Redmi Note 5 Proကို မကြာသေးမီက အိန္ဒိယဈေးကွက်မှာ မိတ်ဆက်

Redmi Note 5 Proကို မကြာသေးမီက ဈေးနှုန်းချိုသာစွာဖြင့်
အိန္ဒိယဈေးကွက်မှ မိတ်ဆက်ပေးလိုက်တဲ့ Xiaomiရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်ပါသည်။
Redmi Note 5 ProမှာScreenကို၅.၉၉-inchအသုံးပြုထားပြီး
Resolutionကိုတော့2160×1080 pixel IPS LCD
အသုံးပြုထားတဲ့အတွက် ရုပ်ထွက်လည်း ကြည်လင်ပြက်သားမှုရှိပါသည်။
Rear Cameraကို 12MPအသုံးပြုထားပြီး အနောက်ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။

အိန္ဒိယမော်ဒယ်ရဲ့ 20MP Front Camera ကို 13MP Camera နဲ့ လဲလှယ်ထားပါတယ်။
ဒါ့အပြင် Camera ရိုက်ရာတွင် ပိုမိုလျှင်မြန်စွာ Focus လုပ်ပေးနိုင်ဖို့အတွက်
Dual Pixel PDAF နည်းပညာကို ထည့်သွင်းပေးထားပါတယ်။
ကင်မရာများမှာ ဥာဏ်ရည်တုနည်းပညာ ထည့်သွင်းထားပြီး
Portrait Mode , Beauty Mode , Face Unlock များဟာ
ဥာဏ်ရည်တု နည်းပညာကြောင့် Cameraရိုက်ရာတွင် ပိုမို ကောင်းမွန်လာပါတယ်။


Battery Empireကိုတော့ 4000 mAh အသုံးပြုထားပါတယ်။
တရုတ်မှ မော်ဒယ်အသစ်မှာ Android 8.0 Oreo အခြေပြု MIUI 9 ထည့်သွင်းထားပြီး
 Project Treble ကို ထောက်ပံ့ပါတယ်။
အိန္ဒိယ မော်ဒယ်မှာ Android 7.1.1 Nougat သာ ပါပါတယ်။
မော်ဒယ်အသစ်ကို အနက်၊ အပြာ၊ ရွှေနဲ့ နှင်းဆီ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Ref.gsmarena

ရေသားသူ....ရေနီသားဖြိုးလေး