Open With အသုံးပြုလို့ ရအောင် လုပ်နည်း


 10 Sep 13, 07:53 PM
myo min aung:
ကိုလွယ်ရေ ကျွန်တော် laptop မှာ openwith မရဘူးဖြစ်နေတယ်ဗျာ ပြီးတော့ winrar file တွေလဲ ပုံစံပြောင်းနေတယ် အရင်ပုံစံနဲ့ လဲမတူတော့ဘူး စာရွက်အဖြူချပ်ထဲမှာ winrar ပုံစံလေးကသေးသေးလေးမြင်နေရတယ် သီချင်း video
ဒီလုပ်နည်းလေးကတော့ Open With သုံးလို့မရတဲ့ ဝင်းဒိုးတွေမှာ ပြန်လည် အသုံးပြုလို့ ရအောင် ပြုလုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ကြုံခဲတဲ့ ဝင်းဒိုး Error မျိုးပါ..။ အများဆုံး ဖြစ်တတ်တာကတော့ Registry Error တွေကို Cleaner ဆော့ဝဲလ်တခုခုနဲ့ ရှင်းပြီးတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်..။ အခု ဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်ရင် ပြန်လည် ကောင်းသွားမှာ ဖြစ်ပါတယ်..။ လုပ်နည်းကတော့ သိပ်တော့မခက်ပါ..။ Notepad နဲ့ အသုံးပြုပေးရမှာ ဖြစ်ပြီး .. တခါတည်း လုပ်တတ်သွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
 နောက်တခုကတော့ WinRAR အယ်ရာပါ..။ ပုံမှန် Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့ မရတဲ့ အခါ အောက်ဆုံးပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်ပြောင်းပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ အဲ့ဒီ Error မျိုး အခုမရှိပါ..။ ဒီပိုစ့်အတွက် ကြည့်ရလွယ်အောင် ဒီအောက်ကပုံလေးတွေနဲ့ပဲ ပြပေးလိုက်ပါတယ်..။
နောက်ပြီး သီချင်း ၊ Video တွေကိုလည်း မိမိအသုံပြုလိုတဲ့ Player နဲ့ အမြဲတမ်း ဖွင့်လိုတဲ့ အခါ ဒီနည်းအတိုင်းပဲ အထဲဝင်ပြီး Player ပုံလေးကို သွားယူပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။ အခုဒီ Winrar ပြောင်းနည်းနဲ့ လုပ်နည်းတူတဲ့ အတွက် မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်ပါတယ်..။
 ဒီလုပ်နည်းလေးတွေကို လိုရမယ်ရ လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။
ကျနော့်စက်မှာ ဒီ Error မျိုး မဖြစ်ပါ..။ လုပ်နည်းရှိထားတဲ့အတွက်၊ ဒီ Error နဲ့ ကြုံတဲ့လူ မေးလာလို့ တိုက်ဆိုင်လာတဲ့အတွက် ဒီနည်းလေးကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။
အရင်ဆုံး အောက်ကပုံလေးအတိုင်း Start ကနေ Search မှာ Notepad လို့ ရိုက်ထည့်လိုက်ရင် အပေါ်ပိုင်းမှာ Notepad ပုံလေးနဲ့ ပေါ်လာတဲ့အခါ ကလစ်ပြီး ဖွင့်လိုက်ပါ..။


ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ ကုဒ်အားလုံးကို copy-paste နဲ့ Notepad ထဲကို ကူးထည့်လိုက်ပါ..။ အောက်ကပုံလေးအတိုင်း..
Windows Registry Editor Version 5.00
[HKEY_CLASSES_ROOT\*\shellex\ContextMenuHandlers\Open With]
@="{09799AFB-AD67-11d1-ABCD-00C04FC30936}"
 ထည့်ပြီးသွားရင်တော့ ဒီ Notepad လေးကို File >> Save as နဲ့ သိမ်းလိုက်ပါ..။ အောက်ကပုံလေးအတိုင်း အဆင့်ဆင့်လုပ်သွားလိုက်ပါ..။


 ဖိုင်လေးကို သိမ်းတဲ့အခါမှာ အောက်ကပုံလေးအတိုင်း Name နေရာမှာ "OpenWith.reg" ဆိုပြီး နာမည်ပေးပြီး သိမ်းပေးရပါမယ်..။ ရှာရလွယ်အောင် Desktop မှာရွေးပေးပြီး Save ကိုနှိပ်ပေးလိုက်ပါ..။


