Dropox မှာ 50GB ဖရီးရအောင်ဖုန်းကနေ ဟက်ကြည့်ရအောင် (တကယ်ရပါတယ်)



ဒီနည်းလေး ကို ကျွန်တော်လဲ သိပ်မယုံတာနဲ့ စမ်းကြည့်တာ ပထမ သူပေးထားတဲ့ အတိုင်း လုပ်တာ အဆင်မပြေပါဘူး ဒါနဲ့ မရဘူးထင်တယ်ဆိုပြီး တစ်ရက်ထားလိုက်သေးတယ် နောက် စဉ်းစားမိတာ ရေးတဲ့သူကလဲ ပေါ့ပေါ့ လူတစ်ယောက်မဟုတ်ဘူးဆိုတော့ (ကျွန်တော့် မိတ်ဆွေ ဟော်လန်သား တစ်ယောက်ပါ ပရော်ဖက်ရှင်နယ် ပရိုဂမ်မာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီးရပ်တည်နေသူပါ သူလက်ဆောင်လာပေးသွားတာ) အဲဒါနဲ့ မဟုတ်သေးပါဘူးဆိုပြီး ဘာလွဲနေလဲမသိဘူးဆိုပြီး သူရေးထားတဲ့ ဟာကို ပြန်လေ့လာတော့ သူရေးထားတာက အမြင့်တွေ အတွက်ပဲ ဖြစ်နေပါတယ် ဒီတော့မှ အော် ငါစမ်းကြည့်နေတာက မော်ဒယ်အနိမ့် ကြီးနဲ့စမ်းနေတာကိုး ဘယ်ရမလဲ ဆိုပြီးသိရတာ ဒါနဲ့ ကုဒ်အချို့ ပြန်ပြင်ပြီး အနိမ့်တွေ အတွက်ပါ ရအောင်ဆိုပြီး အသစ်ပြန်ပြုပြင်ပေးလိုက်ပါတယ် ပညာလဲ ရလိုက်ပါတယ် မသိသေးတဲ့ လှည့်ကွက်သေးသေးလေးတွေရဲ့ အစွမ်းထက်ပုံကိုလဲ သူရေးထားတဲ့ ကုဒ်မှာ တွေ့ရပါတယ် အခု ကျွန်တော့မိတ့်ဆွေ များအားလုံးကို လုပ်နည်းလေးကို လက်ဆောင်ပြန်ပေးလိုက်ပါတယ်

ဒီလိုလုပ်ထားတာက 48 လကျော်ရင်တော့ သင့်အကောက် နဂိုမူလအတိုင်း ပြန်ဖြစ်သွားပါမယ် ကျွန်တော်ပေးတာက လေးနှစ်စာ  ၀ယ်စရာမလိုအောင်လုပ်ထားတာပါ ရပြီနော်
ကဲ စမယ်နော်

ပထမဆုံး မိတ်ဆွေ သင့်မှာ Dropbox Account တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ် မရှိဘဲနဲ့တော့ ပိုက်ဆံပေးဝယ်သုံးရတဲ့ GB များများရဖို့ မပြောနဲ့ အလကားပေးတဲ့ 2GB တောင် မရဘူး ဒါကအမှန်တရားပဲ ဖြစ်မှာပါ ဒါကြောင့်မရှိသေးဘူးဆိုရင် ပထမဆုံး  ဒီနေရာမှာ  အကောက်ဖောက်လိုက်ပါ 



နောက် မိတ်ဆွေ သင့် ဖုန်းဟာ Root လုပ်ထားပြီးသားဖြစ်ရပါမယ် 
ဒီအချက်ပြီးရင် အောက်မှာပေးထားတဲ့ ဖွိုင်ကို ဒေါင်းလော့ချလိုက်ပါ 6MB ပဲရှိပါတယ်
ရလာတဲ့ File ကိုဖြေလိုက်ရင် Dropbox.apk & Dropbox_CMW.zip ဆိုတဲ့ File နှစ်ခုရပါမယ် 
အဲဒီနှစ်ခုကို ကော်ပီလုပ်ပါ နောက်ဖုန်းထဲကိုထည့်ရပါမယ် ဒီအတွက် MY File ထဲသွားပြီး Folder အသစ်တစ်ခုဆောက်ပါ နာမည်ကိုတော့ ကြိုက်တာပေး ကိုယ်ပေးထားတာ ကိုယ်သိရင်ရပါပြီ ဖိုလ်ဒါဆောက်ပြီးရင် Dropbox.apk & Dropbox_CMW.zip File ၂ ခုကို အဲထဲကူးထည့်ပါ (မှတ်ချက် >>>>>> ဖုန်းမန်မိုရီကဒ်ထဲသို့ထည့်ရပါမယ် အယ်စတာနယ် SD နဲ့ မှားထည့်တတ်ကြလွန်းလို့ ထည့်ရေးပေးလိုက်ပါတယ် တကယ်တော့ မလိုပါဘူး)



ပြီးရင် သင့်ဖုန်း ထဲမှာ တကယ်လို့များ အရင်က Dropbox app ကို သွင်းထားတယ်ဆိုရင် အဲဒါကို အရင်ဖျက်ရပါမယ် ဖျက်ဖို့လိုအပ်ပါတယ် Settings ကနေ ၀င်ပြီး Dropbox ကိုအောက်က အဆင့်တွေ အတိုင်းဖျက်ချပါ တစ်ခါတည်းတန်းပြီး အမ်အင်စတော မလုပ်မိပါစေနဲ့ တန်းဖျက်လဲရတာပဲဆိုပြီး လောပြီးလုပ်မိတတ်လို့ပါ
 


