Showing posts with label Pattern Lock. Show all posts
Showing posts with label Pattern Lock. Show all posts

PATTERN / PIN LOCK အပြင် GMAIL ACCOUNT တွေကို ဖြည်ပေးမဲ့ ဆော့ဖ်ဝဲလ် (ROOT ONLY)


 

မိမိတို့ရဲ့ Android ဖုန်းတွေမှာ Pattern / Pin lock တွေအပြင် Google Accounts တွေတောင်းနေရင် ဘာမှစိတ်မပူပါနဲ့ 3 မိနစ် အတွင်းနဲ့ အပြီးဖြည်ပေးမည်။မည်သည့် Lock မျှ ဖုန်းကို မကျန်ရှိပါ။

ဒီ.exe file ကို Bat Group မှကို Zahtet Ni ရေးထားသော Software လေးဖြစ်ပါတယ်...။

 လိုအပ်သောလင့်ကို အောက်မှာ ဒေါင်းလော့ဆွဲပါ ...ဒေါင်းလို့ရတဲ့ rar ဖိုင်လေးထဲမှ Remove Pattern Lock & AllAccount .exe ဖိုင်ကိုRunလိုက်ပါ ။ ပြီးရင်တော့ မိမိ ဖုန်းက Root access ရှိဖို့လိုအပ်ပါတယ်ခင်ဗျာ...
ပီးရင်တော့ USB debugging ကို On ထားရပါမယ် ခင်ဗျာ .....
ဟုတ်ကဲ့ပါ အပေါ်က ပြောထားတာတွေ ဖုန်းမှာ အရန်သင့်ရှိနေပီဆိုရင်တော့ Pattern Lock ကို ကလစ်တချက်နှိပ်လိုက်ပါ သူ့အလိုလို Pattern Lock ကို ဖြည်ချပါလိမ့်မယ် ပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ် ခင်ဗျာ ....
ကဲ ...ပီးရင်တော့ ဖုန်းမှာ မည်သည့် Pattern & Pin Lock လုံးဝ(လုံးဝ) မရှိတော့ပါဘူးခင်ဗျာ....။

အကယ်လို့များ Pattern & Pin Lock အနှိပ်များပီ G Mail အကောင့်တောင်းလျှင်
 အောက်က All Account ကိုနှိပ်လိုက်ပါ .....

(မှတ်ချက် ++ All Account ကိုတော့ ကျွန်တော် မစမ်းကြည့်ရသေးပါခင်ဗျာ Pattern & Pin Lock ကို စမ်းပီးပါပီ :D )

Credit to: Bat Group မှ ကို Zahtet Ni
Click Here to Download


အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
 Download Link 1 Download Link 2 Download Link 3 Download
 အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Android Phone ကိုင်ဆောင်ထားသူတွေ အတွက် Pattern Lock ဖျက်တဲ့ Software



Android Phone ကိုင်ဆောင်ထားသူတွေ သိထားသင့် ရှိထားသင့်တဲ့ PC Software လေးတစ်ခု မျှဝေပေးချင်ပါတယ်ဗျာ။ ဘယ်လိုမျိုးအသုံးဝင်သလည်းဆိုရင် မိမိရဲ့ Phone ကို အခြားသူများဝင်မကြည့်နိုင်စေရန်အတွက် Pattern Lock ထားကြပါတယ်။ အဲဒီ Pattern Lock ကို မေ့သွားပြီဆိုရင်တော့ ဖုန်းထဲကိုဝင်လို့မရတော့ပါဘူး။ အဲဒီတော့ Pattern Lock မေ့တက်သူများအတွက် Pattern Lock ဖျက်တဲ့ Software လေကိုဝေမျှလိုက်ပါတယ်။ အဲဒီလိုဖျက်ခြင်းအားဖြင့် မိမိရဲ့ Personal Data တွေ တစ်ခုမှပျက်သွားမှာမဟုတ်ပါဘူး။
တစ်ခုတော့ရှိတယ်USB Debugging On ထားခဲ့ဖို့တော့လိုပါတယ်။ On မထားခဲ့မိပြန်ရင်လည်း
Pattern Lock ကိုဖျက်နိုင်မှာမဟုတ်ပါဘူး။ နောက်တခုက Root လုပ်ထားတဲ့
ဖုန်းများမှသာ Pattern Lock ကိုဖျက်နိုင်မှာဖြစ်ပါတယ်။Pattart Lock ဖြုတ်နည်းလေပြောပြပါ့မယ်။
အရင်ဆုံး Remove Pattern ကိုဒီလင့် mediafire ကနေဒေါင်းလိုက်ပါ။ ဖုန်းနဲ့ကွန်ပြူတာကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။ဒေါင်းလို့ရလာတဲ့Remove Pattern ဆိုတဲ့ ဖိုဒါထဲက Remove Pattern.bat File ကို Double Click နှိပ်လိုက်ပါ။Press any key to continue ဆိုတဲ့ စာတန်းလေးပေါ်လာရင်တော့ Enter ခေါက်ပေးပါ။ ဒါဆိုရင်တော့Mission ပြီးဆုံးသွားပါပြီ။ Pattern Lock ကကိုယ့်စိတ်ကြိုက် ပြန်ပြင်နိုင် ပါပြီ။အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး) 
 Download Link 1 Download Link 2 Download Link 3 Download
 အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

