ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝင်လာရင် အဲဒီဖုန်းက ဘယ်လမ်း ၊ဘယ်မြို့နယ် ၊ ဘယ်လိပ်စာ ၊ ဘယ်မြို့ ၊ ဘယ်ပြည်နယ်/ တိုင်းဒေသကြီးကဆိုတာကို အတိအကျဖော်ပြပေးပါတဲ့ဆော့ဝဲ


Android OS ဖုန်းကိုင်သူ တိုင်းကြိုက်နှစ်သက်ကြမယ့်ဆော့ဝဲ အလန်းနဲ့ မိတ်ဆက်ပေးပါမယ်။

ဆော့ဝဲရဲ့နာမည်ကတော့ Golden Call Locator လို့ခေါ်ပါတယ်။

ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝင်လာရင် အဲဒီဖုန်းက ဘယ်လမ်း ၊ဘယ်မြို့နယ် ၊ ဘယ်လိပ်စာ ၊ ဘယ်မြို့ ၊ ဘယ်ပြည်နယ်/ တိုင်းဒေသကြီးကဆိုတာကို အတိအကျဖော်ပြပေးပါတယ်။

ဝင်လာတဲ့ဖုန်းတင်မဟုတ်ဘဲ ဖုန်းနံပါတ်ရိုက်ထည့်လိုက်ရင်လည်း လိပ်စာဖော်ပြပေးနိုင်ပါတယ်။

ကြိုက်သွားကြပြီမလား ။ ကြိုးဖုန်းနဲ့ခေါ်လာတာတွေကိုပဲ ဒီဆော့ဝဲကဖော်ပြပေးပါတယ်။

Golden Call Locator ဆော့ဝဲလေးက မြန်မာပြည်မှာသာအသုံးပြုလို့ရမှာဖြစ်ပါတယ်။


Golden Call Locator for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


                                        ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)