ADB Command အသုံးပြုနည်း (၁)

မင်္ဂလာပါ..ဒီတခါတော့ ADB Command အကြောင်းလေးကို
မခင်သူ မေးထားလို့ ဖြေပေးရင်နဲ့ သူငယ်ချင်းတို့ မသိတဲ့သူတွေသိအောင်
ဒီနည်းပညာလေးကို ပို့အဖြစ်တင်ပေးလိုက်တာ သိပြီးသူငယ်ချင်းတွေလဲ ကြော်လိုက်ချက်လိုက်ပေါ့နော် ဒီနည်းပညာလေးကတော့ အများအားဖြင့် ဖုန်းအရောင်ဆိုင် ပြုပြင်တဲ့ဆိုင်တွေမှာ အများဆုံးအသုံးပြုကြပါတယ် ကလစ်တစ်ချက်နှိပ် Enter တစ်ချက်ခေါက်တာနဲ့ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲပေါင်းများစွာကို အလွယ်တကူ ထဲ့သွင်းနိုင်လို့ပါ  ဆိုင်တွေကတော့ တနေ့တနေ့ ဖုန်းတွေအားကြီးလာတော့ တစ်ခုခြင်းသွင်းနေရင် အရန်းကြာနေမှာပါ ဒီတော့သူတို့ ကြိုက်နှစ်သက်တဲ့ အသုံးများတဲ့ ဆော့ဝဲလေးတွေကို ဒီနည်းလမ်းလေးနဲ့ အလွယ်တကူထဲ့ပေးလိုက်တာပါ တစ်ဆင့်ခြင်းရှင်းပြသွားတာနဲ့ နာလည်သွားပါလိမ့်မယ် လေရှည်မနေတော့ဘူးနော် အရင်ဆုံးသူငယ်ချင်းတို့မှာ ADB Command လေးတော့ရှိထားဖို့လိုပါတယ် မရှိတဲ့သူငယ်ချင်းများတော့ အောက်ဆုံးမှာဒေါင်းယူသွားလိုက်ပါ ဒေါင်းပြီးရင်တော့ ADB Comand လေးကိုဖွင့်လိုက်ပါ အောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ်
အပေါ်လို box ကလေးပေါ်လာပြီဆိုရင်တော့ ပေါ်လာတဲ့ box ထဲမှာshift ကီးကိုဖိထားပြီး R/C ထောက်လိုက်ပါ ထိုအထဲမှ Open commend window here ဆိုတာကို ရှာပြီးကလစ်လိုက်ပါ အောက်ကလိုပုံလို ထက်ပေါ်လာပါလိမ့်မယ်
အပေါ်ကလို box အမဲရောင်လေး ပေါ်လာပြီဆိုရင်တော့ ကျွန်တော်ADB Command တွေကိုစတင်အသုံးပြုနိုင်ပါပြီ ပထမဆုံးအနေနဲ့ ကျန်တော်တို့ ဖုန်းထဲမှာရှိတဲ့ Data File တွေကိုပေါ့ ကွန်ပျုတာထဲကို ကူးယူမယ် ဒါမှမဟုတ် ကွန်ပျူတာထဲကနေ ဖုန်းထဲကိုထဲ့သွင်းချင်တာ အဲ့လိုမျိုးထဲ့သွင်းချင်ရင်တော့ ပထမဆုံးအနေနဲ့ Command Box ထဲမှာ adb လို့ပထမဆုံးရိုတ်ထဲ့ပေးလိုက်ပါ ဒါကတော့ မဖြစ်မနေရိုတ်ထဲ့ပေးရမှာဖြစ်ပါတယ် ကိုယ်က ADB Command ကိုအသုံးပြုနေတာမလို့ပါ adb လို့ရိုတ်ထဲ့ပြီးသွားရင်တော့ စပေ့တစ်ချက်ခြားလိုက်ပါ ပြီးရင်တော့ သူငယ်ချင်းတို့အနေနဲ့ ရွေးချယ်ရပါတော့မယ် ကွန်ပျူတာထဲ့ကို ဖုန်းထဲက File တွေကိုကူးထဲ့မှာလား ဒါမှမဟုတ် ဖုန်းထဲက File တွေကို ကွန်ပျူတာထဲကို ကူးထဲ့ချင်တာလား ရွေချယ်ရမှာမှာ ကိုယ်ကဖုန်းထဲကို ကူးထဲ့ချင်တယ်ဆိုရင်တော့ စပေ့ခြားထားတဲ့နောက်မှာ push လို့ရိုတ်ထဲ့ပေးလိုက်ပါ ဒါမှမဟုတ် သူငယ်ချင်းတို့က ဖုန်းထဲကကွန်ပျူတာထဲကို ထဲချင်ရင်တော့ pull လို့ရိုတ်ထဲ့ပေးရမှာဖြစ်ပါတယ် မရှင်းဘူးဖြစ်နေမယ်နော်