** ဘာခလုတ်မှ မနှိပ်ပဲ screen on/off နဲ့ Lock ပါ ပြန်ပွင့်နိုင်အောင် လုပ်နည်း ***




ဒီနည်းလမ်းကတော့ မိမိဖုန်းရဲ့ Screen lock ကို ခလုတ်မနှိပ်ပဲ ..
သူ့လိုလို lock ပြန်ဖွင့်အောင်/ပြန်ပိတ်နိုင်အောင် လုပ်ကြည့်ပါမယ်။ အမှန်တော့ ကျွန်တော် App နှစ်ခု သုံးပြီး လူလည်ကျခြင်းဖြစ်ပါတယ်။ Screen on/off လုပ်ပေးတဲ့ App တွေက Screen on/off ပဲ လုပ်ပေးနိုင်ပါတယ်။ Lock ဖွင့်တဲ့အထိတော့
မလုပ်ပေးပါဘူး။ မှောင်ရာကနေ လင်းလာအောင်ထိပဲ လုပ်ဆောင်နိုင်ပါတယ်။ အခု ကျွန်တော် ပြောမယ့်နည်းလမ်းကတော့
မှောင်ရာကနေလဲ လင်းလာမယ်။ နောက် လင်းလာတဲ့အခါ screen ကို ထိစရာမလိုပဲ lock ပွင့်သွားအောင် လုပ်နိုင်ပါတယ်။
နောက် lock ပြန်ပိတ်ချင်တဲ့အခါမှာလဲ ခလုတ်မနှိပ် မှန်ပြင်ကိုမထိပဲ
lock ကျသွားအောင် လုပ်ပါမယ်။ ဖုန်းအားလုံးတွင် အဆင်ပြေ မပြေတော့ ..
ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော် S3 နဲ့ စမ်းသပ်ပြီး အဆင်ပြေသွားလို့တင်ပေးလိုက်တာဖြစ်ပါတယ်။

Magic unlock - ပုံ(၁)
ပထမဆုံး ထည့်ရမည့် App ကတော့ Magic unlock ဖြစ်ပါတယ်။ ဒီဟာလေးက သင့်ရဲ့ဖုန်းကို Lock ပြန်ဖွင့်ပေးနိုင်ပါတယ်။ screen on တော့ မရပါဘူး။ screen on ပြီးတဲ့အခါ lock ဖွင့်ရာတွင် အသုံးပြုဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ Proximity sensor ကို အသုံးပြီး lock ပြန်ဖွင့်နိုင်ပါတယ်။ Magic unlock ကို install လုပ်ပြီးတာနဲ့ service ကို on လိုက်ရုံပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဖုန်းကို screen on နေတဲ့အချိန် sceen ကို ထိစရာမလိုပဲ lock ဖွင့်နိုင်သွားပါပြီ။ ဒါပေမဲ့ screen on ကိုလဲ ခလုတ်နှိပ်စရာမလိုပဲ လုပ်ဆောင်နိုင်ဖို့အတွက် နောက်ထပ် App တစ်ခုကို အသုံးပြုရပါမယ်။


