Andorid Phone System Security တည်ဆောက်ခြင်း


ဖုန်းလုံခြုံရေးတည်ဆောက်ခြင်း Android ဖုန်း၏ အခြေခံ လုံခြုံရေး တည်ဆောက်ခြင်း ဒီစာမျက်နှာမှာ ပါဝင် တဲ့ အပိုင်းများ - ၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း ၁.၂ ဖုန်း စာဝှက်ခြင်း ၁.၃ ကွန်ရက် ချိန်ညှိချက်များ ၁.၄ တည်နေရာ ချိန်ညှိချက်များ ၁.၅ ဖုန်းခေါ်ဆိုသူ အထောက်အထား ၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း အဆင့် ၁။ ဆင်းမ်ကဒ်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။ အဆင့် ၂။ ဖုန်း မျက်နှာပြင်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။ "PIN" ဒါမှမဟုတ် "Password" ခေါ် စကားဝှက်ကို အသုံးပြုဖို့ အကြံပြုလိုတယ်။ အဲဒီ "PIN" သို့မဟုတ် "Password" တွေရဲ့ အရှည်ကို ကန့်သတ်ချက်မထားဘူး။ စကားဝှက် ရွေးချယ်မှုနဲ့ ပါတ်သက်ပြီး အသေးစိတ် အချက်အလက်ကို အခန်း [၃။ လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း](/my/chapter-3)မှာ လေ့လာနိုင်တယ်။ အဆင့် ၃။လုံခြုံရေးအတွက် သော့ခတ်တဲ့အချိန်ကို သတ်မှတ်လိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ရောက်တဲ့အခါ ဖုန်းဟာ အလိုအလျောက် သော့ပိတ်သွားမှာ ဖြစ်တယ်။ ဒီနေရာမှာ တစ်ခုကိုပဲ အကြံပြုချင်တယ်။ အကယ်လို့ ဖုန်းကို သုံးမိနစ်အတွင်းမှာ ဖွင့်ရမယ် ဆိုရင် ငြီးငွေ့စရာ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ၁၀ မိနစ် သတ်မှတ်ပေးဖို့ အကြံပြုလိုတယ်။ ၁.၂ ဖုန်း စာဝှက်ခြင်း အဆင့် ၄။ အကယ်လို့ မိမိရဲ့ Android ဖုန်းဟာ ဗားရှင်း ၄.၀ သို့မဟုတ် အထက်မှာ ရှိတယ်ဆိုရင်၊ ဖုန်း စာဝှက်စနစ်ကို ဖွင့်လိုက်ပါ။ Settings -> Security -> Encryption ကို သွားပြီး လုပ်ဆောင်နိုင်တယ်။ ဖုန်းကို စာဝှက်ခြင်း မပြုခင်၊ အထက်မှာ ဖေါ်ပြခဲ့သလို၊ ဖုန်းမျက်နှာပြင်ကို သော့ခတ်တဲ့ စကားဝှက် တစ်ခု သတ်မှတ်ဖို့ လိုအပ်လိမ့်မယ်။ မှတ်ချက်။ စာဝှက်တဲ့ လုပ်ငန်းစဉ်ကို မစတင်မီ၊ ဖုန်းကို အား အပြည့် သွင်းထားပြီး လျှပ်စစ် ပလပ်ပေါက်ထဲ ထည့်ထားပါ။ ၁.၃ ကွန်ရက် ချိန်ညှိချက်များ အဆင့် ၅။ ပုံမှန် အနေနဲ့ Wi-Fi နဲ့ Bluetooth ကို ပိတ်ထားပါ။ Mobile network settings ထဲက Internet tethering ကို ပိတ်ထားရမှာ ဖြစ်တယ်။ အဆင့် ၆။ အကယ်လို့ ဖုန်းမှာ Near Field Communication (NFC) ကို ပံ့ပိုးပေးထားတယ် ဆိုရင်၊ အဲဒီကို ပိတ်ထားလိုက်ပါ။ ပုံမှန်အားဖြင့် ၄င်းကို ဖွင့်ထားလေ့ရှိတယ်။ ၁.၄ တည်နေရာ ချိန်ညှိချက်များ အဆင့် ၇။ Location services အေက်မှာ ရှိတဲ့ wireless and gps နဲ့ data manager -> data delivery အောက်မှာ တွေ့ရတဲ့ mobile data ကို ပိတ်ထားပါ။ မှတ်ချက် - တည်နေရာ ချိန်ညှိချက်များကို လိုအပ်တဲ့အခါမှသာ ဖွင့်ပါ။ အဲဒီ ၀န်ဆောင်မှုတွေကို ပုံမှန်အားဖြင့် ဖွင့်မထားဖို့ အရေးကြီးတယ်။ ဒါမှသာ မိမိရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ အန္တရာယ် နည်းပါးသွားမယ်၊ ဘက်ထရီ အား သက်သာမယ်။ နောက်ခံမှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းသုံး ကိရိယာ တစ်ခုခု (သို့) လက်ကိုင်ဖုန်း ၀န်ဆောင်မှု ဌာနက အဝေးကနေ ဒေတာ စီးဆင်းမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထား လျှော့နည်းစေနိုင်မှာ ဖြစ်တယ်။ ၁.၅ ဖုန်းခေါ်ဆိုသူ အထောက်အထား မိမိရဲ့ caller-ID ကို ဖျောက်ထားလိုရင်၊ Phone Dialler -> settings -> additional settings -> Caller ID -> hide number ကို သွားပြီး လုပ်ဆောင်နိုင်တယ် ။ မှတ်ချက် တစ်ချို့ဖုန်းများတွင် Caller ID သုံးစွဲခွင့်မ ပေးထားကြောင်း။