အောက်ကပုံလေးအတိုင်း Desktop မှာ .reg ဖိုင်လေး ရောက်လာရင်တော့ ဒီ Notepad လေးကို ပိတ်ပစ်လိုက်ပါ..။


ပြီးရင်တော့ အဲ့ဒီ OpenWith.reg ဆိုတဲ့ Registry ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် Yes >> OK ပေးလိုက်ရင် .. Open With အသုံးပြုလို့ မရတဲ့ Error ပြန်ကောင်းသွားပါပြီ..။ လိုအပ်ရင်တော့ စက်ကို Restart ချပေးလိုက်ပါ..။ ပြီးမှ ပြန်စမ်းကြည့်ပါ..။




 <<>====================<>>
 နောက်တခုကတော့ WinRAR ပါ.. ပုံမှန် Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့ မရတဲ့ အခါ အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လိုက်ပြောင်းပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ အဲ့ဒီ Error မျိုး အခုမရှိတဲ့ အတွက် ဒီပိုစ့်အတွက် ကြည့်ရလွယ်အောင် ဒီအောက်ကပုံလေးတွေနဲ့ပဲ ပြပေးလိုက်ပါတယ်..။
နောက်တခု သီချင်း ၊ Video တွေကိုလည်း မိမိအသုံပြုလိုတဲ့ Player နဲ့ အမြဲတမ်း ဖွင့်လိုတဲ့ အခါ ဒီနည်းအတိုင်းပဲ အထဲဝင်ပြီး Player ပုံလေးကို သွားယူပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။ အခုဒီနည်းနဲ့ လုပ်နည်းတူတဲ့ အတွက် မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်ပါတယ်..။
အဆင့်ဆင့်လိုက်ပြောင်းပေးရမှာကတော့ အောက်ကပုံလေး အတိုင်းပါပဲ..။ 



အပေါ်ပုံအတိုင်း Winrar ကို တွေ့ရင်တော့ တခါတည်း ကလစ်ပြီး ၊ OK ဆက်ပေးပြီး Apply >> OK နဲ့ ထွက်လိုက်ရင် ရပါပြီ..။ ဒီအဆင့်မှာ Winrar ပုံလေးကို မရှိရင်တော့ အပြာရောင်ဝိုင်းပြထားတဲ့ နေရာ Browse ကနေ ဝင်းဒိုးအထဲထိ သွားရှာယူပေးရမှာပါ..။ အောက်ကပုံလေးတွေ အတိုင်း ဆက်ပြီး ရှာယူပေးရမှာပါ..။



ပုံမှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် Winrar ပုံလေးကို ကလစ်ယူပြီး Open >> OK >> Apply >> OK ပေးပြီး ပြန်ထွက်လိုက်ရင် အဆင်ပြေသွားပါပြီ..။

ဒါဆိုရင်တော့ ဒီ Error လေးတွေကို အလွယ်တကူ ဖြေရှင်းတတ်သွားပါပြီ..။
အောက်ကပုံလေးတွေကတော့ GOM Player နဲ့ ဖွင့်ရတဲ့ Video တွေကို Windows Media Player နဲ့ လာအောင် အပေါ်ကနည်းအတိုင်း လိုက်ပြောင်းပေးလိုက်တာပါ..။ အောက်ပုံလေးတွေ အတိုင်းပါပဲ..။ စာတွေ အများကြီး မရေးပေးတော့ပါဘူး..။ ပုံလေးတွေ ကြည့်ပြီး အဆင်ပြေလိမ့်မယ် ထင်ပါတယ်..။






အောက်ဆုံးပုံလေးအတိုင်း Windows Media Player နဲ့ ဖွင့်လို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။


အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ




15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 
အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ ဒီလင့်ကနေ ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး)  ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်.. ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့ စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7 တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP, Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP, Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့ အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့ ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့ စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။ လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..
Driver Backup နဲ့ Restore လုပ်တာဟာ Model အဟောင်းပဲ ဖြစ်ဖြစ်၊ Model အသစ်ပဲ ဖြစ်ဖြစ် ဒီလိုပြဿနာတွေ ကြုံတတ်ပါတယ်..။ မူရင်း Driver ခွေနဲ့ဆိုရင်တော့ အားလုံးအဆင်ပြေနိုင်ပါတယ်..။ တကယ်လို့ မိမိတို့စက်က Windows7 ခေတ်မှာ ထုတ်တဲ့စက်ဆိုရင်တော့ မိမိတို့စက် အမျိုးအစားရဲ့ မူရင်း ဝဘ်ဆိုဒ်မှာ မိမိတို့ စက်ရဲ့ Model နဲ့ Drivers တွေကို ဖရီးဒေါင်းယူလို့ ရနိုင်ပါတယ်..။ စက်အများစုက အခုနောက်ပိုင်း ဒီလိုဝန်ဆောင်မူ့တွေပေးလာပါတယ်..။ သူ့တို့ရဲ့စက်ကို လူကြိုက်များ၊ လူသုံးများအောင်လို့ပါ..။ ဒါကတော့ ဗဟုသုတအနေနဲ့ Drivers တွေကို မူရင်းဆိုဒ်တွေမှာ ဖရီးဒေါင်းယူလို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ 
အခုဒီပိုစ့်မှာ ဝင်းဒိုးတင်ပြီးတဲ့အခါ Drivers တွေ ပြန်ထည့်တတ်အောင် အောက်ကပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ရှားရှားပါးပါး တချို့စက်တွေကတော့ ဝင်းဒိုးဘယ်နှခါတင်တင် Drivers တွေ တခုမှ ပျောက်မသွားပါဘူး.. အဲလိုစက်မျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်.. ဝင်းဒိုးတင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ဝင်းဒိုးမတင်ခင် Driver Backup လုပ်ထားတဲ့သူများအတွက် မိမိတို့ပြုလုပ်လိုက်တဲ့ Driver Backup ဖိုင်ထဲမှာ အောက်က ၄ပုံမြောက်ပုံမှာ အမှန်ခြစ်လေးတွေနဲ့ ပြထားသလို အဓိက လိုအပ်တဲ့ Drivers တွေပါမပါ.. ဝင်းဒိုးမတင်ခင်မှာ အရင်စစ်ဆေး ကြည့်ရမှာပါ..။ အဲဒီဖိုင်တွေ မပါခဲ့၊ မစုံခဲ့ရင် နောက်တခါထပ်ပြီး သေချာအောင်၊ အဲဒီဖိုင်တွေစုံအောင် Driver Backup ပြန်လုပ်လိုက်ပါ..။ အားလုံးအစုံသိမ်းပြီးမှ အဲဒီသိမ်းလိုက်တဲ့ ဖိုင်ကို USB Pendrive တွေထဲ၊ Partition အပိုင်းတွေထဲမှာ နေရာခွဲပြီး သိမ်းထားပြီးမှ စက်ကို ဝင်းဒိုးအသစ်တင်ပါ..။ အောက်ကပုံကတော့ ဝင်းဒိုးအသစ် တင်ပြီးသွားတဲ့ အခါ Drivers တွေမစုံခင် မြင်ရတဲ့ ပုံလေးပါ.. Driver Restore လုပ်နည်းကို နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..





Driver Back ဖိုင်ထဲမှာ Drivers တွေစုံမစုံ အပေါ်ပုံအတိုင်း အဓိကလိုအပ်တဲ့ ကောင်လေးတွေကို အမှန်ခြစ်လေးတွေနဲ့ ပြထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဖွင့်ကြည့်လိုက်ပါ.. အောက်ကပုံကတော့ Desktop မှာ Computer ပုံလေးပေါ်အောင် လုပ်ပြပေးလိုက်တာပါ..။ မသိသေးတဲ့သူများအတွက်ပါ..။ R/C ဆိုတာ Right Click ထောက်ပါလို့ ဆိုလိုတယ်ဆိုတာကို ကျနော့်ဆီမှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းတွေကတော့ သိနေလောက်ပါပြီ.. 


ပြီးရင်တော့ Drivers တွေရှိတဲ့ နေရာကို အောက်ကပုံလေးအတိုင်း ဖွင့်ပြီး ဝင်သွားလိုက်ပါ..။ အောက်ပုံ 4 နေရာမှာ မြင်နေရတဲ့ အတိုင်း အဝါရောင် အတုံးလေးတွေ ပေါ်နေရင်.. အဲဒီကောင်လေးတွေမှာ Drivers တွေမရှိလို့ ၊ Drivers တွေ လိုအပ်နေလို့ပါ..။ ဒါကြောင့် အဲလို အဝါရောင် အတုံးလေးတွေ ပေါ်နေတဲ့ စာကြောင်းလေးတွေပေါ်မှာ Right Click ထောက်လိုက်ပါ..


