Showing posts with label ဗဟုတုတဆိုင်ရာ. Show all posts
Showing posts with label ဗဟုတုတဆိုင်ရာ. Show all posts

.I.T.C (PAKOKKU)


                                            




 မင်္ဂလာပါ...
  စက်မှုသင်တန်းကျောင်း (ပခုက္ကူ )  အမှတ်စဉ် (၂ ) သင်တန်း တနေ့တာလှုပ်ရှားမှု မှတ်တမ်း
 Vdeo ဖိုင်လေးပါ YouTube မှာ ကျန်တော် (၂ ) ပိုင်းခွဲပြီးတင်ပေးထားပါတယ် 
လိုချင်တဲ့ သူငယ်ချင်းများ ဒေါင်းလို့ရပါပြီ  အဆင်ပြေပါစေ  



                                                                         ဗိုလ်လှိုင်း (ဆိပ်ဖြူ)



                                                                        
                                     

အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???


Android ဖုန်းအကြောင်း



Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.oasisfeng.greenify
Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။








အဆင်ပြေပါစေ…….
Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com


Android ဖုန်းရဲ့ Setting ပိုင်းကို မြန်လို ရေးကြမယ်

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ
 အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။
Java ကို computer မှာ install လုပ်ပြီးရင် Adb
ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး
 Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး
 အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက
အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို
 ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို 
C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်း
အမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင်
 Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။
၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက
 System>app ထဲက setting.apk နဲ့ System>
framework ထဲက framework-res.apk ကို
copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ
။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other
 ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့
 framwork-res.apk ဖိုင်ကိုအဲဒီ other
ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့
ဒုတိယ Setup.bat ကို run ပါ။




၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။
 Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။
 ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင်
option 3 ကိုရွေးပါ။  Press any key to continue
လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen
 နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။
(ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင်
 နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့   
setting.apk ကို ” place-apk-here-for-modding
လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။




၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့
 Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter
 ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk
ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို
ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ်
(Minimized လုပ်ပြီး) စောစောက Apk Multi-tools
ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။
အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ 
( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာ
ဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်း
ထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory 
ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင်
 ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် 
လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် 
Apk Multi-tool software က handle 
လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့
လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့
software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။
 Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်
ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ”
 place-apk-here-for-modding ” ဆိုတဲ့
ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့
ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project
  ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက
 res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး
အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး
 Note++ ကိုရွေးပေးပါ။ (Note++ software အား
Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့
 စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့
အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search
ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab
 လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့
 စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ
အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ
 Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို
ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။





၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို
 ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့
 နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။
 လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။ 
ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက
wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင်
 Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string>
လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာ
အစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့
 နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က
wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့
အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့
 နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာ
အစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက်
Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား
 ရောက်ရင် replace ဆိုတာကို နှိပ်ပါ။
(အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။
Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ
page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး
 ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။
(စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။
Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး
အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး
 Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ softwareကိုပြန်ဖွင့်ပြီး
option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင်
 မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision
ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး
place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး
System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_
ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip
 လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install
မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app
ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး
 ဖုန်းကို reboot ချလိုက်လဲရပါတယ်။
၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software
ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို
 Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app
 ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက
 setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို
အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။
 Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့
zip ဖိုင်ကို sd card ထဲထည့် CWM recovery
နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို
overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို
app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို
အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့
Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့
အဆင့် 1 ကနေ 5 အတိုင်း framework-res.apk
 အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ
တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။


credit  MMAS



အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/



Network မှ တစ်ဆင့် ကွန်ပျူတာကို window တင်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....
network ကနေ window ဘယ်လိုတင်မလဲ
ဆိုတာလာမေးနေလို့ တင်နည်းကို
ပြောပြပေးလိုက်ပါတယ်


 Client Computer တွေသို့  Network
 ပေါ်ကတဆင့် Windows OS Installation
လုပ်တဲ့ပုံစံကို မိတ်ဆွေများ အင်းမသိသေးသူများပေါ့လေ
သိရလေအောင် Remote Installation Services အကြောင်းကို
 ပြောပေးပါမယ်

RIS Requirements

* Windows 2003 or 2000 Server
* Remote Installation Services Component
* Windows XP Professional CD
* Active Directory
* DHCP
* PXE Client တို့ ဖြစ်ကြပါသည်။
အထက်က လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင်တော့
RIS လုပ်ငန်း စတင်လို့ ရပါပြီ။

