** ဘာခလုတ်မှ မနှိပ်ပဲ screen on/off နဲ့ Lock ပါ ပြန်ပွင့်နိုင်အောင် လုပ်နည်း ***




ဒီနည်းလမ်းကတော့ မိမိဖုန်းရဲ့ Screen lock ကို ခလုတ်မနှိပ်ပဲ ..
သူ့လိုလို lock ပြန်ဖွင့်အောင်/ပြန်ပိတ်နိုင်အောင် လုပ်ကြည့်ပါမယ်။ အမှန်တော့ ကျွန်တော် App နှစ်ခု သုံးပြီး လူလည်ကျခြင်းဖြစ်ပါတယ်။ Screen on/off လုပ်ပေးတဲ့ App တွေက Screen on/off ပဲ လုပ်ပေးနိုင်ပါတယ်။ Lock ဖွင့်တဲ့အထိတော့
မလုပ်ပေးပါဘူး။ မှောင်ရာကနေ လင်းလာအောင်ထိပဲ လုပ်ဆောင်နိုင်ပါတယ်။ အခု ကျွန်တော် ပြောမယ့်နည်းလမ်းကတော့
မှောင်ရာကနေလဲ လင်းလာမယ်။ နောက် လင်းလာတဲ့အခါ screen ကို ထိစရာမလိုပဲ lock ပွင့်သွားအောင် လုပ်နိုင်ပါတယ်။
နောက် lock ပြန်ပိတ်ချင်တဲ့အခါမှာလဲ ခလုတ်မနှိပ် မှန်ပြင်ကိုမထိပဲ
lock ကျသွားအောင် လုပ်ပါမယ်။ ဖုန်းအားလုံးတွင် အဆင်ပြေ မပြေတော့ ..
ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော် S3 နဲ့ စမ်းသပ်ပြီး အဆင်ပြေသွားလို့တင်ပေးလိုက်တာဖြစ်ပါတယ်။

Magic unlock - ပုံ(၁)
ပထမဆုံး ထည့်ရမည့် App ကတော့ Magic unlock ဖြစ်ပါတယ်။ ဒီဟာလေးက သင့်ရဲ့ဖုန်းကို Lock ပြန်ဖွင့်ပေးနိုင်ပါတယ်။ screen on တော့ မရပါဘူး။ screen on ပြီးတဲ့အခါ lock ဖွင့်ရာတွင် အသုံးပြုဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ Proximity sensor ကို အသုံးပြီး lock ပြန်ဖွင့်နိုင်ပါတယ်။ Magic unlock ကို install လုပ်ပြီးတာနဲ့ service ကို on လိုက်ရုံပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဖုန်းကို screen on နေတဲ့အချိန် sceen ကို ထိစရာမလိုပဲ lock ဖွင့်နိုင်သွားပါပြီ။ ဒါပေမဲ့ screen on ကိုလဲ ခလုတ်နှိပ်စရာမလိုပဲ လုပ်ဆောင်နိုင်ဖို့အတွက် နောက်ထပ် App တစ်ခုကို အသုံးပြုရပါမယ်။


Proximity Screen off Pro - ပုံ(၂)
ဒီကောင်လေးကတော့ မိမိဖုန်းကို ခလုတ်နှိပ်စရာမလိုပဲ screen on/off
လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ screen off (lock) လုပ်ချင်တဲ့အခါ ..
ဖုန်းမှန်ပြင်ပေါ်ရှိ Proximity Sensor ပေါ်သို့ လက်ဝှေ့ယမ်းလိုက်တာနဲ့
သူ့လိုလို ပိတ်သွားပါမယ်။ screen on ချင်တဲ့အခါ လက်ဝှေ့ယမ်းလိုက်ရင်
screen ပြန်လင်းလာပါမယ်။ သို့သော် lock ကိုတော့ မဖွင့်ပေးနိုင်ပါဘူး။

ဒီတော့ ကျွန်တော် ဘယ်လို လူလည်ကြမလဲဆိုတာ ဘော်ဒါတို့ ..
သဘောပေါက်နေလောက်ပါပြီ။ Magic unlock နဲ့ Proximity Screen off ..
နှစ်မျိုးစလုံးကို အသုံးပြုလိုက်မယ်ဆိုရင် မိမိဖုန်းကို ခလုတ်မနှိပ်ပဲ ..
screen on/off လဲ လုပ်နိုင်သွားမယ်။ screen on နေတဲ့အချိန်မှာလဲ ..
Magic unlock နဲ့ lock ကိုပါ ခလုတ်မနှိပ်ပဲ ပြန်ဖွင့်နိုင်သွားမယ်။
နားလည်မယ်လို့ထင်ပါတယ်။ ဟဲဟဲ ဘာရမလဲ လူလည်ကျကြည့်တာပါ။

တစ်ခုသတိပေးချင်တာက Proximity Screen off ကို အသုံးပြုတဲ့အခါ ..
ဖုန်းကို screen on (သို့) off လုပ်ရာတွင် Promixity Sensor ပေါ်သို့ ..
လက်တစ်ကြိမ် ဝှေ့ယမ်းမလား ၊ နှစ်ကြိမ် ဝှေ့ယမ်းမလား စသဖြင့် ..
setting ချိန်ပေးလို့ရပါတယ်။ screen off options ဆိုတာကို နှိပ်ပြီး
setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ အဖွင့်ရော အပိတ်ရော တစ်ကြိမ်ပဲ
ဝှေ့ယမ်းမယ်လို့သတ်မှတ်ပေးထားရင် Magic unlock နဲ့ သွားငြိကာ
screen lock ဖွင့်ပြီးရင် အလိုလို ပြန်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် ..
Proximity Screen off ရဲ့ setting ထဲမှာ screen on ကို လက်တစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးပြီး screen off ကိုတော့ နှစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးရပါမယ်။ ဒါမှ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ပေးပြီးရင်တော့ Start Service ကို နှိပ်ပေးရင် စလုပ်ပါပြီ။ Proximity screen off setting ချိန်နည်းကို ပုံ(၃) နှင့် ပုံ(၄) ထဲက အတိုင်း ပြုလုပ်ပေးပါ။

နိဂုံးချုပ်ပြောရရင်တော့ မိမိဖုန်း မှန်ပြင်ပေါ်ကို လက်နှစ်ကြိမ် ဝှေ့ယမ်းတဲ့အခါ ဖုန်းက lock ကျပြီး ပိတ်သွားပါမယ်။ ပြန်ဖွင့်ချင်တဲ့အခါ ပထမဆုံး တစ်ကြိမ်ဝှေ့ယမ်းပါ။
screen on သွားပါမယ်။ နောက်တစ်ကြိမ် ထပ်ပြီး ဝှေ့ယမ်းမယ်ဆိုရင်တော့ lock ပါ ပွင့်သွားပါမယ်။ အရမ်း အဆင်ပြေသွားပြီနော်။ ဖုန်းခလုတ်လဲ မနာတော့ဘူး။ လက်ဝှေ့ယမ်းရုံနဲ့ screen on/off နဲ့ lock ကိုပါ တစ်ခါတည်း အသုံးပြုနိုင်တော့ အတော်လေး လန်းသွားပါတယ်။ အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ရေးပြလိုက်တာပဲ။
အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းကြည့်ကြဗျာ။ ကျွန်တော်တော့ ကိုယ့်ဘာသာ လူလည်ကြပြီး အပျော်ကြီး ပျော်နေပါတယ်

download -Magic unlock -

download -Proximity screen off -
အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး) 
 Download Link 1 Download Link 2 Download Link 3 Download 
အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...