မီးတောက်တွေနဲ့ကောင်းကင်ပေါ်ပျံနေတဲ့ ဒီဇိုင်းလေး လုပ်ကြည့်ချင်ရင်



မီးတောက်တွေနဲ့မိုးပေါ်ပျံမယ် ( ဖိုတိုရှော့စ်သင်ခန်းစာ )

ကျွန်တော်အခုတစ်ခါတင်မဲ့ ဖိုတိုရှော့စ်သင်ခန်းစာက မီးတောက်တွေနဲ့ကောင်းကင်ပေါ်ပျံနေတဲ့
ဒီဇိုင်းလေးပါပဲ။သူငယ်ချင်းတို့စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်နဲ့အတူလိုက်လုပ်ကြတာပေါ့။
တဆင့်ချင်းကိုအသေးစိတ်ပြောပြသွားပါမယ်။ ဒီပုံမှာ ပါဝင်ရမယ့်လိုအပ်ချက်တွေကတော့..
1 ။ နောက်ခံရှု့ခင်းရယ်
2 ။ ပြီးတော့ကိုယ်ပြုလုပ်မဲ့ လူပုံရယ်
3 ။ မီးတောက်တွေရယ်
4 ။ လျှက်စီးလက်နေတာရယ်
5 ။ အလင်းတန်းရယ်    ဒါပါပဲ။
ဒီအတွက်လည်းသူငယ်ချင်းတို့အဆင်ပြေအောင် ဒီ 5 ခုကိုဖိုင်ထဲမှာထည့်ပေးထားပါတယ်။
အောက်မှာဒေါင်းလိုက်ပါ။ ပြီးတော့ အိမ်မှာအေးအေးဆေးဆေးပြုလုပ်လို့ရအောင် PDF ဖိုင်လေး
ကိုလည်းပြုလုပ်ပေးထားပါတယ်။ ဒါဆိုရင်ကျွန်တော်တို့စကြရအောင်.
..

ပုံ 1 ။။ ပထမဆုံး ကိုယ်ပြုလုပ်မဲ့ပုံကို ယူလိုက်ပါ။ နံပါတ် ၁ ပြထားတဲ့အတိုင်း Polygonal Tool
လေးကိုယူလိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း လူပုံကိုဖျတ်ယူလိုက်ပါ။


ပုံ 2 ။။ ပြီးသွားရင်ဒီလိုတွေ့ရပါမယ်။ ပုံပေါ်မှာပဲ Copy လုပ်ဖို့အတွက် ကီးဘုတ်ကနေ Ctrl + C
ကိုနှိပ်လိုက်ပါ ။

ပုံ 3 ။။ ပြီးရင် နောက်ခံပုံကိုသွားယူလိုက်ပါ။ နောက်ခံပုံပေါ်မှာ ခုနက Copy လုပ်ထားတာကို
Paste လုပ်ဖို့အတွက် ကီးဘုတ်ကနေ Ctrl + V ကိုနှိပ်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း မြင်ကွင်း
အလိုက်အကြီးအသေးချဲ့လိုက်ပါ။

ပုံ 4 ။။ ပြီးရင်ကျွန်တော်တို့နောက်ခံပုံကို အရောင်ပြောင်းမှာဖြစ်တဲ့အတွက် လူပုံကိုမျက်စိခဏပိတ်
ထားလိုက်ပါ။ တစ်ဆက်တည်းမှာပဲ နောက်ခံပုံကို တစ်ချက်ကလစ်လိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထား
တဲ့အတိုင်း Image ကနေ Adjustments  နံပါတ် ၃ ပြထားတဲ့အတိုင်း Hue/Saturation ကိုနှိပ်လိုက်ပါ။

ပုံ 5 ။။ ဒီလိုဘောက်လေးကျလာရင် -9 ၊ -51 ၊ -23 လောက်ထားလိုက်ပါ။ မမြင်ရရင်ပုံကို
ကလစ်ပြီးကြည့်ပါ။

