အမေရိကန်ဖုန်းတစ်လုံး အခမဲ့ယူနည်း

Mobile Phone စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။ ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။
ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။
SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။
ကဲ..စလိုက်ရအောင်။
၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။
၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။
၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။
၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။
၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။
၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Related Posts:

  • ဓာတ်ပုံရိုက် ဝါသနာပါသောဘော်ဘော် တို.အတွက် Professional ကဲ ဓာတ်ပုံရိုက် ဝါသနာပါသောဘော်ဘော် တို.အတွက် Professional ပုံစံရိုက်ကူးနိင်တဲ့ Camera ဆော့ဝဲလေး ProCam V 2.5 For IOS လေးကို တင်ပေးလိုက်ပါတယ်။ What’s New in Version 2.5 ◉ Completely revamped photo viewer with thumbnail vi… Read More
  • ဗီဒီယို ဒေါင်းလော့လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ ဗီဒီယို ဒေါင်းလော့လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ ဗီဒီယိုလင့်လေးကို ကူးပြီး ထည့်ဒေါင်းယုံပါဘဲ  Portable ဆိုတော့ အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် မန်မိုရီကတ်ထဲမှာ ဆောင်ထားယုံနဲပအိုကေတာပေါ့ဗျာ ဗီဒီယို ကိုယ်လို… Read More
  • Video file တွေကို Mp4 file အဖြစ် android ပေါ်မှာပြောင်းမယ် ကျွန်တော်တို့ အရင်တုန်းကဆို online ကနေ download ဆွဲပြီးရလာတဲ့ video file တွေကို mp4 file ပြောင်းချင် တယ်ဆိုရင် ကွန်ပျူတာမှာ software သွင်းပြီး format ပြောင်းကြရပါတယ်။ အခုတော့အဲဒါတွေ လုပ်ဖို့မလိုတော့ပါဘူး။ ဒီ softwa… Read More
  • KakaoTalk အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် KakaoTalk အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 6 လပိုင်း 27 ရက်နေ့ထွက် လေးတင်ပေးလိုက်ပါတယ် Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို လုပ်ဆောင်ချက်တွေ လည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျ… Read More
  • MM Ringtones Collection Apk   အကိုကြီး အမျိုးကောင်းသား ဆိုဒ်ကလေးမှ ပြန်လည်ဝေမျှပေးထားပါတယ် ကျနော့်ရဲ့ ပထမဦးဆုံး Battery Doctor လေးကို ဘာသာပြန်ပြီးမျှဝေလိုက်ကတည်းက ဖုန်းဆက်ပြီးအားပေးကြတဲ့ သူငယ်ချင်းများကို အထူးပဲကျေးဇူးတင်ရှိပါတယ် ။ အခုလည်း ကျနေ… Read More