GSM ဖုန်းများတွင် ငွေလွှဲပြောင်း ပေးပို့နိုင်မည်



CDMA ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းငွေလွှဲပြောင်းပေးပို့ခြင်း စနစ်မှာ ဖုန်းတစ်လုံးမှ အခြားဖုန်း တစ်လုံးသို့ ကြိုတင်ငွေပေး ကတ်ငွေအား ဖြည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းပေးပို့ရာတွင် မိမိဖုန်းအတွင်းမှ ငွေအား လွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကတ် အသစ်မှ ငွေအား မိမိ၏ဖုန်းမှ အခြားဖုန်းတစ်လုံးသို့ လွှဲပြောင်းပို့ပေးခြင်း စနစ် ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်အား ယခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြုရာတွင် CDMA 800 ဖုန်းဖြင့် 166 ကိုခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက်များအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ကာ ငွေလွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော်လည်း ယခု GSM ဖုန်းများအတွက် ငွေလွှဲပြောင်းပေးပို့ရာတွင် Operator မှတစ်ဆင့် လုပ်ဆောင်ချက်များအတိုင်း သွားရန် မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။ GSM နှင့် WCDMA ဖုန်းများ ငွေလွှဲပြောင်း ပေးပို့ရာတွင် ပထမဆုံးအနေဖြင့် *123* ကို နှိပ်ရမည်ဖြစ်ပြီး ယင်း၏ နောက်တွင် မိမိဖြည့်သွင်းမည့် ငွေဖြည့်ကတ်၏ နံပါတ်များအား ရိုက်ထည့်ရမည်ဖြစ်သည်။ ငွေဖြည့်ကတ် နံပါတ်များအား ဖြည့်သွင်းပြီးပါက * ကို ထပ်မံနှိပ်ပြီး ယင်း၏နောက်တွင် မိမိငွေလွှဲပြောင်း ပေးပို့လိုသော ဖုန်းနံပါတ်ကို ဖြည့်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။ ထိုနောက် #Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်း ထည့်သွင်းပေးလိုသော ဖုန်းသို့ လွှဲပြောင်းငွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းရာတွင် နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်က မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်နံပါတ်များ မှားယွင်းနေကြောင်း Message ပြန်လာမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Related Posts:

  • ငရဲကြီး ၈ ထပ် နှင့် ၃၁ ဘုံ APK အခုတင်ပေးမဲ့ဆော့ဝဲလေးကအရမ်းကိုကောင်းမယ်လို့ယူဆလို့တင်ပေးလိုက်တာပါ သူကငရဲအကြောင်းကိုရှင်းပြထားတာပါ အခုဆော့ဝဲလေးကိုJASမှထုတ်လုပ်ထားတာပါအရမ်းကိုအသုံးဝင်မှာပါဒီဆော့ဝဲလေးကိုဒေါင်းပြိးတော့ကလေးလေးတွေကိုလည်းပြောပြလို့ရတာပေါ့ … Read More
  •ံHuawei Version 4.2.1ကိုGoogle Play Storeသွင်းနည်း အကိုအမတွေအတွက်ကျွန်တော်Google Play Storeသွင်းနည်းလေးရှင်းပြပေးပါ့မယ် မသိသေးတဲ့သူတွေအတွက်ပါ သိပြိးသူတွေလည်းသိပြိးမှာပေါ့နော့် ပထမဦးဆုံးသိထားရမဲ့အချက်က မိမိရဲ့ဖုန်းကိုroot ဖောက်ထားရပါမယ် ပြီးတော့မှကျွန်တော်ပြောတဲ့အတိုင်းကိ… Read More
  • ကိုယ့်ဖုန်းကိုကလိပြီးဖုန်းပြောသွားတဲ့သူတွေအတွက်နောက်ကွယ်ကနေထောက်လှန်းပေးမဲ့Call Spy အကိုတွေအမတွေအတွက်အသုံးဝင်စေမဲ့ဆော့ဝဲလေးပါအရမ်းကိုကောင်းပါတယ် ကောင်းလားမကောင်းလားတော့သုံးကြည့်ပေါ့နော် အခုတင်ပေးတဲ့ဆော့ဝဲလေးက ကိုယ့်ဖုန်းကိုကိုယ်မသိပဲခေါ်သွားပြီးCall logsတွေကိုဖျက်သွားတဲ့သူတွေအတွက် ဒီဆော့ဝဲလေးကSpyလုပ်ပေးမှ… Read More
  • Super Backup.apk  အခုကျွန်တော်တင်ပေးမဲ့applicationလေးကအကိုတွေအမတွေအတွက် အသုံးဝင်မယ်ထင်လို့တင်ပေးလိုက်တာပါ အရမ်းကိုကောင်းပါတယ် ကိုယ့်ရဲ့ဖုန်းလေးမှန်ကွဲသွားတာပဲဖြစ်ဖြစ် ဖုန်းလေးပျက်သွားတာပဲဖြစ်ဖြစ်ဒီဆော့ဝဲလေးမှာလုပ်ထားရင်အားလုံးအဆင်ြေ… Read More
  • ဖုန်းပါဝါခလုတ်တွေပျက်မှာဆိုး၇င်အော်တိုဖုန်းကိုဖွင့်ပေးမဲ့Auto Screen On ကိုကိုမမတွေအတွက်အရမ်းကိုလန်းတဲ့ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်တယ်ဗျာ AUTO SCREEN ONဆိုတဲ့ဆော့ဝဲလေးကကိုယ့်ဖုန်းမှာ၇ှိတဲ့ပါဝါခလုတ်လေးကိုနှိပ်စ၇ာမလိုပါဘူး sensorမှာ5sလေးလက်လေးထားထားယုံနဲ့Auto ဖုန်းဖွင့်ပေးပါတယ်ဘယ်လောက်ကောင်… Read More