လိုအပ်နေတဲ့ Drivers တွေနေရာမှာ VGA ဂရပ်ဖစ်နေရာက လွဲလို့ တခြားနေရာတွေမှာ အဝါရောင် အတုံးလေးတွေ ပေါ်နေပါလိမ့်မယ်.. အောက်ကပုံကတော့ VGA နေရာမှန်း သိရအောင် အဝါရောင်လေး ထည့်ပြထားတာပါ..။


စပါပြီ.. အောက်ကပုံလေးအတိုင်း လိုအပ်နေတဲ့ Driver အတွက် အဝါရောင် အလုံးလေးပေါ်နေတဲ့ စာကြောင်းလေးပေါ်မှာ Right Click ထောက်ပြီး အနီဝိုင်းပြထားတဲ့ Update Driver Software.. နေရာကို တချက်ကလစ်လိုက်ပါ.. နောက်ထပ်ပေါ်လာတဲ့ ပုံလေးတွေကို အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ် သွားပေးလိုက်ပါ..။




အပေါ်ပုံကတော့ ကျနော်သိမ်းထားခဲ့တဲ့ Drivers တွေကို မျှားပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားပြီး အဲဒီဖိုင်လေးကို သွားရွေးပေးလိုက်တာပါ.. ဒီနေရာမှာသိရမှာက မိမိတို့ သိမ်းထားခဲ့တဲ့ Driver Backup ဖိုင်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ မှတ်ထားပြီး.. ဒီအဆင့်မှာ သွားပြန်ရွေးပေးရမှာပါ..။ မူရင်း Driver ခွေရှိတဲ့သူများကတော့ CD/DVD Drive ရှိတဲ့နေရာကို ဒီအဆင့်မှာ ညွှန်ပြပေးရမှာပါ..။ အောက်ကပုံကတော့ ကျနော် Driver Backup ဖိုင်ရှိတဲ့ လမ်းကြောင်းလေးကို ညွှန်ပြပေးထားလို့ ပုံမှာမြင်ရတဲ့အတိုင်း လမ်းကြောင်းလေးပေါ်နေပါပြီ.. ပြီးရင်တော့ Next ကိုကလစ်ပါ..


အောက်ကပုံလေးတွေ အတိုင်း ပေါ်နေရင် ခဏစောင့်နေပေးလိုက်ပါ...။




အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ဘောက်စ်ထပ်ပေါ်လာရင်တော့ ကျနော်ထည့်လိုက်တဲ့ Driver တခု အောင်မြင်စွာ စက်ထဲကို ရောက်သွားပါပြီ..။ သူ့နေရာနဲ့ သူ့ Driver နဲ့ တခုတော့ အိုကေသွားပါပြီ.. အောက်က Driver ရောက်သွားတဲ့ ပုံနဲ့ အပေါ်ပိုင်းက Driver မရှိသေးတဲ့ ပုံကို ၂ခုယှဉ်ကြည့်နိုင်ပါတယ်..


ပြီးရင်တော့ Driver လိုအပ်နေတဲ့ နောက်ထပ်တခုကို အပေါ်ကပုံတွေအတိုင်း ထပ်လုပ်လိုက်ပါ..


ဒီအောက်ကပုံကတော့ VGA ဂရပ်ဖစ် Driver ကို အပေါ်က ပုံတွေအတိုင်း Install ဆွဲထည့်ပြီးတဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်လို့ Restart ကျသွားပြီး ဝင်းဒိုးပြန်တက်လာရင်တော့ မိမိတို့ရဲ့ စက်မှာ ဂရပ်ဖစ် Driver အလုပ်လုပ်ပါပြီ..


