ဒါကတော့ Note3 LTE ကို ROOT နည်းနောက်တမျိုးပါ … မြန်မာစာပါမှန်တဲ့နည်းပေါ့
တွေ့ရှိထားသူတွေက KO SI Thu & KO Myo တို့နှစ်ယောက်ပါ … ကျွန်တော်ပြန်လည်မျှဝေပေး လိုက်ပါတယ် တယောက်နဲ့တယောက်ပြုလုပ်ပုံပြုလုပ်နည်းမတူကြပါဘူး … ကယ်စီယမ်ကွေကာကို ကိုယ့်အတွေးနဲ့ ကိုယ်သောက်သုံးကြသလိုပေါ့
N9005 ကို မြန်မာစာဖောင့်ထည့်တာ တော်တော်တိုင်ပတ်သွားတယ်ဗျာ..
Root လို့ ရပေမယ့် Font ကျတော့ထည့်လို့ မရဘူး..Font Changer တွေလည်းအစုံစမ်းကြည့်တာ တစ်ခုမှအဆင်မပြေဘူး..
အဲ့ဒါနဲ့  KO MYO ကိုမေးကြည့်တော့ သူပေးတဲ့ Link နဲ့ စမ်းကြည့်လိုက်တာ အဆင်ပြေသွား တယ်ဗျာ.. အားလုံးလည်းသိအောင်မျှဝေပေးလိုက်ပါတယ်..လုပ်ရမှာကတော့ Custom Recovery တင်ပြီး Recovery ကနေ Rooted Firmware ကို Flash ပေးရမှာပါ..လိုအပ်တဲ့ Software တွေကို Down လိုက်ပါ..
Custom Recovery ကို ဒီမှာ Down ပါ..
PRE ROOT DOWNLOAD HERE
( Odin နဲ့ တင်လို့ ရတဲ့ Firmware ရှိပေမယ့် Link က Access Denied ဖြစ်နေတယ်..)
လိုတာလေးတွေ Down ပြီးရင် ဖုန်းကို ပိတ်ပြီး Download Mode ၀င်လိုက်ပါ..
Vol – Home Power ကိုတွဲနှိပ်လိုက်ပါစာတန်းတွေပေါ်လာရင် Vol + ကိုတစ်ချက်နှိပ်ပေးလိုက်ပါ Download Mode ၀င်သွားပါလိမ့်မယ်..
Odin ကိုဖွင့်လိုက်ပါ..AP ဆိုတဲ့အကွက်ကလေးမှာ Note 3 N9005 For CWM by KO SI THU.tar file လေးကိုထည့်လိုက်ပါ..
Download Mode ၀င်ထားတဲ့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ..Odin မှာ ဖုန်းကိုသိသွားတာနဲ့ ..Start ကိုနှိပ်လိုက်ပါ..
သူ့ ဟာသူ တင်စရာရှိတာ တင်နေပြီးရင် Phone က Reboot ကျသွားပါလိမ့်မယ်..
Rooted Firmware ကို SD card ထဲထည့်ပါ..SD card ကို Phone ထဲပြန်ထည့်ပါ..
Phone ကို Power ပိတ်ပြီး Recovery Mode ၀င်ပါမယ်..Vol + Home Power စုံနှိပ်ထားလိုက်ရင် Recovery Mode ထဲဝင်သွားပါမယ်.
Choose zip form sd card ထဲကနေ Rooted firmware ကိုရွေးပြီး Install လုပ်လိုက်ပါ..
ကျွန်တော်လုပ်တုန်းကတော့ ငါးမိနစ်ဝန်းကျင်လောက်ပါပဲ.. ပြီးတာနဲ့  Phone Reboot ကျပြီး
Root ပြီးသား Firmware လေးတက်လာရင် ကြိုက်တဲ့ Font Changer ထည့်သုံးလိုက်တာနဲ့ 
မြန်မာဖောင့် အဆင်ပြေသွားပါပြီ….
အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)