboot ကို GPGJTAG-pro Box နဲ့ ပြန်နှိုးနည်း




ကျွန်တော် U8650 Deadboot ကို GPGJTAG-pro Box နဲ့ ပြန်နှိုးတာလေးကို သာမန် User တွေ ဗဟုရအောင်ပိုစ့်လေးတစ်ခုအနေနဲ့ ပြန်တင်ပေးတာပါခင်ဗျာ
အရင်ဆုံး လိုအပ်တဲ့ Huawei_U8650_BOOT.bin ဖိုင်လေးကို ဒေါင်းရပါမယ် ဒါက အဲဖိုင်ဒေါင်းတဲ့ မူရင်းလင့်ပါ
ဒေါင်းပြီးရင် GPGJTAG-pro Box ကို PC နဲ့ ချိတ်ပြီး အောက်ပုံ မှာ ပြ ထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ရပါမယ်

MTK Device ဆိုတာ ???


 

MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး ဈေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။

အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊ Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။

MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ)
မှာအများဆုံးအသုံးပြုပါတယ်။

MTK processor သုံးထားတဲ့ လူသုံးများ android ဖုန်းတစ်ချို့ကတော့ i Mobile IQ2 , Galaxy S3 (Clone) , Star N9970 Galaxy S2 Clone , Smart THL W3 အစရှိတဲ့ တရုတ် Clone ဖုန်းများမှာအများဆုံးအသုံးပြုပါတယ်။

MTK Devices များဟာ Android version 4.0.4 မှစ၍ Android 4.1.2 အထိအသုံးပြုထားကြတဲ့ Android Clone ဖုန်းများမှာအသုံးပြုထားပါတယ်။

ဖုန်းHardwareကိုလေ့လာနေတဲ့သူများအတွက်Hardware Basic training course.apk



အခုကျွန်တော်တင်ပေးမယ့်ဆော့ဝဲလေးကHardwareသမားတွေအတွက်အရမ်းကို
ကောင်းပါတယ်ဟက်ဝဲသမားတိုင်းဆောင်ထားသင့်တဲ့ဆော့ဝဲလေးဆိုလည်းမမှားပါဘူး

Huawei U 8825 လိုင်းမတက်တာလေးပါ....


လုပ်လိုက်ရတာ ဟိုလိုလုပ်ဒီလိုလုပ် မရဘူး (အခြေခံသမားများသာပါ)                                                                                                   

နောက်ဆုံးတော့ ဒီကြိုးလေးကဖြစ်နေတာပါ   network socket နဲ့ကြိုးလေးကို ဖြုတ်ပြီး ဆေးပြန်တတ်လိုက်တာ ပါ  ...                                                 
Credit to All...
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote.blogspot.com/ 

Huawei U 8818 Power မနိုးနိုင်တာလေးပါ...


                               အခြေခံသမားများအတွက်သာပါ..

ပထမဆုံး power supply Box  နဲ့ 4 v လောက် ပေးကြည့်တော့ Amp က 2 လောက်ရောက်လိုက် ကျလိုက်ဖြစ်နေတာပါ အဲဒါနဲ့ Phone ကိုဖြုတ် ကြည့်ပြီး  နေရာတော်တော်များများ မှာ v တိုင်းကြည့်တော့လည်း v တွေက မငြိမ် ဖြစ်နေတာပါ နောက်ဆုံးမသင်ကာတာနဲ့ vibration motor လေးဖြုတ်လိုက်တော့ ကောင်းသွားပါတယ်  ( အခြေခံသမားများအတွက်သာပါ..)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
http://ourelectronicnote.blogspot.com/

ံHuawei G 520 display မရတာလေးပါ..



ပထမဆုံးအနေနဲ့တော့ Display socket စစ်ကြည့်ပါ နောက် screen ic နားက ပံ့ပိုးပစ္စည်းတွေစစ်ကြည့်ပါ v ရောက်မရောက်တိုင်းကြည့်ပါ  Display ကောင်းမကောင်းစစ်ကြည့်ပါ jumper လုပ်ကြည့်ချင်လုပ်ကြည့်ပါ (jumper ကတော့ circuit ပိုင်း dirgram သိမှ အဆင်ပြေမှာပါ တစ်လုံးနဲ့တစ်လုံးကလည်း တည်ဆောက်ပုံတွေက ကွဲပြားနေကျတော့ ခက်ပါတယ် )အဲဒါတွေမှမရရင်တော့ Touch screen IC လေးသာလဲလိုက်ပါတော့ ခင်ဗျာ(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
http://ourelectronicnote.blogspot.com/

Charger မ၀င် တာတို့ ကြောင်တာတို့...


N7000 (သို့) Glaxy note  လေးပါ အားသွင်းရင်လည်းမ၀င် လို့ပါ လမ်းကြောင်းတွေအရင် volt လိုက်ကြည့်ပါ components အရင်စစ်ကြည့်ပါ သူမှမရရင် jumper ကျ တော့လည်းအန္တရယ်များလှတယ် နောက်ဆုံး charger IC လေးလဲလိုက်ရင် ကောင်းသွားတတ်ပါတယ်...
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)

Huawei u8825 d power မနိုးတာလေးပါ...


အဲဒီဇီနာဒိုင်အုပ်လေးက ဗို့ကို ကန့်ပေးတာပါ သူ့ကိုဖြုတ်လိုက်တာပါ..အစက power supply box နဲ့ ချိတ်လိုက်ရင် v ကော amp ကော တက်လိုက်ကျလိုက်ဖြစ်နေတာပါ
Good သွားတယ်...
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


Huawei u8825 no power & safe mode error...