ဝင်းဒိုးပြန်ပွင့်လာရင်တော့ ဂရပ်ဖစ်နဲ့ တခြား Driver တွေ စုံသွားပြီ ဖြစ်တဲ့ အတွက် အောက်ကပုံမျိုး Sleep တို့၊ Hipernate တို့ စာသားတွေ ပေါ်လာပါပြီ..။ 



မိမိတို့ ကွန်ပျူတာကို Driver တွေ စုံမစုံ သိချင်သေးတယ် ဆိုရင်တော့ အပေါ်ဆုံးက ပုံတွေအတိုင်း Computer >> Right Click >> Manage >> Device Manager အထိ အဆင့်ဆင့် ဖွင့်ဝင်သွားလိုက်ရင် အပေါ်က အောက်ဆုံးပုံအတိုင်း ကျနော့်စက်မှာ မြင်ရတဲ့ အတိုင်း Driver တွေ စုံနေတာကို တွေ့ရပါပြီ.. ဒီလောက်ဆိုရင်တော့ Drivers တွေကို Restore ပြန်လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်ဗျာ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..


အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Windows တွေမှာ Right Click အသုံးပြုလို့မရအောင်၊ မပေါ်အောင် လုပ်နည်း



မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ Right Click အသုံးပြုလို့ မရအောင် (သို့) မပေါ်အောင် လုပ်ထားချင်ရင်တော့ ဒီပိုစ့်ကနည်းနဲ့ အဆင်ပြေပါတယ်..။ ဒါကတော့ ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့စက်ကို သူမရှိတဲ့အချိန်မှာ သိပ်ကလိတဲ့ သူ့သူငယ်ချင်းတွေကြောင့် Desktop က ပုံတွေ ပြောင်းလိုက် ၊ စက်ထဲက ဖိုင်တွေပျောက်လိုက် ၊ ဆော့ဝဲလ်တွေ ထည့်လိုက် ၊ ထုတ်လိုက်နဲ့ လုပ်ချင်တိုင်း လုပ်နေလို့ ဝင်းဒိုးရဲ့ Right Click ကို မပေါ်အောင် ဖျောက်ထားချင်တယ်ဆိုလို့ ကျနော် လုပ်ပေးလိုက်တဲ့ နည်းလေးပါ..။ ဒီနည်းနဲ့ အဆင်ပြေသွားတဲ့ အတွက် သူ့သူငယ်ချင်းတွေလည်း သူ့စက်ကို ကြည့်ယုံသာ၊ အသုံးပြုယုံသာ ရပြီး တခြား အပိုတွေ ကလိလို့ မရတော့ပါဘူး..။ ဒါကြောင့် ဒီနည်းလေးက ကျနော့်သူငယ်ချင်းအတွက် အတော်လေး အသုံးဝင်သွားတဲ့ နည်းလေးပါ..။ ဒီလုပ်နည်းကတော့ မိမိတို့ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဖိုင်လေးတွေနဲ့ စာကြောင်းလေး သုံးကြောင်းကို ဖန်တီးထည့်ပေးပြီး စက်ကို Restart ပေးလိုက်ရင် ရသွားပါပြီ..။ Right Click ပြန်ပေါ်လိုရင်တော့ အဲ့ဒီစာကြောင်း ၃-ကြောင်းကို Regedit ထဲမှာ သွားပြန် ဖျက်ပေးပြီး စက်ကို Restart ပြန်ပေးလိုက်ရင် Right Click ကို ပြန်လည် အသုံးပြုလို့ ရပါပြီ..။ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဒီဖိုင်လေးတွေကို ဖန်တီးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။


အောက်ကပုံလိုမျိုး ဖေါ်လို့ရတဲ့ Right Click ကို မပေါ်အောင် ဖျောက်ထားမှာပါ..။ 


အရင်ဆုံး အောက်ကပုံလေးအတိုင်း Search (or) Run ဘောက်စ်မှာ regedit လို့ ရိုက်ထည့်ပြီး OK (or) Enter နဲ့ ဝင်းဒိုး Regedit ကို ခေါ်လိုက်ပါ..။



Registry Editor ပေါ်လာရင်တော့ အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်း HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer ထိ အဆင့်ဆင့်ဝင်သွားလိုက်ပါ..။




အပေါ်ကပုံနေရာကို ရောက်ရင်တော့ ညာဘက်က နေရာလွတ်မှာ Right Click >> New ကနေပြီး DWORD နေရာကကို ကလစ်ပြီး ဖိုင်တခုကို ခေါ်လိုက်ပါ..။ အဲ့ဒီဖိုင်ကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း Name ကို NoViewContextMenu လို့နာမည်ပေးပြီး Modify ကနေ Value Data တန်ဖိုးကို 1 လို့ ထားပေးလိုက်ပါ..။