Windows Server 2003 or 2000 တွင်ပြုလုပ်ရန်။

ပထမဦးဆုံး Remote Installation Services ဆိုတဲ့
 Windows Component တစ်ခုကို
ထည့်သွင်းပေးရပါမယ်
 ဒီလို ထည့်သွင်းလို့ ရဖို့ အတွက် Server
2003 CD or Server 2000CD ခွေကို
 ကြိုထည့် ထားဖို့ လိုအပ်ပါသည်။လုပ်တဲ့
ပုံစံကတော့  - Start>>>Control Panel
>>>Add or Remove Programs အဲဒီထဲကမှ
Add/Remove Windows Components ကိုရွေးပါ။
 Windows Components Wizard Box လာပါမယ်
Your browser may not support display
of this image.  အဲဒီထဲကမှ Remote
Installation Services ကိုအမှန်ခြစ်ပေးပါ။
 Next ကိုနှိပ်ပါ။ Remote Installation
Services ကို Install လုပ်ပေးနေလိမ့်မယ် ပြီးရင်
Complete Wizard Box ကျလာပါမည်။ Finish
မှာနှိပ်ပါ။ ဒါဆိုလျှင် Remote Installation
Services ကို Install လုပ်တာ ပြီးဆုံးသွားပါပြီ။

ကျွန်တော့်တို့ အခု server 2003 မှာ
Remote Installation Services component
ကို ထည့်သွင်းပြီးပြီဖြစ်သဖြင့် RIS လုပ်ငန်းကို
စတင်လို့ ရပါပြီ။ စတင်အသုံးပြုပုံကတော့ -
Start>>>run box ထဲမှာ risetup ရိုက်ပြီး
 Enter ခေါက်ပါ။ RIS Setup Wizard box
 ကျလာပါမယ်
Your browser may not support display
of this image. RIS Welcome Screen တွင်
RIS installation အပိုင်းပြီးမြောက်ဖို့ အတွက်
 လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။ ပြီးလျှင်
 Next မှာနှိပ်ပါ။
Your browser may not support display
of this image.

ဒီအဆင့်လေးကတော့ ကိုယ့် server ၏
C: Drive မဟုတ်တဲ့။ တခြား Drive letter
D:, E:, စသည့်အပိုင်းတွင် Remoteinstall
 နှင့်ပတ်သက်သော လုပ်ငန်းစဉ်များ သိမ်းဖို့ 
အတွက်နေရာ သတ်မှတ်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။
ထိုသို့ သတ်မှတ်ချင်ပါက Browse တွင်နှိပ်၍
သတ်မှတ်နိုင်ပါသည်။ Next မှာနှိပ်ပါ။

Your browser may not support
display of this image.

ဒီအဆင့်ကတော့ အခုဖန်တီးထားတဲ့ RIS ကို
Client သို့ ချက်ခြင်းထောက်ပံမှု ပေးမည်၊
မပေးမည်ကို ရွေးချယ်သည့်အပိုင်းပါ။
Next မှာနှိပ်ပါ။
Your browser may not support
 display of this image.

ဒီအဆင့်ကတော့ Client မှာ အသုံးပြုမည့်
Windows ခွေရဲ့ လမ်းကြောင်းကို ရွေးခိုင်းတာပါ။
အဓိက ကတော့ Windows CD ထဲက i386 folder
ကို Copy ကူးယူသွားတာပါ။ win xp CD ရှိတဲ့
လမ်းကြောင်းကို ပေးပြီးပြီဆိုလျှင် Next မှာ နှိပ်ပါ။
Your browser may not support
display of this image.

ဒါကတော့ ကိုယ်ဖန်တီးလိုက်တဲ့ Image အတွက်
နာမည်လေးပေးလိုက်တာပါ။ Next မှာနှိပ်ပါ။
Your browser may not support
display of this image.

ဒီအဆင့်ကတော့ windows image ၏
Descripiton Name ပေးတဲ့နေရာပါ။
Next မှာနှိပ်ပါ။
Your browser may not support
display of this image.

ဒီအဆင့်ကတော့နောက်ဆုံး ပြီးဆုံးသွားတဲ့
အဆင့်ပါ။ Finish မှာနှိပ်ပါ

Your browser may not support
display of this image.

ဒါကတော့ရှေ့ မှာချခဲ့တဲ့ settings အတိုင်း
Install လုပ်နေတာပါ။
Your browser may not support
 display of this image.