ပုံကအသေးစိတ်မရိုက်ထားလိုက်ရလို့ပါ .ရေထဲပြုတ် ကျလာတာပါ  power မတက်တာပါပထမ ဖြုတ်ပီးပေါင်းလိုက်ပါတယ် နောက် power supply box နဲ့ချိတ်ကြည့်တော့ v ကော amp ကတော့ စောင့်တက်လိုက် ကျသွားလိုက်ပါဘဲ အရင်တခါတုန်းကလို ဇီနာဒိုင်အုပ်က ဖြစ်နေမလားတိုင်းကြည့်တော့ ကောင်းနေပါတယ် ပံပိုးပစ္စည်းတွေလည်းတိုင်းနိုင်သလောက်တော့ကောင်း တာဘဲ ic တလုံးလုံးကထင်တော့တာပါ ic လို့မယူဆခင် နောက်တခါပြန် စစ်ကြည့်ပါတယ် သေသေချာချာကိုကြည့်လိုက်မှတွေ့ပါပြီ simcard အထိုင် က သံဖရိမ် လေးကအစသေးသေးလေးက +v ပတ်လမ်းနေရာလေးကို ကျိုးပြီး ထောက်နေတာပါ ဖယ်ပြီးတော့ ပြန်တတ်တော့ စက်ကလေးကတက်သွားပါပြီ တက်ပြန်တော့လည်း screen ဘယ်ဘက်အောက်ချေနေရာလေးမှာ safemode ဆိုပြီးပေါ်နေပြန်ရော ဒါနဲ့v+ power နှိပ်ကြည့်တော့လည်းfirmware ဘဲသူ့အလိုလိုတင်နေတာပါ v_ power fastmode ၀င်တော့လည်းပုံမှန်ပါဘဲ  firmware ပြန်ရေးကြည့်ပါတယ် မရပါဘူး safemode ကပေါ်နေတာပါဘဲ ဒါနဲ့ volume - ကြောင့်ဖြစ်တတ်တယ်ဆိုတဲ့ ရေးတာတွေတွေ့ဘူးတာနဲ့ volume - switch ကို တိုင်းကြည့်တော့ကောင်းနေပြန်ရော ဒါပေမယ့် တိုင်းရင်သာကောင်းတာ ပါ စက်ထဲတပ်လိုက်မှ အပူကြောင့်(သို့)လျှပ်စစ်စီးကြောင်းတွေကြောင့်လည်း အလုပ်သိပ်မလုပ်နိုင်တော့တာ ဖြစ်နိုင်တာကိုး နောက်ဆုံးဖြုတ်ဆေး ပီးပြန်တက်လိုက်တော့ အားလုံးပြန်ကောင်းသွားပါပြီ..(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


ံHuawei phone များ no power အတွက်ပါ...


1.power မနိုးလို့ battery စစ်ကြည့်ပါတယ် battery ကောင်းပါတယ်
2.power ခလုပ် ကောင်းမကောင်း စစ်ပါတယ်ကောင်းပါတယ်
3.power supply box နဲ့ချိတ်ကြည့်ပါတယ် ပုံမှာပြထားတဲ့ အတိုင်းပါ
4.ပေါင်းကြည့်ပါတယ် မရပါ
5.ပံ့ပိုးပစ္စည်းတွေ (C&R&D&CO)စစ်နိုင်သလောက်စစ်ကြည့်ပါတယ် ကောင်းတယ်လို့ယူဆပါတယ်
6.မျက်မြင်နဲ့စစ်ကြည့်ပါတယ် လျှော့ဖြစ်နေနိုင်တဲ့ သံတိုသံစ ကြေးတိုကြေးစ မတွေ့ပါ
7.I C တစ်လုံးလုံးကလို့ထင်လိုက်ပါပီ
8.ဘယ်IC လည်း လို့စစ်ဖို့ရာမလွယ်ပါ ဆက်စပ်နေတာကိုး
9.PA & EMMC& REG &.....
10.IC အရင် မလဲခင် တနည်းစမ်းကြည့်ပါတယ်
11.Portable power supply (5 v)ကဒ်လို့ မေးဝယ်ရင်ရပါတယ်
12.သူနဲ့ ချိတ်ပီး နိုးလိုက်တာ ကောင်းသွားပါတယ် (u8825&u8661&c8813d&c8500..)ရဘူးပါတယ်
13.Video file လေးကော ရိုက်ထားတာလေးကော တင်ပေးလိုက်ပါတယ် (သေချာရိုက်ထားတာမဟုတ်ပါ ကြုံကြိုက်သွားလို့အကိုက်ဖြစ်သွားတာပါ )
14.တကယ်တမ်းက တော့ ဘာမှမဟုတ်ပါ AMP ကောင်းတဲ့ အတွက် မမြင်နိုင်တဲ့ လျှော့ဖြစ်နေတာတွေ ပူးနေတာတွေ လွင့်သွားခြင်းပါ
(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


Y 220T N0 POWER...


ခလုပ်ကောင်းမကောင်းတိုင်းနည်းတွေတော့ မရေးတော့ပါဘူး ရေးပီးသားတွေ ရှိလို့ပါ ကြေးပြားလေးတွေ ကို သန့်ပေး လိုက်ပါ ခလုပ်ငုတ်လေးတွေ ကိုလည်းခဲဆော်လိုက်ပါ(ဘာမှတော့ မဟုတ်ပါဘူး အရင်ဆုံး စစ်သင့်တာ မစစ်ဘဲ ကျော်သွားမှာဆိုးလို့ပါ)


အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote.blogspot.com