facebook လေးကို Android application လေးဖန်းတီးနည်းလေးပါ


မင်္ဂလာပါ......ဒီတစ်ခါတော့ ကျွန်တော်သူငယ်ချင်းများကို နည်းပညာလေးတစ်ခု တင်ပြပေးပါမယ် ဒီနည်းလေးကို ကျွန်တော်တွေ့တာတော့ကြာပါပြီ ဒါပေမယ့် ဖုန်းကအင်တာနက်လိုင်းကလည်း မကောင်း စက်ရုံကလိုင်းကလည်း စုတ်နေတော့ အွန်းလိုင်းကိုမရောက်ဖြစ်တာ ကြာသွားပြီ အခုနည်းလေးကတော့ သူငယ်ချင်းတို့ ကိုယ့်ရဲ့ facebook လေးကို Android application လေးဖန်းတီးနည်းလေးပါ အော့လိုင်းနဲ့လည်းပြန်လည်ကြည့်လို့ရပါတယ် 
 ပထမအဆင့်အနေနဲ့ www.mobile.conduit.com လင့်ကလေးကိုကလစ်သွားလိုက်ပါ
 အဆင်(၂)မှာတော့ အောက်ကပြထားတဲ့ပုံမှာ မိမိပြုလုပ်မည့် facebook page
 ကိုထဲ့ပေးရမှာပါ ပြီးရင်တော့ Crate app ကလစ်နှိပ်လိုက်ပါ။





 အဆင့်(၃)မှာတော့ Menu bar က Content မှာဝင်ရောက်ပြီး သူငယ်ချင်းရဲ့ app အမည်ကိုကြိုက်တဲ့အမည်လေးပေးလိုက်ပါ ။Background ဆိုတဲ့နေရာမှာ မိမိနှစ်သက်တဲ့အရောင်ကိုရွေချယ်ထားနိုင်ပါတယ်။ Layout နေရာမှာတော့ ထားချင်တဲ့ဒဇိုင်းကိုဖန်တီးနိုင်ပါတယ်။  
အဆင်(၄) မှာတော့ Menu Bar Style ကိုဝင်ရောက်လိုက်ရင်တော့ application Name ကို Text ဖော်ပြမှာလားဆိုတာကို ဖြေစွက်ပေးရမှာပါ။ Background အရောင်ကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့အရောင်ကို Upload ပြုလုပ်ထည့်သွင်းနိုင်ပါတယ်။



အဆင့်(၅)မှာတော့ Info ဆိုတဲ့နေရာမှာတော့ apk ရဲ့ logo နဲ့အတူ Screen Wallpaper ကိုပါပြောင်းလဲလို့ရပါတယ်။ ပြောင်းလဲအသုံးပြုချင်တဲ့ logo screen wallpaper တွေကိုတော့ ကွန်ပျူတာမှာအဆင်သင့်ရှိထားရပါမယ်။ အားလူုံးပြီးရင်တော့ save & Continue ကိုကလစ်ပေးလိုက်ပါ။


  အဆင်(၆)မှာတော့ application ပြုလုပ်သူုရဲ့ facebook email နဲ့ Password ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် Continue ကလစ်ပေးလိုက်ပါ ။ choose you plan ဆိုတဲ့နေရာမှာ Basic Plan ကိုရွေးချယ်ပေးလိုက်ပါ။

အဆင့်(၇)မှာတော့  ပြီးဆုံးတဲ့အပိုင်းကိုရောက်သွားပါပြီး ဒေါင်းလုပ်ယူရန်ပဲရှိပါတော့တယ် သူငယ်ချင်းတွေကို ပြန်လည်ဝေမျှချင်တယ် ကိုယ် facebook ကို အော့လိုင်းနဲ့ပြန်ကြည့်ချင်သူများအတွက် လုပ်ဆောင်းပြီး အပေါ်ဘားတန်းကလင့်လေးကို ကော်ပီကူးပြီး လင့်ပေးလိုက်ပါ။ နားလည်လိမ့်မယ်လို့တော့မျော်လင့်မိပါတယ်
အခက်အခဲများရှိရင်တော့ C-BOX မှာပြေားသွားခဲ့ပါ

                                            ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)