Proximity Screen off Pro - ပုံ(၂)
ဒီကောင်လေးကတော့ မိမိဖုန်းကို ခလုတ်နှိပ်စရာမလိုပဲ screen on/off
လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ screen off (lock) လုပ်ချင်တဲ့အခါ ..
ဖုန်းမှန်ပြင်ပေါ်ရှိ Proximity Sensor ပေါ်သို့ လက်ဝှေ့ယမ်းလိုက်တာနဲ့
သူ့လိုလို ပိတ်သွားပါမယ်။ screen on ချင်တဲ့အခါ လက်ဝှေ့ယမ်းလိုက်ရင်
screen ပြန်လင်းလာပါမယ်။ သို့သော် lock ကိုတော့ မဖွင့်ပေးနိုင်ပါဘူး။

ဒီတော့ ကျွန်တော် ဘယ်လို လူလည်ကြမလဲဆိုတာ ဘော်ဒါတို့ ..
သဘောပေါက်နေလောက်ပါပြီ။ Magic unlock နဲ့ Proximity Screen off ..
နှစ်မျိုးစလုံးကို အသုံးပြုလိုက်မယ်ဆိုရင် မိမိဖုန်းကို ခလုတ်မနှိပ်ပဲ ..
screen on/off လဲ လုပ်နိုင်သွားမယ်။ screen on နေတဲ့အချိန်မှာလဲ ..
Magic unlock နဲ့ lock ကိုပါ ခလုတ်မနှိပ်ပဲ ပြန်ဖွင့်နိုင်သွားမယ်။
နားလည်မယ်လို့ထင်ပါတယ်။ ဟဲဟဲ ဘာရမလဲ လူလည်ကျကြည့်တာပါ။

တစ်ခုသတိပေးချင်တာက Proximity Screen off ကို အသုံးပြုတဲ့အခါ ..
ဖုန်းကို screen on (သို့) off လုပ်ရာတွင် Promixity Sensor ပေါ်သို့ ..
လက်တစ်ကြိမ် ဝှေ့ယမ်းမလား ၊ နှစ်ကြိမ် ဝှေ့ယမ်းမလား စသဖြင့် ..
setting ချိန်ပေးလို့ရပါတယ်။ screen off options ဆိုတာကို နှိပ်ပြီး
setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ အဖွင့်ရော အပိတ်ရော တစ်ကြိမ်ပဲ
ဝှေ့ယမ်းမယ်လို့သတ်မှတ်ပေးထားရင် Magic unlock နဲ့ သွားငြိကာ
screen lock ဖွင့်ပြီးရင် အလိုလို ပြန်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် ..
Proximity Screen off ရဲ့ setting ထဲမှာ screen on ကို လက်တစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးပြီး screen off ကိုတော့ နှစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးရပါမယ်။ ဒါမှ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ပေးပြီးရင်တော့ Start Service ကို နှိပ်ပေးရင် စလုပ်ပါပြီ။ Proximity screen off setting ချိန်နည်းကို ပုံ(၃) နှင့် ပုံ(၄) ထဲက အတိုင်း ပြုလုပ်ပေးပါ။

နိဂုံးချုပ်ပြောရရင်တော့ မိမိဖုန်း မှန်ပြင်ပေါ်ကို လက်နှစ်ကြိမ် ဝှေ့ယမ်းတဲ့အခါ ဖုန်းက lock ကျပြီး ပိတ်သွားပါမယ်။ ပြန်ဖွင့်ချင်တဲ့အခါ ပထမဆုံး တစ်ကြိမ်ဝှေ့ယမ်းပါ။
screen on သွားပါမယ်။ နောက်တစ်ကြိမ် ထပ်ပြီး ဝှေ့ယမ်းမယ်ဆိုရင်တော့ lock ပါ ပွင့်သွားပါမယ်။ အရမ်း အဆင်ပြေသွားပြီနော်။ ဖုန်းခလုတ်လဲ မနာတော့ဘူး။ လက်ဝှေ့ယမ်းရုံနဲ့ screen on/off နဲ့ lock ကိုပါ တစ်ခါတည်း အသုံးပြုနိုင်တော့ အတော်လေး လန်းသွားပါတယ်။ အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ရေးပြလိုက်တာပဲ။
အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းကြည့်ကြဗျာ။ ကျွန်တော်တော့ ကိုယ့်ဘာသာ လူလည်ကြပြီး အပျော်ကြီး ပျော်နေပါတယ်

download -Magic unlock -

download -Proximity screen off -
အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး) 
 Download Link 1 Download Link 2 Download Link 3 Download 
အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်း








Android ဖုန်းမှာ Pattern Lock မေ့သွားသူများအတွက် Pattern Lock ဖြုတ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ Android ဖုန်း/Tablet တိုင်းကို ဒီနည်းလေးနဲ့ Pattern Lock ဖြုတ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းမှာ USB Debugging on ထားခဲ့ဖို့တော့လိုအပ်ပါတယ်။ USB Debugging on မထားခဲ့ဘူးဆိုရင်တော့ ဒီနည်းလမ်းကိုအသုံးပြုလို့မရပါဘူး ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။

အရင်ဆုံး ကွန်ပျူတာက ကိုယ့်ဖုန်းကို သိစေဖို့အတွက် ကွန်ပျူတာထဲမှာ Phone Driver သွင်းထားရပါမယ်။ ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ Driver ကိုအောက်က link မှာရယူပါ။

Mobile Driver အားရယူရန်

Driver ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။

Pattern Lock ဖြုတ်ဖို့အတွက်လိုအပ်တဲ့ tool လေးဖြစ်တဲ့ Shaume Root v1.1.6 ကိုအောက်က link မှာရယူပါ။


Download Here:
Mirror link:  Shuame Root v1.1.6 အားရယူရန်

ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.1.6 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။



အောက်ပါအတိုင်းပေါ်လာပါမယ်။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။



အောက်ပုံထဲကအတိုင်းပေါ်လာရင် ပုံထဲက စက်ဝိုင်းအနီပြထားတဲ့ခလုတ်ကိုနှိပ်ပါ။


နောက်တစ်ဆင့်ထပ်ပေါ်လာရင်လည်း ပုံထဲမှာပြထားတဲ့အတိုင်း စက်ဝိုင်းအနီပြထားတဲ့ခလုတ်ကိုနှိပ်ပါ။


ပြီးရင် ဖုန်းမှာ မိမိကြိုက်နှစ်သက်ရာ Patten Lock ပုံစံကို ဆွဲလိုက်ပါ။ (ဆွဲလိုက်တဲ့ပုံစံကိုတော့မှတ်ထားနော်) ဒါဆိုရင် Pattern Lock က အရင်တုန်းက မေ့နေတဲ့ pattern lock မဟုတ်တော့ဘဲ အခုစိတ်ကြိုက်ဆွဲလိုက်တဲ့ Pattern Lock ပုံစံဖြစ်သွားပါပြီ။ အဲဒီ Pattern Lock အတိုင်းဝင်လို့ရသွားပါပြီ။ တကယ်လို့ Pattern Lock မထားချင်တော့ဘူးဆိုရင်လည်း Setting ထဲကနေ ပြန်သွားဖြုတ်လိုက်ရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။


အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး) 
 Download Link 1 Download Link 2 Download Link 3 Download 
အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Pattern Unlock tool (Beta) for Root android devices



Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့

အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို

လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး

လိုက်ပါတော့တယ်။

Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။

ဒီ tool လေးက ခက်ခက်ခဲခဲ သုံးစရာတော့ ဘာမှမရှိပါဘူး ဖုန်းက root access ရှိရမယ် Debugging on

ထားရမယ်။ ဖုန်းကို ကွန်ပြူတာနဲ့ ချိပ်ပြီး Check Device နှိပ်လိုက်ရင် ရပြီ ကိုယ့်ဖုန်းက root access ရှိ
ရဲ့သားနဲ့ (Yes) or (No) မေးလာရင် Yes ကိုနှိပ်လိုက်ပါ။

Delete pattern ကိုနှိပ်လိုက်လို့ 100% ရောက်ပြီး Thanks you ပေါ်လာရင် reboot ကျတဲ့
အထိ စောင့်ပါ။

သူငယ်ချင်းများ စမ်းပြီး comment လေးတွေပေးကြပါအုန်း ။ ။
 
                                                   DOWNLOAD HERE

အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
 Download Link 1 Download Link 2 Download Link 3 Download 
အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Pattern Lock မေ့နေသူများအတွက် Factory Reset မချဘဲ Pattern Lock ဖြုတ်နည်း





ပို့စ်ရေးသားသူ- ကိုစိုးဝင်း (Mobile Star)

