အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း


  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။  အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။

  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ် Facebook PageFacebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့် http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 http://androidmyanmar.blog.com/files/2012/12/1.jpg
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊ Rss Feed ကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
http://androidmyanmar.blog.com/files/2012/12/2.jpg
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
http://androidmyanmar.blog.com/files/2012/12/3.jpg
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
http://androidmyanmar.blog.com/files/2012/12/4.jpg
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
http://androidmyanmar.blog.com/files/2012/12/4.jpg
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။
http://androidmyanmar.blog.com/files/2012/12/6.jpg
http://androidmyanmar.blog.com/files/2012/12/7.jpg
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
http://androidmyanmar.blog.com/files/2012/12/8.jpg
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
http://androidmyanmar.blog.com/files/2012/12/9.jpg
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
http://androidmyanmar.blog.com/files/2012/12/10.jpg
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  http://androidmyanmar.blog.com/files/2012/12/11.jpg 

Related Posts:

  • Android ဖုန်းတွေ ဘာကြောင့် အသုံးပြုရတာ လေးနေပါသလဲ Android  ဖုန်းတွေ ဘာကြောင့် အသုံးပြုရတာ လေးနေပါသလဲ Face book အသုံးပြုတဲ့အခါ တခါတရံ ဘာကြောင့် Log Out ဖြစ်ဖြစ်သွားတာလဲ အဲ့ဒီပြဿနာတွေကတော့ Error လို့တော့မဆိုလိုပါဘူး ကျွန်တော်အထင်ပေါ့နော် ဖုန်းတွေလေးတဲ့အကြောင်… Read More
  • Huawei G610-u00 firmware လေးပါ Huawei G610-u00  firmware လေးပါ အကိုပေါက် c-box မှာတောင်းဆိုထားတာတွေ့လို့ကျန်တော် တင်ပေးလိုက်ပါတယ် ဒေါင်းလုပ်အဆင်မပြေရင် နာလည်ပေးပါ                     &nb… Read More
  • Android File Data Error တွေကိုရှင်းဖျတ်ထုတ်နည်းပါ ဖုန်းမှာ file အစုတ်ပလုပ်တွေ application Error တွေကြောင့် ဘာမှန်းမသိတဲ့ box ကလေးတတ်လာတာကို ဒီနည်းနဲ့ရှင်းပစ်လိုက်တာ ပိုစိတ်ချရတာပေါ့ဗျာ မကောင်းဆုံးကတော့ လက်ရှိသုံးနေတဲ့ ဆော့ဝဲတွေကို မသုံးတော့ပဲ နောက်ထက်ဆော့ဝဲအသစ်များကိုပြောင်… Read More
  • Android Setting ပိုင်းလေ့လာခြင်း Android ဖုန်း setting ပိုင်းကိုကျွန်တော်တို့ လေ့လာကြည့်မယ် မသိတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်လျှက် ကျွန်တော်ပြေားပြပေးတာပါ ကျွန်တော်တပည့်အဆင့်ပါ ယခုခေတ်အနေနှင့် ဖုန်းတွေလူတိုင် ကိုင်နိုင်နေကြပါပြီ ရန်ဖြစ်ရင်တောင် ဖ… Read More
  • Android Application ကို မြန်မာမှုပြုရအောင် ဒီနည်းပညာလေးကတော့ ကျန်တော်တို့လို မသိသေးတဲ့ ဆရာမရှိပဲလေ့လာနေတဲ့ သူငယ်ချင်းများအတွက် တကယ်တန်ဖိုးရှိတဲ့ ပညာရပ်လေးပါ သိပြီးသူများရှိသလို စတင်လေ့လာသူများ မသိသေးရင် သိရှိရန် ရည်ရွယ်ပြီး ဝေမျှတင်ပေးလိုက်တာပါ Mr.Phyo ဆိုဒ်လေ… Read More