Related Posts:

  • ဖုန်း pattern lock ပြဿနာဖြေရှင်းနည်းများကို တစ်နေယာထဲမှာ စုစည်းပေးထားပါတယ်ဖုန်းမှာ Pattern ကို လုံခြုံရေးအတွက် လူအသုံးများကြပါတယ် အများအားဖြင့် စက်ဟန်းနေလို့ပဲ ဖြစ်ဖြစ် မမှတ်မိတော့လို့ပဲဖြစ်ဖြစ် သတ်မှတ်ချက် အကြိမ်ရေမှားသွားရင် လော့ကြသွားတတ်ပါတယ်။ အခုနည်းတွေထဲက သူငယ်ချင်းတို့နဲ့ အဆင်ပြေမယ် ထင်တဲ့နည်… Read More
  • CCleaner (ကွန်ပျူတာသန့်ရှင်းရေး ပြုလုပ်ကြမယ်) CCleaner (ကွန်ပျူတာသန့်ရှင်းရေး ပြုလုပ်ကြမယ်)   မင်္ဂလာပါဗျာ ဒီနေ့တော့ CCleaner Update ထွက်လာလို့ တင်ပေးလိုက်ပါတယ်ဗျာ နည်းနည်းတောင် နောက်ကျသွားပါတယ် သူငယ်ချင်းအိမ်လည်တာ အခုမှာပြန်ရောက်တော့ ရောက်ရောက်ချင်း တင်ေ… Read More
  • Huawei Emotion UI one click MM Font Installer Tool ( Themes 24 ခုပါဝင် သည် ) Huawei Emotion UI one click MM Font Installer Tool ( Themes 24 ခုပါဝင် သည် ) Huawei Emotion UI အတွက် မြန်မာ ဖောင့် ပါ ပြီး သား Themes + Frozen Ke… Read More
  • MP3 Tag 225a (သီချင်းဖွင့်လိုက်ရင်ကိုယ်ရုပ်ပုံလေးပေါ်စေချင်သောသူတွေအတွက်) Wednesday, May 01, 2013  MP3 Tag, နည်းပညာ, အသုံးချဆော့ဝဲလ်များ, အသုံးပြုနည်းများ  No comments   မင်္ဂလာပါဗျာ ဒီနေ့တော့ … Read More
  • စိုးပြည့်သဇင် ဆိုထားတဲ့ စီးရီးလေးပါ  ကြိုက်ရင်တော့ဆွဲပြီး like ကလေးတော့ လုပ်သွားပါနော် 01 ချစ်သူရွေးမယ် – စိုးပြည့်သဇင် @ MAMC.mp3 3.4Mb 02 သိချင်သည် – စိုးပြည့်သဇင် @ MAMC.mp3 3.8Mb 03 မင်းထားရစ်ခဲ့တဲ့အချိန် –… Read More