             * ဖုန်းထဲက file ကို ကွန်ပျူတာထဲကိုကူးယူချင်ရင် pull လို့ရိုတ်ပေးပါ *
          * ကွန်ပျူတာထဲက file ကိုဖုန်းထဲကူးယူချင်ရင်    push လို့ရိုတ်ပေးပါ *

 ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ကွန်ပျူတာထဲက ဖိုင်တစ်ခုကိ နမှုနာအဖြစ် ဖုန်းထဲကိုထဲ့စမ်းကြည့်ရအောင် ဒီတော့ ADB Command box ထဲမှာ adb push ဒီနေရာမှာ သူငယ်ချင်းတို့ကူချင်တဲ့ ဖိုင်ရှိတဲ့ ဖိုင်ထားတဲ့နေရာ လမ်းကြောင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ် ဥပမာ D မှာရှိတယ်ဆိုပါဆို adb push d: ပေါ့  adb push d:\ ပေါ့ အဲ့ထဲကနေမှ ကိုကူးမဲ့ဖိုင်အမည်ပေါ့ ကျန်တော်က bbb.txtဆိုတာကိုကူးထဲ့မှာပေါ့ ဒါဆိုရင်တော့ adb push d:\bbb.txt ပေါ့ ဘယ်ထဲကိုကူးထဲ့ချင်တာလဲ ဖုန်းမှာက internal နဲ့ SD card နှစ်ခုရှိတာဆိုတော့ ကူးချင်တဲ့ နေရာကိုရွေးချယ်ပေးရအုန်းမှာလေ ဒီတော့ကျန်တော်ကတော့ SD cardကိုထဲလိုက်မယ်ဗျာ ဒီတော့ adb push d:\bbb.txt/sdcard ပေါ့ဒီနေရာမှာ တစ်ခုသတိထားရမှာက / နဲ့\  အစောင်းတွေ မတူညီဘူးနော် ကွန်ပျူတာရဲ့ ဖိုင်လမ်းကြောင်းနဲ့ ဖုန်းရဲ့ဖိုင်လမ်းကြောင်းတွေက မတူညီပါဘူးနော် ဒါလေးတွေကွဲပြားနေတာတော့ သတိထားမိမယ်ထင်ပါတယ် ဒီတော့ adb push d:\bbb.txt/sdcard/bbb.txt ပြီးရင်တော့ enter ခေါက်လိုက်ပါ

 ဖုန်းထဲက sdcard ထဲကိုပြန်ကြည့်လိုက်နော် ရောက်နေပြီပေါ့ မရောက်သေးရင်တော့ သူငယ်ချင်းတို့ file လမ်းကြောင်းရေးတာမှားနေတာဖြစ်ပါလိမ့်မယ် ပြန်စစ်ကြည့်ပါ
ဒါကတော့အမြည်းလေးပေါ့ မအားသေးလို့ မေးထားလို့အနည်းငယ် တင်ပေးလိုက်တာပါ ညကြတခါထက်တင်ပေးပမယ် မခင်သူ ထမင်းစားလိုက်အုန်းမယ်
အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
 Download Link 1 Download Link 2 Download Link 3 Download
 အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...