Service သမားများအတွက် Firmwares များ ပို့ပေးမည်.. (သတင်းကောင်းလေးပါဗျာ)

ဒီလိုဝန်ဆောင်မှုလေးတွေ ရှိလာတော့ နယ်ဒေသမှ serive သမားတွေအတွက် အရမ်းအဆင်ပြေသလို ကျန်တဲ့လိုအပ်ချက်ကလေးတွေပါ မေးမြန်းမှာယူလို့ရတဲ့

အခွင့်အရေးရနိုင်ပါတယ်

ဒါပေမယ့်လည်း နယ်ဒေသတွေမှာ ဖုန်းပြင်ခတွေကို အဆမတန်တောင်းနေတာတွေက အရမ်းဆိုးပါတယ်
ဒါကတော့ ပြုပြင်ပေးတဲ့သူကမကောင်းတာလား ဖုန်းပိုင်ရှင်တွေကပဲ လေ့လာလိုက်စားမှုညံ့လို့ ခံရတာလားတော့မပြေားတတ်ဘူး ဖုန်း လော့ဖြေရင် ၅၀၀၀ကျပ် root ဖောက်ရင် ၅၀၀၀ကျပ် root ဖောက်ပြီးဖုန်းကို လော့ဖြေရှင်းတာနဲ့  မြန်မာစာရဖို့အတွက်  root ပြန်ဖောက်ရမယ်တဲ့
ကျွန်တော်ဖုန်းကိုင်စတုန်းက အညာခံခဲ့ရတာလေးပါ အောက်ကသတင်းလေးကိုဖတ်ကြည့်လိုက်အုန်း
လေကျေားမရှည်တော့ဘူးနော်.............ဆဲတော့မှာလေကျေားရှည်နေလို့
Service သမားတွေအလိုရှိနေတဲ့ Android နဲ့ iOS Firmware တွေကို စုစည်းထားတာတွေရှိပါတယ်.. Android အတွက် Official Firmware တွေအပြင် Custom တွေကိုပါ ရနိုင်မှာဖြစ်ပါတယ်.. အဓိကအားဖြင့် နယ်က Service သမားတွေ ပိုလိုအပ်လိမ့်မယ်လို့ ထင်ပါတယ်.. သိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာ့အင်တာနက်က ဘယ်လောက် Bandwidth မြှင့်မယ်. ဘာညာနဲ့ ပြောနေတာ.. မြှင့်မယ် ပြောတိုင်း လိုင်းက တစ်ခါကျတယ်.. ခုဆို CDMA 800 သမားတွေလောက်ပဲ နည်းနည်း အဆင်ပြေပြီး WCDMA , GSM သမားတွေ အဆင်မပြေပါဘူး.. WCDMA ဆို GSM လိုင်းမှာဆင်းပြီး အင်တာနက်သုံးရတာ တစ်မိနစ် ၂ ကျပ်တန်ကို ၄ ကျပ်ပေးသုံးနေရာတာပါ.. ဒီလောက် လိုင်းအားနဲ့ အနည်းဆုံး 200 MB ကျော်တဲ့ Firmware တွေကို ဘယ်လို ဒေါင်းမလဲ..P6 ဆို 600 MB ကျော်တယ်လေ..
ဒီပြဿနာတွေကို ပြေလည်စေဖို့ နည်းလမ်း တစ်ခု လုပ်ထားပါတယ်..
DVD တစ်ခွေစာ Firmware ပြည့်အောင်ထည့်ပေးမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ Firmware ကို ကြိုတင်မှာယူနိုင်ပါတယ်.. Firmware အပြည့်ပါတဲ့ DVD ခွေ ( ၁) ခွေကို ကျပ် ၅၀၀၀ိ. ကျသင့်မှာဖြစ်ပြီး ရန်ကုန်နှင့် တိုက်ရိုက် ကားလိုင်းရှိသော ဒေသများကို ၄ ခွေနှင့်အထက်မှာယူပါက ကားဂိတ်မှတစ်ဆင့် ပို့ပေးမှာဖြစ်ပါတယ်.. ကားခသယ်ယူစရိတ်အတွက် မှာယူသူက ကျခံရမှာဖြစ်ပါတယ်.. နယ်က မှာယူလိုသူတွေက မှာယူလိုတဲ့ Firmware အမျိုးအစား၊ ပေးပို့ရမယ့်လိပ်စာ၊ ဖုန်းနံပါတ် တို့ကို maungpauk@gmail.com ကို Firmwares ခေါင်းစဉ်နဲ့ ပေးပို့နိုင်ပြီး မှာယူသော Firmware ရ/မရ ကို နေ့စဉ် မနက် ( ၉း ၃၀ ) မှ ညနေ ( ၄း ၃၀ ) အတွင်း ပြန်လည် အကြောင်းပြန်သွားမှာဖြစ်ပါတယ်.. ၄ ခွေနဲ့အထက် မှာယူလိုသူတွေက ဖုန်းနံပတ် 09440225635 ကို ဆက်သွယ်နိုင်ပြီး ငွေချေစနစ်ကို ပေးသူ အဆင်ပြေမယ့် စနစ်မျိုး ညှိယူမှာဖြစ်ပါတယ်.. ရန်ကုန်မှာ တစ်ခွေချင်း ဝယ်ယူချင်တယ်ဆိုရင်တော့ -

* မင်းမင်း ( Min Min ) Computer and Mobile Phone Services

* တိုက် ( 9 ) - B - 1

* မဟာမြိုင်အိမ်ရာ
* မြောက်ဒဂုံ
မှာ လာရောက်ဝယ်ယူနိုင်ပါတယ်..

ပေးပို့သူ - မင်းမင်း


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)