coolpad firmware 8076D 7295C တင်နည်း


မင်္ဂလာပါ သူငယ်ချင်းတို့ရေ ကျွန်တော်လဲနည်းပညာတွေ မတင်တာအတော်ကို ကြာနေပြီနော်
ကျွန်တော်ကိုလဲ မေ့နေလောက်ရော့ပေါ့ ဒါပေမယ့် တစ်ချို့သူငယ်ချင်းတွေကတော့ မမေ့ကြသေးဘူး
ကျွန်တော်ဆီဖုန်းဆက်ပြီး အကူညီတောင်းနေကြတုန်းပါပဲ ဒီနေ့တော့ လိုင်းတွေအရန်းကောင်းနေတယ်ဗျ
လိုင်းကောင်းတုန်းလေ ကျန်တော်ဆီမေးထားတာလေးတွေ အနည်းငယ်လေးတင်ပေးလိုက်ပါတယ်
ညီတစ်ယောက်မေးထားလို့ပါ  coolpad 8076D Firmware တင်တာမရလို့ ဆိုပြီးမေးထားလို့ပါ  coolpad ဖုန်းတွေက Ooredoo ဖုန်းကဒ်တွေပေါ်လာတဲ့နောက်ပိုင်းမှာ အတော်တော်လေ လူသုံးများလာသလို
ဈေးကလဲ အတော်လေးကိုချိုပါတယ်  ဖုန်းတွေကအသုံးပြုရတာ လေးသလို အစုတ်လဲမြန်တယ်လို့ဆိုရမှာပဲ
ဒါပေမယ့် ဖုန်းကတာ ဈေးချိုတာ မှန်တို့ JCD တို့ကဈေးကြီးတယ် ပျက်ရင်တော့အပိုပစ္စည်းက ဈေးကြီးလွန်းနေတယ် ဖုန်းတွေကလဲ မော်ဒယ်အလိုက် တင်နည်းအမျိုမျိုးပဲ  ကျွန်တော်တို့ ဒေါင်းလုပ်ဆွဲလိုက်တဲ့ firmware file ပေါ်မှုတည်ပြီး တင်နည်းတွေ ကွာခြားပါတယ်
(၁) ဆိုကြပါစို ကျွန်တော်တို့ဒေါင်းလိုက်တဲ့ coolpad firmware file ဟာ  Zip file စာအုပ်ပုံစံလေးနဲ့ ဖြည်ကြည့်လိုက်တော့ ထွက်လာတဲ့  file က META_IMF BOOT.img recovery.sh တွေနဲ့လာပြီဆိုရင်တော့သေချာပါတယ် ကျွန်တော်တို့ offcial recovery ကနေပြီးတော့ ဒေါင်းရတဲ့ file လေးကို update zip ကိုရွှေးချယ်ပြီး တင်ပေးရမှာပါ
(၂)နောက်ထက်ဒေါင်းလိုက်တယ် firmware file က zip file ထဲမှာယခုတင်မည့် firmware လို .pac နဲ့လာမယ်ဆိုရင်တော့ ယခုဖော်ပြသလိုပဲ အဆင့်ဆင့်လေးတင်ပေးလိုက်ပါ  ဒါတော့အောက်မှာပဲဆက်ဖက်ပြီး အဆင့်ဆင့်လုပ်သွားကြည့်လိုက်ပါ

(၃) အဆင့်သုံးအနေနဲ့ကတော့ ကျွန်တော်တို့ ဒေါင်းလုပ်ရတဲ့ firmware file လေးကိုဖြည်လိုက်တဲ့အခါမှာ  အထဲမှာ  CPB  လို့တွေ့လိုက်ရင်တော့  ဆော့ဝဲ(လ်)လေးနဲ့တင်ရမှာဖြစ်ပါတယ် တင်နည်းကတော့ 

ပထမဆုံးကတော့ သူငယ်ချင်းတို့ သိပြီးသာပါ ဖုန်းရဲ့ Driver ပေါ့နော် ကျွန်ပျူတာမှာရှိရမှာပေါ့နော် ပြီးရင်တော့ ထဲ့သွင်းချင်တဲ့ ဖုန်း firmware ဒေါင်းထားပြီးသားဖြစ်ရပါမယ်  ကျွန်တော်ကတော့ coolpad 7295c firmware လေးနဲ့စမ်းပြပါမယ် firmware ဒေါင်းပြီးရင်တော့ ကဲစလိုက်ကြရအောင် အောက်ကပုံလေးတွေအတိုင်းပဲ အဆင့်ဆင့်လုပ်လိုက်ပေါ့နော်
တင်ဖို့ TOOL လေးကိုဒီမှာဒေါင်း ပြီရင်တော့အောက်ကပုံလေးတွေကြည့်ပါ




