လိပ်လိုနှေးတဲ့ GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software ပါ


Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။
 ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ... H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..ကျနော်စမ်းသပ်ချက်အရတော့ ကွန်ပျူတာ သုံးလုံးအထိ ကောင်းကောင်းခွဲသုံးလို့ရခဲ့သလို သုံးနေရင်းတစ်ပြိုင်နက်တည်း Kaspersky Antivirus Update ကိုလည်း Download ချလို့ရအောင် မြန်ဆန်ခဲပါတယ်.. အရင် GSM Connection နဲ့ဆိုရင် Update လုပ်ဖို့ဆိုတာ အသာထား..ကွန်ပျူတာနဲ့အင်တာနက်ချိတ်လိုက်ပီဆိုရင်ကို လိမ်ဖယ်လိမ်ဖယ်နဲ့တက်နေရတာပါ...အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ..အဆင်ပြေရင် Comment လေးတွေမြင်ချင်ပါတယ်။
ကျနော်ကတော့ GSM ကနေ လိုင်းကောင်းကောင်းလေးသုံးနည်း သိလိုက်ရတဲ့အတွက် ပျော်တယ်ဗျာ..မိတ်ဆွေတို့လဲ ကျနော့်နည့်းတူပျော်စေချင်ပါတယ်ခင်ဗျာ..။


Related Posts:

  • အီးပေါက်သံတွေ နဲ့ သူငယ်ချင်းတွေကို နောက်ရအောင် ဒီ app လေးကတော့ ဖုန်းကနေ အီပေါက်သံ အမျိုးမျိုးလုပ်ပြီး သူငယ်ချင်းတွေကိုနောက်လို့ရပါတယ် အပြင်က အစစ်နဲ့တော်တော်လေးကို တူပါတယ်  phone ကို shake ပြီးအသံထွက်အောင်လုပ်လို့ရသလို အချိန်နဲ့ မိုင်းပေါက်ကွဲအောင် လုပ်လို့ရ… Read More
  • ဖုန်းတွေမှာ Screenshot ရိုက်ကြတဲ့ဆော့ဝဲလေးပါ ဖုန်းတွေမှာ Screenshot ရိုက်ကြတယ်ဆိုရင် ကီးတွေတွဲနှိပ်ကြရတယ်မဟုတ်လား.. ဥပမာ Huawei မှာ Power နဲ့ အသံလျှော့ခလုတ်ပေါ့ဗျာ.. Screenshot ER PRO 2.3.3.3 နဲ့တော့ ကီးတွေနှိပ်စရာမလိုပါဘူး.. ဘယ်ကီးကိုနှိပ်ပြီး Screenshot ရိုက်ရမ… Read More
  • “သတိ” အိမ်ထောင်ရှိသူများအတွက်သာအသက်(၁၈)နှစ်အထက်ကျော်မှ ဆော့ဝဲကို ဒေါင်းပြီးအသုံးပြုကြပါ၊ ဆော့ဝဲအမည်လေးက (sex position)အဲ့လောက်ဆိုရင်တော့ သဘေားပေါက်လောက်ပါတယ် လိုအပ်ရင်အောက်မှာ ဒေါင်းယူသွားလိုက်ပါ။           … Read More
  • ANDROID ဖုန်းတွေအတွက်နည်းပညာဆိုဒ်ပေါင်းစုံပါဝင်တဲ့ MMIT APK   ANDROID ဖုန်းတွေအတွက်နည်းပညာဆိုဒ်ပေါင်းစုံပါဝင်တဲ့ MMIT  APK လေးကို နည်းပညာလေ့ လာတဲ့ ညီအစ်ကိုမောင်နှစ်မများအားလုံးကို မိမိတို့ ဖုန်းပေါ်မှ နည်းပညာသတင်းများကိုအချိန်နှင့် တပြေးညီဖတ်ရှူ့ နိုင်အောင်ပြန်လည်ဝေမျှ… Read More
  • အရမ်းလန်းတဲ့ Animated Widget Contact Pro v1.7.0 APK ဒီ apk လေးကကိုယ်မှတ်ထားတဲ့ contact တွေထဲက အရေးကြီးတဲ့နံပါတ်တခုပဲဖြစ်ဖြစ် group လိုက်ပဲ ဖြစ်ဖြစ် screen ပေါ်တင်ထားလို့ လဲရပါတယ်။ ပြီးတော့apkလေးတွေဖုန်းထဲမှာfolderဆောက်ပြီးခွဲလို့  ရပါတယ်။ ph version2.2,2.3 တွေဆိုရင်တော့… Read More