ပုံ 6 ။။ ပြီးရင်ကျွန်တော်တို့ ဒေါင်းထားတဲ့ဖိုင်ထဲမှာအသင့်ပါလာတဲ့ လျှက်စီးလေးကိုခေါ်ဖို့အတွက်
ခါတိုင်းပုံယူတဲ့အတိုင်း Open ကနေသွားယလိုက်ပါ။ပြီးရင် Brush Tool ကနေပုံမှာပြထားတဲ့အတိုင်း
ကိုယ်ကြိုက်တဲ့ လျှက်စီးစတိုင်လေးကို ယူလိုက်ပါ။အများကြီးပါ ပါတယ်။ပြီးရင်ပုံပေါ်မှာကြည့်ကောင်းသလို
လိုက် ချပေးလိုက်ပေါ့။

ပုံ 7 ။။ အိုကေ..အောက်ကပုံအတိုင်းပေါ့နော်...

ပုံ 8 ။။ ဒီအဆင့်မှာ ကျွန်တော်တို့ မီးတောက်လေးထည့်မယ်။ ဒေါင်းလော့စ်ဖိုင်ထဲမှာပါလာတဲ့
မီးတောက်လေးကို သွားယူလိုက်ပါ။ ပြီးရင် Move tool လေးသုံးပြီး ဒီဘက်ကိုဆွဲထည့်လိုက်ပါ။

ပုံ 9 ။။ ပြီးရင် မီးတောက်လေးကို မလိုအပ်တဲ့နေရာတွေကို Eraser tool လေးသုံးပြီးဖျတ်ထုတ်လိုက်ပါ။

ပုံ 10 ။။ ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း Edit ကနေ Transform မှတဆင့် နံပါတ် ၂ ပြထားတဲ့အတိုင်း
Warp ကိုယူလိုက်ပါမယ်။

ပုံ 11 ။။ အခု သူငယ်ချင်းတို့မြင်တဲ့အတိုင်း ဘောင်အကွပ်လေးပေါ်လာရင် လက်ပြထားတဲ့နေရာ
ကနေကြည့်ကောင်းသလို ဖိပြီးဆွဲတင်ပေးပါ။ ဒီနေရာမှာတော့ မိမိကြည့်ကောင်းလို ကြည့်လုပ်ပါ။
ဘာလို့ဒီကောင်ကိုသုံးရလဲဆိုတော့ မီးတောက်ပုံကို ကြည့်ကောင်းအောင်ပြင်တာပါ။

ပုံ 12 ။။ ပြီးရင် ခုနကအတိုင်းပဲ နောက်ထပ်မီးတောက်ကိုထပ်ယူလိုက်ပါ။ ပြီးရင် ခုနလုပ်တဲ့အတိုင်း
ဒီဇိုင်းကျကျပြင်ပေးလိုက်ပါ။ကြည့်ကောင်းသလိုပေါ့။ စိတ်တော့ရှည်မှရမယ်သူငယ်ချင်း ။ ဖိုတိုရှော့စ်
နည်းပညာကတော့ စိတ်ရှည်လေ ပုံကကြည့်ကောင်းလေပါပဲ။

ပုံ 13 ။။ ပြီးသွားရင် ဒါကတော့နောက်ဆုံအဆင့်ပါပဲ။ အပေါ်ကအလင်းတန်းကျဖို့အတွက်
ဒေါင်းလော့စ်ဖိုင်ထဲမှာပါတဲ့ အလင်းတန်း Brush လေးကိုသွားယူလိုက်ပါ။ ပြီးရင် Brush tool
ကနေ လျှက်စီးခေါ်သလိုပဲ မိမိအဆင်ပြေမဲ့ အလင်းတန်းလေးရွေးပြီး ပုံပေါ်ကလစ်လိုက်ပေါ့။
တစ်ခုတော့ရှိတယ်နော် ကာလာကိုတော့ အဖြူမကျအမဲမကျ ကြည့်ကောင်းမဲ့ကာလာလေးရွေးနော်။


                           ကဲ.. အားလုံးအဆင်ပြေကြပါစေ.....

                        Download Brush Tool  Zippyshare | Dropbox

                       Download PDF (Ebook)  Zippyshare | Dropbox

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)