တင်နည်းကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီး သဘောပေါက်ထားရမှာက firmware file တွေဖြည်လိုက်ရင် ပေါ်လာတဲ့ file ပေါ်မှုတည်ပြီး ဘယ်လိုတင်ရမယ်ဆိုတာ တန်သိဖို့ပါပဲ 
နောက်တစ်ခုကတော့ ညီးလေးမေးထားလို့တင်ရင်နဲ့ မသိသေးတဲ့သူငယ်ချင်းတွေအတ်ွက်ပါ  coolpad ကဲစလိုက်ကြရအောင်ဗျာ
လိုတာလေးတွေကို အောက်ပါလင့်ကနေဒေါင်းလိုက်ပါဗျာ
>>>>> Firmware Download <<<<<
၁။ဒေါင်းထားတဲ့ Zip ဖိုင်လေးကိုဖြည်လိုက်ပါဗျာ
၂။ဖြည်လိုက်တဲ့ Zip ဖိုင်ထဲကမှ ResearchDownload_R2.9.7002 ဆိုတဲ့
ဖိုင်လေးထဲကို သွားပါ
၃။ Bin ဖိုင်လေးထဲကို ထပ်ဝင်လိုက်ပါ။အဲထဲကမှ ResearchDownload.exe
ဆိုတာလေးကို Run လိုက်ပါ။
၎။ ResearchDownload_R2.9.7002 လေးနဲ့ ဘောက်တစ်ခုပေါ်လာပါလိမ့်မယ်။
အဲဒီထဲကမှ Load Packet ဆိုတာလေးကိုရွေးလိုက်ပါ၊( Load Packet ပေါ်အောင် စက်သွားလေးကို မောက်လေးနဲ့ ထောက်လိုက်ပါ)
အောက်ကပုံကိုကြည့်ပါဗျာ…




ဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပါပြီး ပို့လည်းအတော်ေ၏ရှည်နေတော့ နောက်မှတနည်းထက်တင်ပေးအုန်းမယ်နော်




  အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

DVD slideshow show maker with background sounds.exe



အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ကျွန်တော် ဒီတစ်တင်ပေးချင်တာလေးကတော့
အားလုံးစောင့်မျှော်နေကြမယ်ထင်ပါတယ်
ကျွန်တော်လည်း ဒီကောင်လေးရဖို့ကို
ရှာနေတာကြာပါပြီ... အရမ်းကို အသုံးဝင်ပါတယ်
ဘာလဲဆိုတော့ ကွန်ပျူတာမှာ photo တွေကို
slideshow video ပြုလုပ်နည်းပဲ ဖြစ်ပါတယ်..
ဒါ့အပြင် ကိုယ့်ရဲ့ photo တွေကို ဘယ်လို
animation တွေနဲ့ effect ပြုလုပ်မှာလဲ
အမျိုးအစားစုံစုံလင်လင်ပါဝင်ပါတယ်
ပြီးတော့ 3D ဒီဇိုင်းလည်းပါဝင်တာကြောင့်
အရမ်းကို ကြည့်ရှုလို့ကောင်းမွန်မှာဖြစ်ပါတယ်
ပြီးတော့ ကိုယ့်ရဲ့ photo တွေပေါ်မှာလည်း
3D animation တွေ ထပ်ထည့်လို့ရပါသေးတယ်
ပြီးတော့ မကုန်သေးပါဘူး နောက်ခံသီချင်း လည်း
ထည့်လို့ရပါသေးတယ်... ဒါ့ပြင် ကိုယ်ထည့်လိုက်တဲ့
photo ပေါ်မှာ animation စာတွေထပ်ပြီး
ရိုက်ထည့်လို့ရပါသေးတယ်..
အရမ်းကို မိုက်ပါတယ်........
အရင်ဆုံး သူ့ software ကို
ကြော်ငြာထားတဲ့ video လေးကို
ကြည့်စေချင်ပါတယ်
ဒါမှသူ့ဆီမှာ ပါဝင်တဲ့ effect
တွေကို ပိုပြီး သိရမှာဖြစ်ပါတယ်...





watch ... Video
how to make photo slide show 

Download  Video
how to make photo slide show 

Download 
Slideshow Creator : (33.6) MB



အဆင်ပြေပါစေ…….
Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com


Photo Slideshow Maker.apk







Photo Slideshow Maker APK

အားလုံးပဲ မင်္ဂလာပါခင်ဗျာ......
ဒါလေးကတော့ ဖုန်းထဲမှာ photo album
အလှလေးလုပ်ချင်တဲ့သူများအတွက်
apk လေးတင်ပေးလိုက်ပါတယ်....
အောက်ကလင့်ကနေ ဒေါင်းပြီး
ကလိကြည့်ပါဦးနော်...


[Photo Slideshow Maker] Screenshot 1


Download : (5) MB
  



အဆင်ပြေပါစေ…….
Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com


Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???


Android ဖုန်းအကြောင်း



Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.oasisfeng.greenify
Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။








အဆင်ပြေပါစေ…….
Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com