Android APK တစ်ခုကို Edit လုပ်ကြည့်ခြင်း




1. ပထမဆုံး ကျွန်တော်တို့ ကွန်ပျူတာမှာ jre(java runtime environment) ရှိဖို့လိုပါတယ်။ အောက်ကလင့်မှာ ဒေါင်းပြီး ကွန်ပျူတာမှာ install လုပ်ထားပါ။
http://uploadingit.com/file/egvgnaw76d6q82uv/jre-7u25-windows-i586%20by%20myanaungtharr.rar




2. ပြီးရင် အောက်က ဖိုင် နှစ်ခုကို ပေးထားတဲ လင့်မှာ ဒေါင်းလုပ်ဆွဲပါ။
apktool1.5.2.tar.bz2
apktool-install-windows-r05-ibot.tar.bz2
အဲဒီ ဖိုင် နှစ်ခုကို winrar နဲ့ extract ဖြည်ချလိုက်ပါ။ အထဲမှာ အားလုံးပေါင်း ဖိုင်သုံးခုရလာပါမယ်။
aapt.exe
apktool.bat
apktool.jar ဆိုတဲ့ ဖိုင်သုံးခုပါ။
3. Desktop ပေါ်မှာ folder အသစ် တစ်ခု ကို နာမည်ပေးပြီး ဆောက်လိုက်ပါ။ဥပမာ….folder နာမည်ကို test ဆိုပြီး ပေးလိုက်ပါ။ ခုနက ရလာတဲ့ ဖိုင်သုံးခုကို အဲဒီ test ဆိုတဲ့ folder ထဲမှာ ကူးထည့်ထားပေးပါ။ အောက်ကပုံလေးကိုကြည့်ပါ။


4. မိမိ source code လိုချင်သော apk file ကို test ဆိုတဲ့ folder ထဲကို ကူးထည့်ပါ။ ကျွန်တော်က Battery Indicator Pro (2.3.2).apk ဆိုတဲ့ apk လေးနဲ့ နမူနာ လုပ်ပြပါမယ်။ ပုံလေးကို ကြည့်ပါ။


5. test ဆိုတဲ့ folder ရဲ့ လွတ်တဲ့ တစ်နေရာမှာ keyboard ကနေ shift key ကို ဖိထားပြီး right click နှိပ်လိုက်ပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Open command window here ကို ရွေးပါ။ cmd.exe box တစ်ခုကျလာပါမယ်။ အောက်ကပုံလေးတွေကို ဆက်ကြည့်သွားပါ။



6. ကဲ….command လေးတစ်ခုရိုက်ရအောင်။
apktool decode “Battery Indicator Pro (2.3.2).apk” (apk file name က မိမိတို့ decode လုပ်ချင်တဲ့ apk ရဲ့ file name နော်….ကျွန်တော်က Battery Indicator Pro (2.3.2).apk နဲ့ နမူနာလုပ်ပြတာဆိုတော့ ဒီအတိုင်းရိုက်ရပါတယ်။) အောက်ကပုံကိုကြည့်ပါ။

အောက်ကပုံလေးအတိုင်းရလာပါမယ်။

ကျွန်တော်တို့ ဆောက်ထားတဲ့ test ဆိုတဲ့ folder ထဲမှာလည်း Battery Indicator Pro (2.3.2) ဆိုတဲ့ folder လေးတစ်ခုရောက်လာပါမယ်။ပုံလေးတွေကြည့်သွားနော်။

အဲဒီ folder လေးကိုဖွင့်ကြည့်လိုက်ရင် AndroidManifest.xml ဆိုတဲ့ file လေးအပါအ၀င် စုစုပေါင်း file လေးခုပါပါတယ်။ အဲဒီ AndroidManifest.xml လေးကို ဖွင့်ကြည့်ရင်အောက်ကပုံလေးထဲကအတိုင်း apkရဲ့ coding အချို့ကိုရပါမယ်။ ခနထားလိုက်ပါ။


7.  test ဆိုတဲ့ folder ထဲက ကျွန်တော်တို့ decode လုပ်မယ့် Battery Indicator Pro (2.3.2).apk ကို Battery Indicator Pro (2.3.2).apk.zip ဟုနာမည်ပြောင်းပေးပါ။ သူက file extension ကို ပြောင်းမှာလား လာမေးရင် Yes ကိုရွေးလိုက်ပါ။အောက်ကပုံလေးကိုကြည့်ပါ။

ရလာတဲ့ zip file လေးကို ပုံထဲကအတိုင်း extract လုပ်ပေးပါ။

ကဲ…ဒါဆို အောက်က ပုံထဲကအတိုင်း စုစုပေါင်း folder ရော file ရော ခြောက်ခုရသွားပါပြီ။

7.  အဆင့်တော့များပါတယ်။ ဒါပေမယ့် တစ်ခုချင်း သေသေချာချာလေး လုပ်သွားပါ။ မခက်ပါဘူး။
http://code.google.com/p/dex2jar/downloads /detail?name=dex2jar-0.0.9.13.zip&can=2&q= 