About The Author- မိုဘိုင်းဖုန်းအသုံးပြုသူများနဲ့ ဆော့ဝဲဆားဗစ်လုပ်ကိုင်နေသူများ အစဉ်ပြေစေဖို့ အလို့ ငှာ ယခု ပို့စ်ကိုရေးသားထားသူ ကိုစိုးဝင်းမှ Pattern Lock Remove Post ကို Myanmar Mobiel Application Store တွင်တင်လိုက်သည်။
ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် Pattern Lock ကျနေသောဖုန်းသည် Root လုပ်ထားသောဖုန်းဖြစ်ရမည် ။ USB Debugging On ထားခဲ့သောဖုန်းဖြစ်ရမည်။
အဲဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ အောက်ကအဆင့်တွေဆက်လုပ်ကြရအောင်။

အရင်ဆုံး ဒါလေး အရင်ဒေါင်းပါ – Download Here

ဒေါင်းပြီးရင်တော့ သင့်တော်ရာနေရာမှာ ဖြည်ထုတ်ပါ .

ဖြည်ထုတ်လို့ ပြီးတဲ့ Folder ထဲဝင်ပြီး လွတ်တဲ့တစ်နေရာရာမှာ SHIFT + RIGHT-CLICK နှိပ်ပြီး ၊ Open Command Window Here ဆိုတဲ့စာသားကို ရွေးပြီး Click လိုက်ပါ

Command Window တက်လာပါလိမ့်မယ် .

နောက်တစ်ဆင့်တက်မယ် .

Pattern Lock ကျနေတဲ့ ဖုန်းကို ပါဝါဖွင့်လျက်ထားပြီး ကွန်ပျုတာနဲ့ ချိတ်ဆက်လိုက်ပါ .

အောက်မှာပေးထားတဲ့ command တွေကို copy ကူးပြီး Command Window ထဲမှာ Paste လုပ်ပါ . ပြီးရင် Enter ခေါက်ပေးပါ

adb shell
cd /data/data/com.android.providers.settings/databases
sqlite3 settings.db
update system set value=0 where name=’lock_pattern_autolock’;
update system set value=0 where name=’lockscreen.lockedoutpermanently’;
.quit

အဲဒါပြီးရင်တော့ စက်ကို Reboot လုပ်လိုက်ပါ .

စက်ပြန်တက်လာအောင်စောင့်ပေးပါ . တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Pattern Lock က မပြုတ်ပဲ ကျန်နေပါလိမ့်ဦးမယ် . အဲဒီအတွက် နောက်ထပ် Command တစ်ကြောင်းထပ်ရိုက်ပေးရပါဦးမယ်

အောက်မှာပေးထားတဲ့ စာကြောင်း ရိုက်ပြီးသွားရင်တော့ စက်ကို reboot လုပ်စရာမလိုတော့ပါ .
adb shell rm /data/system/gesture.key


သင့် ဖုန်းရဲ့ Pattern Lock ကို စိတ်ထင်သလို ဆွဲကြည့်ပါ ။ Pattern Lock ပြုတ်သွားပြီကိုတွေ့ရပါမယ်။


 ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး) 
 Download Link 1 Download Link 2 Download Link 3 Download 
အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Samsung Lock Reset Tool

Samsung Lock Reset Tool

 Samsung Android Devices တွေအတွက် Pattern Lock , Password , Gmail စ,တွာကို Root မလို  Debug On မလို , Data တွေ ဆုံးရှုံး စရာမလိုပဲ အလွယ်တကူဖြုတ်ပစ်နိုင်တဲ့ Tool လေးပါ... အားလုံးအတွက် အသုံးဝင်မယ်ထငပါတယ်...။ Android Version 2.xx ကနေ 4.xx ထိ အလုပ်လုပ်ပါတယ်.. 
တကယ်လို့ ဒီ Tool လေးကို ကွန်ပျူတာမှာ Run မရဖြစ်နေရင် စက်မှာတင်ထားတဲ့ Antivirus ကို ခဏပိတ်ပေးပြီးမှ Run ပါ...။

One Click Pattern Crack No Root Required - No Usb Debug Needed !!!
One Click Password Reset No Root Required - No Usb Debug Needed !!!
One Click Pin Reset No Root Required - No Usb Debug Needed !!!
 
All Without User Data Loss

This was test made on Samsung Galaxy y
should work on all samsung models 
 
Supports 
Android 2.x.x (Tested some Models)
Android 4.x.x (Tested Some Models)
 
How to Work ?
 
Go to Settings
Select Modem Port
and do job
 
Test and Report
 
Note : If exe not works properly just disable your antivirus and open again.

Credit XDA