အခုဆိုရင်တော့ ကျွန်တော်တို့ ၏ Remote
Installation Services Setup Wizard ကနေ
 လိုအပ်တာလေးတွေကို remoteinstall folder
ဖွဲ့ ပြီး ဖန်တီးခြင်းအဆင့်ပြီးဆုံးလို့ သွားပါပြီ။
Done မှာနှိပ်လိုက်ပါ။


အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/



ဖုန်းများအတွက် Internet Setting ချိန်နည်း.


အားလုံးပဲ မင်္ဂလာပါခင်ဗျာ……
ကျွန်တော် ဒီတစ်တင်ပေးချင်တဲ့ ပို့စ်လေးကတော့   
ဖုန်းတွေမှာ Internet setting ချိန်နည်းကို ပြောပြေပေး
မှာဖြစ်ပါတယ်….အခုထွက် တဲ့ ဖုန်းတွေများ
 Internet setting ပါတယ်ဆိုပေမယ့်  တစ်ချို့ 
ဖုန်းတွေမှာ ဖျက်မိတာမျိုး လိုင်းမတက်တာမျိုး
 ဖြစ်တတ်ပါတယ် …Ooredoo ကတော့ အဆင်ပြေပေမယ့်   
 Telenor တွေအတွက်ကတော့( ကိုယ်တွေ့)
 internet setting ရောက်လာပေမယ့် လိုင်းမတက်တာ
 ကြုံဖူးကြမှာပါ… Ok….စကြရအောင်….

GSM/WCDMA            သမားတွေအတွက် ….
Name             ------------------    Mpt
Apn                  ------------------  mptnet
ကျန်တာ ဒီအတိုင်းထားသွားလိုက်ပါ…..
Authentication Type -----------------      PAP or CHAP
Save and on

CDMA  (0973…….)    သမားများအတွက်
Name              ------------------  ကြိုက်ရာပေးပါ
APN                ------------------  #777
User Name     ------------------  user@c800.m         
အဲ့ဒီမှာ ကျွန်တော် တစ်ခုပြောချင်တာလေးတော့
 @c800.m ကအသေရေးရမှာဖြစ်ပြီး ရှေ့က user
နေရာမှာတော့ ကိုယ်ကြိုက်တာပေးလို့ရပါတယ်…
Password        ----------------    ကြိုက်ရာ
ကျန်တာဒီတိုင်းထားပါ..
Authentication type  --------     PAP or CHAP
Prompt Password    --------     #777

MEC ( C 800)              သမားများအတွက်
Name              ------------------  ကြိုက်ရာပေးပါ
APN                ------------------  #777
User Name     ------------------  card
Password        ----------------    card
ကျန်တာဒီတိုင်းထားပါ..
Authentication type  --------     PAP or CHAP
Prompt Password    --------     #777

Telenor & Ooredoo သမားများအတွက်
Setting မရပါက ထည့်နည်း
Name              ----------------    ကြိုက်ရာ
APN                ----------------    internet    
APN မှာ ကြိုက်တာထည့်လို့ရပေမယ့် internet
ထည့်တာကတော့ သူတို့ တရားဝင်အသိအမှတ်ပြုထားတဲ့
Setting မို့လို့ လိုင်းပိုကောင်းမှာပါ…..
Authentication Type    -----      PAP or CHAP

ကဲအားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…
Min Oke Kar (နည်းပညာ မှတ်စု)



Playstore က apk တွေ PC ထဲကို တိုက်ရိုက်ဒေါင်းယူနညှ်း With PDF

အားလုံးပဲ မင်္ဂလာပါခင်ဗျာ....................................
ဒီနေ့တော့ သား Apk တွေ မရှဲတော့ဘဲ
နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုတုတအကြောင်း
နည်းနည်းပြောပြချင်တယ်ဗျာသိတဲ့လူတွေ
ကတော့ ကျော်သွားလိုက်ပေါ့
သားကလည်း သိနေတဲ့ တတ်နေတဲ့
သူမဟုတ်ပါဘူး.........ကိုယ်သိချင်နေတဲ့
အရာကို စူးစမ်းရှာဖွေရင်းကသိသွားတဲ့
အခါ ပြန်လည်ဝေမျှတဲ့သဘောပါပဲ
ဘာလဲဆိုတော့ အဲ အပေါ်က Header  အတိုင်းပါပဲ
ကဲလေကြောနည်းနည်းရှည်သွာပြီး
စလိုက်ကြရအောင်ပထမဦးဆုံး သားတို့
 Play Store ထဲကို အရင်
ဝင်ထားရပါမယ်။ ပြီးရင် Google မှာ
apk downloader လိုရိုက်ပြီးရှာလိုက်