မှာ dex2jar-0.0.9.13.zip ကို download ဆွဲပါ။test ဆိုတဲ့ folder ထဲသို့ ကူးထည့်ပါ။ ပြီးရင် extract ဖြည်ချပြီး အောက်ကပုံအထိရောက်အောင် သွားဖွင့်ထားပါ။




8. ခုနက apk ကို နာမည်ပြောင်း၊ extract လုပ်ထားတဲ့ Battery Indicator Pro (2.3.2).apk ဆိုတဲ့ folder လေးကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း file စုစုပေါင်း 5 ခုရှိတာတွေ့တယ်နော်။ အဲဒီအထဲက classes.dex ကို ပုံထဲမှာ ပြထားတဲ့အတိုင်း dex2jar.bat ထဲသို့ mouse နဲ့ drag လုပ်ပြီး ဆွဲထည့်လိုက်ပါ။

9. အဲဒါဆိုရင် Battery Indicator Pro (2.3.2).apk ဆိုတဲ့ folder ထဲမှာ classes_dex2jar.jar ဆိုတဲ့ နာမည်နဲ့ file လေးတစ်ခု ထပ်ရလာပါမယ်။ အဲဒီကောင်လေးကို ပုံထဲကအတိုင်း extract လုပ်လိုက်ပါ။ classes_dex2jar ဆိုတဲ့ folder ရလာပါပြီ။ အဲဒီ folder ထဲမှာ .class နဲ့ ဆုံးတဲ့ class file တွေရှိပါတယ်။ ရှုပ်များသွားကြပြီလားမသိဘူး…..
ကျွန်တော်တို့ အဓိက လိုချင်တာအောက်ကပုံထဲကပြထားတဲ့ .class file တွေပါ။ ဒါတွေကို  Decompiler နဲ့ decompile လုပ်လိုက်ရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ source code တွေ ရပြီပေါ့ဗျာ။


10. Decompiler ကို အောက်ကလင့်မှာ ဒေါင်းလုပ်ဆွဲပါ။
http://uploadingit.com/file/s4jifdnbegygegxv/djdecompiler%20312%20by%20myanaungtharr.zip

အားလုံးပဲအဆင်ပြေကြပါစေ။

Related Posts:

  • MYANMAR FLAG LIVE WALLPAPER                  မင်္ဂလာပါခင်ဗျာ........                   သ… Read More
  • Faster Charger.apk      ပုံလေးမြင်ရင်တော့ သူငယ်ချင်းတို့ သိကြလိမ့်မယ်ထင်ပါတယ်နော် ဒီဆော့ဝဲလေးကတော့ အတော်လေးကောင်းတယ်လို့ ဆိုရမှာပဲဗျ ဖုန်းမှာ Battery တွေရဲ့  အားသွင်းတဲ့အခါ ဒီတော့ဝဲလေးက      အထော… Read More
  • DJ Music.apk        မင်္ဂလာပါ ...........    သူငယ်ချင်းတို့အတွက် သင်္ကြန်မှာ ကဲဖို့အတွက် DJ သီချင်း ၂၃ ပုဒ်ထဲ့ပေးထားပါတယ် ယခင်သင်္ကြန်သီချင်းပုံစံလေးပဲ ဖန်တီးထားပါတယ် နောက်ထက်တနည်းနဲ့ရေးကြည့်တာမရသေးဘူး … Read More
  • Battery Monitor   မင်္ဂလာပါ....... android ဖုန်းတွေမှာ အားအကုန်မြင်တဲ့ သူငယ်ချင်းများအတွက် ဘာကြောင့်ကုန်သလဲ ဆိုတာသိဖို့အတွက် ဒီဆော့ဝဲလေးက အသုံးပြုနေတဲ့ Battery ပမာဏကို ဖော်ပြပေးမှာဖြစ်ပါတယ် အကုန်မမြန်အောင် ဘယ်လိုလုပ်မလဲ အသုံးပြုနေတဲ… Read More
  • Notification Toggle Premium v2.8.2 Apk မိမိတို့ရဲ့ Android Phone လေးမှာ အပေါ်နားလေးက Notification Bar လေး ပျောက်နေရင် ဒီကောင်လေးတင်ပြီး သုံးနိုင်ပါတယ်.. Original Noti Bar လေးလိုပဲ Shortcut လေးတွေကို အဆင်သင့် တင်ထားပြီးသုံးနိုင်ပါတယ်.. Android 2.3 နဲ့… Read More