ကီးဘုတ်မှ တိုက်ရိုက်ရေးထည့်လို့ မရရင်တော့ အပေါ်ပုံအတိုင်း Notepad မှာ 1 လို့ ရေးပြီး copy-paste နဲ့ အောက်ကပုံအတိုင်း ထည့်ပေးလိုက်ပါ..။ ပြီးရင် OK ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း Value မှာ 1 နဲ့ ဖိုင်လေးတခု ရရှိပါပြီ..။ နောက်ထပ်ဖိုင်တခုကိုလည်း အဲ့ဒီနေရာမှာပဲ အပေါ်ကနည်းအတိုင်း New >> DWORD ကနေ ဖိုင်တခု ထပ်ဖန်တီးလိုက်ပါ..။



Rename နဲ့ ဒီဖိုင်ရဲ့နာမည်ကို NoTrayContextmenu လို့ ပေးပြီး.. Modify ကနေ Value Data တန်ဖိုးကိုတော့ အပေါ်ကအတိုင်း 1 လို့ပဲ ထားပေးလိုက်ပါ..။ ပြီးရင် OK ပေးလိုက်ပါ..။





အပေါ်ပုံအတိုင်း ဖိုင်၂-ခုကို ဖန်တီးယူလို့ ပြီးသွားရင်တော့ နောက်ထပ် ဖိုင်တခုကို အောက်ကပုံအတိုင်း အဆင့်ဆင့် HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced အထိ ဝင်သွားလိုက်ပါ..။




Advanced ဖိုင်ကို တချက်ကလစ်ပြီး အပေါ်ပုံအတိုင်း ညာဘက် နေရာလွတ်မှာ Right Click >> New >> DWORD ကို ကလစ်ပါ..။  အဲ့ဒီဖိုင်ရဲ့ နာမည်ကိုတော့ TaskbarContextMenu လို့ နာမည်ပေးပြီး Value ကိုတော့ 0 လို့ပဲ ထားပေးပါ..။



ပြီးရင်တော့ အပေါ်ပုံအတိုင်း Registry Editor ကို Exit နဲ့ ထွက်ပြီး.. အောက်ကပုံအတိုင်း ဝင်းဒိုးကို Restart ပေးလိုက်ပါ..။ ဝင်းဒိုး ပြန်တက်လာရင်တော့ Right Click တွေ နှိပ်လို့ မပေါ်တော့ပါဘူး..။


အောက်ကပုံလေးတွေကတော့ ကျနော့်စက်မှာ Right Click နှိပ်လို့ မပေါ်တော့တဲ့ ပုံလေးတွေပါ..။



Taskbar က Icon ပုံတွေမှာဆိုရင်တော့ အပေါ်ကပုံအတိုင်း ပေါ်တတ်ပါတယ်..။ တခြား ဖိုင်တွေနဲ့ ဝင်းဒိုးထဲက နေရာတွေမှာတော့ အောက်ကပုံအတိုင်း Right Click နှိပ်လို့ မပေါ်တော့ပါဘူး..။


မိမိတို့ရဲ့ ဝင်းဒိုးထဲမှာ Right Click ပြန်ပေါ်လိုရင်တော့ အောက်ကပုံလေးတွေအတိုင်း အပေါ်မှာ ဖန်တီးထားခဲ့တဲ့ ဖိုင်လေးတွေကို အဆင့်ဆင့် ပြန်ဝင်ပြီး Delete နဲ့ လိုက်ဖျက်ပစ်ပေးလိုက်ရင် ရပါပြီ..။ ဖိုင်တွေလိုက်ဖျက်ပေးပြီးရင်တော့ စက်ကို Restart လုပ်ပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ Right Click ကို ပြန်လည် အသုံးပြုလို့ ရသွားပါပြီ..။




 ဒါဆိုရင်တော့ ဝင်းဒိုးတွေမှာ Right Click ပေါ်အောင် ၊ မပေါ်အောင် လုပ်နည်းလေးကို လုပ်တတ်သွားပါပြီ..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေကြပါစေ..။

 ကိုကြီးလွင်မင်းဗိုလ်ဆိုဒ်လေးမှ ဖော်ပြပေးထားပါတယ်



အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)