1. Clear Data
2. Clear Cache
3. Force Stop
4. Uninstall

 ကဲဖျက်လို့ပြီးပြီးဆိုရင် Install Dropbox.apk ကို အင်စတောလုပ်ပါ အင်စတောလုပ်ပြီးရင် Open နဲ့ Done ကိုပြတဲ့ အခါ Done ကိုပဲနှိပ်ပေးပါ လုံးဝ Open ကို မနှိပ်ပါနဲ့
နောက်ဖုန်းကို Reboot ချပြီး Flash လုပ်ပေးရပါမယ် ဒီအတွက် Recover Mood ကိုဝင်လိုက်ပါ ကိုယ့်ဖုန်းမှာ လုပ်နေကျအတိုင်းပေါ့ အခြေခံအားဖြင့်ကတော့( +Vol =Home=Power) ဒါတွဲနှိပ်ပြီးဝင်တာပဲပေါ့ နောက်ပိုင်း ဆော့ဝဲလ်တွေ ထွက်လာတော့တန်းဝင်တာလဲ ရှိလာတာကိုး အဆင်ပြေတဲ့နည်းနဲ့ ၀င်လိုက်ပါ ရောက်ဖို့က လိုရင်းပါပဲ ၀င်ထားပြီးပြီးဆိုရင် သင်ကူးထည့်ထားတဲ့ Dropbox_CMW.zip ကိုပြပေးလိုက်ပါ သူ့ဟာသူလုပ်ပါမယ် ဒီနေရာမှာ စာတွေဖတ်ကြည့်ရင် မရဘူးထင်ရပါမယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော် install packed (0) ဆိုပြီးထည့်ထားပါတယ် အဲဒါအောက်ဆုံးမှာတက်လာပါမယ် တက်လာတဲ့ အထိစောင့်ပြီးရင် Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့ အခါမှာ  Dropbox ကိုဖွင့်ပြီး Login လုပ်ရပါမယ် လုပ်တဲ့ အချိန် app update ရှိနေပါပြီ ဆိုပြီးလာပြောတဲ့ အခါ လုံးဝမလုပ်ပါနဲ့ later ကိုနှိပ်ပေးလိုက်ပါ  ၀င်တဲ့အခါမှာ အပြည့်အစုံဝင်ရပါမယ် Camera Upload စတာတွေ ကို မကျော်ပါနဲ့ လုပ်သွားပေးပါ နဲနဲပေါ့ဗျာ အဲဒါတွေ ၀င်ပြီးရင် အကုန် အပ်လော့ လုပ်နေတာတွေ စောင့်စရာမလိုပါဘူး အခြားဟာနှိပ်ပြီး Home ကိုသာနှိပ်ပြီး ပိတ်ချလိုက် ဘာမှမဖြစ်ဘူး နောက် ကွန်ပျူတာက နေ ဒီနေရာကို သွားလိုက်ပြီး မိမိ အကောက်ကို ၀င်လိုက်ပါ မီနစ်အနည်းငယ် အတွင်း မေးလ်ထဲကို စာပို့လာပါလိမ့်မယ် ကျွန်တော့်ဆီကိုတော့ တစ်မီနစ်လောက်ပဲကြာတယ် ၀င်လာတာ အောက်က စာဝင်လာတာပါ ပြပေးလိုက်ပါတယ်
Hi အာကာဖြိုး,

Congrats on becoming a Dropbox Guru! We've awarded you 48 GB of bonus space for the next 24 months. You now have 56.88 GB on Dropbox. To get even more space, check out our upgrade options.

Thanks again for supercharging your Samsung device with Dropbox!

Enjoy,
- The Dropbox Team




ကဲ တကယ်လက်ခံရရှိပါပြီ ဒါဆိုရင် ကိုယ့်အကောက်ထဲကနေ ကိုယ့်ရဲ့ Storage Space ကို စစ်ကြည့်လိုက်ပါ 50GB ထပ်တိုးလာတာကို တွေ့ရပါမယ် ကျွန်တော့်ဆီမှာက အရင်ကတည်းက 8GB ကျော်ရှိနေလို့ 56GBကျော် ဖြစ်နေတာပါ သူပေးတာက Free Space 2GB နဲ့နောက်ထပ် ဘောနပ် 48GB ထပ်ပေါင်းပြီး 50GB ပေးတာပါ လုံလောက်တဲ့ပမာဏရပြီနော် နောက်ဒီအကောက်က ၀ယ်သုံးမှရတာ အခု အလကားရပြီ လုပ်ထားလိုက်ပါဦး အရှံးမရှိပါဘူးနော် 
ဟီးနောက်ဆုံးတစ်ခုတော့ ပြောလိုက်မယ် 
 အဆင်ပြေကြပါစေ ပေါ့....

Download : GE.TT , DropBox , SolidFiles 

Password  

 ပတ်ဝ ရရှိရန် ပထမဦးစွာ ဒီနေရာမှာ အကောက် ဖောက်ရန်လိုအပ်ပါသည်။ထို့နောက် မကြာမီအချိန်အတွင်းတွင် သင့်အီးမေးလ်သို့ ပတ်ဝရရှိရန်နည်းလမ်း ရောက်လာပါမည်။စာမလာခဲ့သော် သက်သာသည်ဟုမှတ်ပါ Password မေးထဲသို့ အော်တိုရောက်လာပါလိမ့်မည်

အာကာဖြိုး (နည်းပညာ)မှပြန်လည်ဖော်ပြပေးထားပါသည်။

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)