ပြီးရင် အမည်းနဲ့ဝိုင်းပြထားတဲ့ နေရာကနေ၀င်လိုက်ပါ



ပြီးရင်  Box တစ်ခုကျလာမယ် ဘာမှမလုပ်နဲ့အုံး
playstore ထဲကို ပြန်သွား အောက်ပုံအတိုင်း
ကိုယ်လိုချင်တဲ့ apkပေါ်မှာ right Click ထောက်ပြီး
Copy Link Location ဆိုတာလေးကို နှိပ်


ပြီးရင် apk downloader box ထဲကိုပြန်သွား
ရောက်ရင် အဲ့ Box ထဲမှာ ခုနက ကူလာတဲ့
apk Link ကို paste လုပ်လိုက်


ပြီးရင် Generate Download Link ကိုနှိပ်
အဲ့မှာ အောက်ကပုံအတိုင်း ပေါ်လာမယ်




ကိုယ်ဒေါင်းချင်တဲ့ apk ဟုတ်မဟုတ် ကြည့်
ဟုတ်ရင်တော့ Click Here to Download
ပေါ့ဗျာ .................

သားရေးထားတာတွေကို PDF. အနေနဲ့ ဒေါင်းပြီး Offline ဖတ်ချင်ပါက အောက်မှာ PDf နဲ့ ထုပ်ထားပေးပါတယ်..
ဖိုင်ဆိုဒ်ကလည်း မကြီးတာမို့ ဒေါင်းထားစေလိုပါတယ်ခင် ဗျာ.............


How To Download Apk From Playstore in PC.pdf

Solidfiles      ,     
Zippyshare   ,   
Speedshare



အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................



အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)

အင်တာနက် အဆ မြန်အောင် လုပ်နည်း



၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။

၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။






အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................




အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)

ကိုယ့်​ဖုန်းကိုအခြားသူ​ခေါ်ရင်​ သီချင်း​လေး​တွေထည့်​နည်း(ဆြာတွေကျော်သွားလိုက်ပါနော်)ခိ



အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
သားလည်း အခုတလောရွာပြန်သွားလို့ 
Post တွေတောင် မတင်နိုင်တော့ဘူး
အခုမှ ပြန်ရောက်လို့ post တွေ
စတင်ပါတော့မယ်။သားမရှိတုန်း
သားဆိုဒ်မှာ post တွေ တင်ပေးနေကြတဲ့
ညီအကို တွေကိုလည်း ကျေးဇူးအထူးပဲ
တင်ပါတယ်ခင်ဗျာ............
ဒါလေးကတော့ အားလုံးသိပြီးသား
ဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာ
ကိုယ့်​ဖုန်းကိုအခြားသူ​ခေါ်ရင်
သီချင်း​လေး​တွေထည့်​ချင်တဲ့
ဘော်ဘော်တွေအတွက် 
ထည့်နည်းလေးတင်ပေးလိုက်ပါတယ်
(2)နည်းပါ..........
တစ်နည်းက Servive ပိုင်းကနေပါ
တစ်နည်းက apk ကနေပေါ့
 
(1)
1772 ကို Massage ပို့ပြီး Register
လုပ်ရပါမယ်ပြီးရင်  စာသားကတော့
reg လို့ရေးပေးရပါမည်။
1772 ကနေ Massage ပြန်ပိ
လာရင်တော့ register လုပ်တာ
အောင်မြင်သွားပြီပေါ့ဗျာ
ပြီးတော့ သီချင်းဝယ်ရပါမည်
ကိုယ်ဝယ်လိုသည့် သီချင်းကို
012399994 ကို ဖုန်းဆက်ပြီး
သီချင်းယ်လိုကြောင်း ပြောရပါမယ်
ပြီးတော့ ကိုယ်လိုချင်တဲ့
သီချင်းရဲ့ကုဒ်ကိုသေချာမှတ်ပြီး    
1772 သို့ buy 000000......
လို့ ပို့ပေးပြီးရင်တော့ ပြီးပါပြီ 
OK
 
 (or)
 
(2) 
နောက်နည်းကတော့ သိပ်ထွေထူး
ပြောစရာမလိုဘူးထင်ပါတယ်
apk ဆိုတော့လေ
သူပြောတဲ့ အတိုင်းလိုက်လုပ်သွား
င်ရပါပြီခင်ဗျာ
 
  
  
 
     
 
Download : (443)kB
Solidfiles
Zippyshare
Speedshare 


အဆင်ပြေပါစေ............... 
Minokekar (ဘီလူးကျွန်းသားလေး)

Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်


    


အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)