ဒီပလိုပါ ဦးဖြိုးချမ်ရေးတဲ့ Myandroid v1.4


ကျုပ် ဒီနေ့တော့ http://www.myanmarmobilesoftwaredeveloper.com/ ကိုရောက်ဖြစ်တယ်။ လူကြိုက်များတဲ့
ပို့စ် ကိုယ့်ဆီမှာလည်း မရှိသေးတာမို့ ကူးယူခဲ့တယ်.။ အတော်များများကတော့ ဒီဆိုက်လေးကို သိပြီးသားဖြစ်မှာ
ပါ။ ကွန်ပျူတာ ဖုန်း တက်ဘလက် အလုံးပေါင်း ၃ သိန်းကျော်က သူ့ဆိုက်ကို ၀င်ကြည့်ဖူးတယ်ဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါက လူတော်တော်များ ရောက်ဖူးတဲ့ဆိုက်ဆိုတာကို ထင်ရှားအောင်ပြောခြင်းပါ။ ဒီမှာ
ယူခဲ့တဲ့ ဆော့ဝဲလေးက ဦးဖြိုးချမ်းကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ ဆော့ဝဲလေးပါ။ ဘာတွေ အသုံးဝင်လည်းဆို
တော့ အောက်မှာ ကြည့်ရင် သိနိုင်ပါတယ်..။ Myandroid v1.4 ကို Free Share ပေးလိုက်ပါတယ်…ဒီ Tool လေး ကနေ လုပ်ဆောင်နိုင်တဲ့ Function တွေ ကတော့
Zawgyi မြန်မာစာသွင်းနိုင်ခြင်း  စံမြန်မာစာ သွင်းနိုင်ခြင်း   Smart Zawgyi မြန်မာစာသွင်းနိုင်ခြင်း  Android 4.0 Google App သွင်းနိုင်ခြင်း   Android 4.1 Google App သွင်းနိုင်ခြင်း  Andriud 4.2 Google App သွင်းနိုင်ခြင်း

Pattern & Password ဖြတ်နိုင်ခြင်း
Factory Reset လုပ်နိုင်ခြင်း
Recovery Mode ၀င်ရောက်နိုင်ခြင်း
Download Mode ၀င်ရောက်နိုင်ခြင်း
Fastboot Mode ၀င်ရောက်နိုင်ခြင်း
Adb Error များကို ဖြေရှင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။
နောက် Version အသစ်ထွက်ရင်လဲ သတိပေးနိုင်မဲ့စနစ်များပါထည့်သွင်းထားပါတယ်။
ဒီ Tool လေးကိုတော့ ၂လ ကျော် အချိန်ယူရေးဆွဲထားပါတယ်။
ဒီ Tool ကိုအသုံးပြုဖို့ .Net 4.0 လိုအပ်ပါတယ်
မရှိသေးသူများ ဒီမှာဒေါင်းပါ။
http://www.4shared.com/zip/BaBn3HOg/Dot_NET_Framework_40__Offline_.htm
Myandroid v1.3 ထက်ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။
Icon Design ကိုတော့ ကို Bo Sunny Lwin က ရေးဆွဲပေးထားပါတယ်…
Zawgyi Font,San Myanmar Font, Smar zawgyi Font နဲ့ Keyboard Developer များကို Credit ပေးပါတယ်…
ဒီ Tool ကို ဒီ မှာဒေါင်းပါ။
http://www.mediafire.com/download/4dyp5gb6608zg5u/Mandroid_v1.4.rar


Screenshot - 8_22_2013 , 12_22_19 PM

Screenshot - 8_21_2013 , 2_35_12 PM

Screenshot - 8_27_2013 , 11_13_33 AM

ကဲဗျာ ကျုပ်ကတော့ ကြော်ငြာမင်းသားပါဘဲ။ ဘာတစ်ခုမှ မလုပ်တတ်တော့ ကူးခဲ့လိုက်တယ်။
ဒီဆိုက်လေးကို ကျုပ်ဆိုက်ထဲမှာလည်း လင့်လေးထည့်ပေးထားပါတယ်။ ခုလောလောဆယ်တော့
Update ဖြစ်နေတဲ့ ဆိုက်လေးတစ်ခုပေါ့ဗျာ.။ ကျုပ်ကလည်း ကြော်ငြာပေးရတာ အရေးမကြီးဘူး။
ကျုပ်ကြော်ငြာပေးပြီးရင် ဆိုက်လေးတွေက Update မဖြစ်တော့တဲ့ ဆိုက်လေးတွေက များနေတော့
ပြောရသေးတာဗျာ.။ ဒါပေမယ့် ဒီဆိုက်ကတော့ အတော်လေး အားပေးမှု ရနေတဲ့ဆိုက်ဆိုတော့
ပြစ်မထားလောက်ပါဘူး.။ ကိုယ့်ဆိုက်တာပါ ကိုယ်မရှိရင် ဘယ်သူမှ ရေးပေးမယ့်သူ မရှိတာပါ။
တစ်နေ့ကတော့ မေးတစ်စောင်ရောက်လာတယ် ရေးပေးချင်တယ်ဆိုတာလေးပါ။ စာဖတ်မလို့ နှိပ်ပေမယ့် စာက ပွင့်မလားတော့ ပြန်စာတောင် မရေးရသေးဘူး။ ဘယ်သူ ဘယ်ကဆိုတာ မသိဘဲနဲ့တော့ မလုပ်သင့်ဘူး ထင်တာဘဲဗျာ။ blogspot.com ဆိုတာ လူတိုင်း လုပ်လို့ ရတယ်ဆိုပေမယ့် လူတိုင်း မလုပ်နိုင်ပါဘူး။
ဆိုက်ဖြစ်ရုံလောက် လုပ်မယ်ဆို လုပ်လို့ရတာပေါ့ဗျာ.။ နေ့တစ်ဓူဝ ပို့စ်လေးတွေ တင်နိုင်ဖို့ဆိုတာ လွယ်တာမှ
မဟုတ်တာ ကျန်းမာရေးကလည်း ကောင်းဦးမှ။ အခြေအနေကလည်း ပေးဦးမှလေ..။ အဲတော့
Update မဖြစ်ဘူးဆိုရင် လူတွေကလည်း လာလည်ကြမှာမဟုတ်ဘူး။ စသဖြင့် အများကြီးပါဘဲဗျာ..။ကိုယ်တစ်ယောက်တည်း ကြိတ်လုပ်နေလို့လည်း မရဘူး...စသဖြင့် စသဖြင့်....
အများကြီးပါဘဲ...အဆင်ပြေကြပါစေ..
 အကိုကြီးမိုးကောင်းကင် ဆိုဒ်မှပြန်လည်ဝေမျှပေးထားပါတယ်ခင်ဗျာ

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)