Samsaung Galaxy Mini S5570 ကို XWKTN Gingerbread 2.3.6 Firmware နဲ့ ဗားရှင်းမြှင့်ကြည့်ရအောင်




Samsung Galaxy Mini S5570 ကို ဗားရှင်း မြှင့်ချင်တဲ့ သူတွေအတွက် Officially Gingerbread 2.3.6 ဆိုပြီး ထွက်လာပါပြီ။ အဲတော့ အရင် ဗားရှင်း 2.3.4 ကို သုံးနေတဲ့ Mini User တွေလည်း ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ရင်တော့ နည်းလေးတစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်။ ဗားရှင်း မြှင့်လိုက်ရင်တော့ သင့်ဖုန်းရဲ့ လုပ်ဆောင်မှု စွမ်းရည်ဟာ သိသိသာသာ မြန်ဆန်လာတာကို တွေ့ရမှာပါ။
တကယ်တော့ မနေ့က ကျွန်တော် ကလိတာ နည်းနည်းများသွားလို့ ကျွန်တော့ဖုန်းက Firmware ကြွသွားပါတယ်။ Power ဖွင့်လိုက်လို့ ရှိရင် Samsaung ဆိုပြီးတော့ ဆက်တက်မလာတော့ဘူး။ အသံလည်းမမြည်ဘူးပေါ့ဗျာ။ သေချာပါတယ် အသံမမြည်ဘူးဆိုရင်တော့ ဆက်မတက်တော့ပါဘူး။ ဒီတော့ Android Version 2.3.4 ကနေ Version မြှင့်ချင်တဲ့ သူများရော ... Firmware ကြွသွားတဲ့ သူများရော ဒီနည်းလမ်းလေးကို သုံးလို့ရပါတယ်။ ပြီးတော့ ဒီ Post လေးက ကျွန်တော့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဆိုပါတော့ဗျာ ...
ဗားရှင်းမြှင့်ဖို့အတွက် Galaxy Mini Firmware Package ကို Download လုပ်ဖို့လိုပါတယ် ...

Click Here To Download Galaxy Mini Firmware Package

ပြီးရင် Zip ဖိုင်တွေ ဖြည်လိုက်ရင် ဒီလိုရလာပါမယ်။ ဖိုင် ၆ ဖိုင်ပေါ့။

 

 Odin ကို ဖွင့်လိုက်ပါ ... zip ဖြည်တဲ့ password က androidadvices.com ပါ



ပြီးရင်တော့ ဖုန်းမှာ လုပ်ရမှာလေးရှိပါတယ် ...

Settings -> Applications _> Development -> USB debugging ကို အမှန်ခြစ်ပေးပါ။ ပြီးရင် ဖုန်းပိတ်လိုက်ပါ။ (Vibration တုန်တဲ့အထိစောင့်ပါ)


အခုက စပြီးတော့ သေသေချာချာ လုပ်ရပါတော့မယ်။

Download Mode ထဲ ဝင်ပါမယ်။ Volume Down + Home Key + Power Key သုံးခုစလုံးကို တွဲနှိပ်ပါ။ အဝါရောင်လေးနဲ့ Downloading ဆိုပြီးပေါ်လာပါလိမ့်မယ် ... Computer နဲ့ ချိတ်လိုက်ပါ ...


ဒါဆိုရင် ခုနက ဖွင့်ထားတဲ့ Ordin မှာ ID: COM ဆိုတဲ့ နေရာလေးမှာ အဝါရောင်လေး ဖြစ်နေတာ တွေ့ရပါမယ်။


မှတ်ချက်။ ။ အဲလို အဝါရောင် မဖြစ်ဘူးဆိုရင်တော့ USB Driver ကို Computer ထဲမှာ ပြန် Install လုပ်ရပါမယ် ...

Download Samsung USB Driver For Mobile Phones

ပြီးတော့ ဖြည်ထားတဲ့ထဲက ဖိုင်တွေကို Select လုပ်ပေးလိုက်ပါ









OPS = TASS_v1.0.ops

BOOT = APBOOT_S5570JVKT1_CL703231_REV02_user_low_true.tar

PHONE= MODEM_S5570XWKT2_CL698112_REV02.tar

PDA= CODE_S5570JVKT1_CL703231_REV02_user_low_true.tar

CSC= GT-S5570-MULTI-CSC-OJVKT1.tar
 
အကုန် ဖြည့်ပြီးသွားပြီ ဆိုရင်တော့ Start ကို နှိပ်လိုက်ပါ
ပြီသွားရင် Restart ကျသွားပါလိမ့်မယ် ...

ပြီးတော့ Samsung Logo လေးတက်လာ ပြီးတော့ အသံလည်း မြည်လာပါမယ် ... သေချာပါတယ် .. အောင်မြင်သွားပါပြီ ...

ဒါဆိုရင် USB Cable ကို ဖြုတ်လိုက်ပါ။ ပြီးတော့ ဖုန်းPower တက်လာတာကိုလည်း Restart ပြန်ချလိုက်ပါ။

ဒါဆိုရင်တော့ သင်ဖုန်းဟာ အောင်မြင်စွာပဲ Android Version 2.3.6  ဖြစ်သွားပါပြီ ...
Settings -> About Phone ထဲမှာ ပြန်ကြည့်လိုက်ပါ ။
Android Version 2.3.6 ဖြစ်နေတာတွေ့ရပါလိမ့်မယ် ...

(မှတ်ချက်။ Firmware Update လုပ်နေစဉ်အတောအတွင်း အကြောင်းကြောင်းကြောင့် fail ဖြစ်သွားခဲ့ရင် Battery ဖြုတ်ပြီး အစအဆုံးပြန်လုပ်ပါ)

အကယ်လို့ တစ်စုံတစ်ခု အဆင်မပြေတာရှိရင် Comment လေးချန်ခဲ့ပါ ...
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ..