Android File Data Error တွေကိုရှင်းဖျတ်ထုတ်နည်းပါ

ဖုန်းမှာ file အစုတ်ပလုပ်တွေ application Error တွေကြောင့် ဘာမှန်းမသိတဲ့ box ကလေးတတ်လာတာကို ဒီနည်းနဲ့ရှင်းပစ်လိုက်တာ ပိုစိတ်ချရတာပေါ့ဗျာ မကောင်းဆုံးကတော့ လက်ရှိသုံးနေတဲ့ ဆော့ဝဲတွေကို မသုံးတော့ပဲ နောက်ထက်ဆော့ဝဲအသစ်များကိုပြောင်းသုံးတာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့  ဘာမှန်းမသိတဲ့ box တတ်လာတာကတော့ ဖုန်းဆော့ဝဲဗားရှင်းနိမ့်လို့အလုပ်မလုပ်တော့တာတို့ ဗိုင်းရပ်ပါတာတို့ကြောင့်လို့ ကျွန်တော်ထင်ပါတယ် ဒါကြောင့်အကောင်းဆုံးကတော့ ဆော့ဝဲအသစ်ပြောင်းသုံးတာပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်သိတဲ့သူငယ်ချင်းတွေအတွက်တော့ ကျော်ခွသွားလိုက်ပေါ့ဗျာ ကျွန်တော်လဲ အမတစ်ယောက်ကမေးထားလို့ နားလည်လွယ်အောင် ပုံလေးနဲ့ရှင်းပြပေးလိုက်ပါတယ်
 အပေါ်က ပုံမှာ backup ဆိုတဲ့ဆော့ဝဲလေးကိုဖွင့်လိုက်ပါ ဒါကတော့ဖုန်းတိုင်းမှာပါပြီးသား backup ဆော့ဝဲလေးပါ မတွေ့၇င်တွေ့အောင်ရှာကြည့်ပါ အောက်ကပုံကိုကြည့်ပါ
 back up to SD card ဆိုတာကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုဆက်ကြည့်ပါ
 backup လုပ်တယ်ဆိုတာဘာလဲဆိုတာတော့သိမှာပါ ဆော့ဝဲ data တွေကို ပြတ်သွားရင်ပြန်ယူလို့ရအောင် သိမ်းယူထားတာပေါ့ဗျာ နားမလည်မှာစိုးလို့ပါ သိမ်းထားချင်တဲ့ ဟာကိုအမှန်ချစ်ပေးပါ အကုန်လုံးသိမ်းယူထားချင်ရင်တော့ select all ဆိုတာကိုနှိပ်ပြီး စတင် buckup လုပ်လိုက်ပါ ဆော့ဝဲများရင်များသလိုအနည်းငယ်ကြာပါတယ်
ပြီးရင်တော့ ok လေးကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့ ကျွန်တော်တို့ စတင်ပြီး file Error တွေဖျတ်ထုတ်ရှင်းပစ်လို့ရပါပြီ setting ကိုသွားပါ အောက်ကပုံလေးကိုကြည့်ပါ
 backup& reset ဆိုတာကိုနှိပ်လိုက်ပါ
 factory data reset ဆိုတာကိုနှိပ်လိုက်ပါ
 အမှန်ချစ်လေးပေးပြီး Reset phone ဆိုတာကိုနှိပ်လိုက်ပါ အောက်မှာဆက်ကြည့်ပါ
 Reset phone ဆိုတာကိုနှိပ်ပါ backup data ကတော့ ကျွန်တော်တို့အပေါ်ဆုံးမှာ ဆော့ဝဲနဲ့လုပ်ခဲ့ပြီးပြီဆိုတော့ လုပ်ပေးစရာမလိုတော့ပါဘူး ဆော့ဝဲနဲ့မလုပ်ရသေးရင်တော့ အဲ့ဒီမှာဆက်လက်ဝင်ရမှာပါ နှိပ်ပြီးသွားရင်တော့ ဖုန်းက restart  ကြသွားပြီး သူ့ဘာသာအလုပ်ဆက်လုပ်သွားပါလိမ့်မယ် root system now ဆိုတာကို ရွေ့ပြီး ပါဝါအဖွင့်အပိတ်နဲ့ ခလုပ်ကလေးကိုနှိပ်လိုက်ပါ စက်ပြန်ပွင့်လာရင်တော့ တရုတ်စာတွေပေါ်လာမှာပါ setting ကိုဝင်ပါlanguage & input ဆိုတာကိုနှိပ်လိုက်ပါ ထိပ်ဆုံးမှာတရုတ်စာလေးပေါ်နေပါလိမ့်မယ် နှိပ်လိုက်ပြီး english ဆိုတာကိုရွေးလိုက်ပါ ပြန်ထွက်ပါ settingကိုဝင်ပါ security ကိုဝင်လိုက်ပါ  Unknown sources ဆိုတဲ့ဘေးမှာအမှန်ခြစ်လေးပေးလိုက်ပါ အဲ့ဒါကိုအမှန်ခြစ်ပေးမထားမိရင်တော့ ဆော့ဝဲတွေတင်လို့မရပါဘူး အမှန်ခြစ်လေးပေးဖို့မေ့မနေပါနဲ့ ပြီးရင်တော့ ဆော့ဝဲလေးတွေပြန်ထဲ့ရန် backup ဆိုတဲ့ဆော့ဝဲကိုပြန်ဖွင့်ပါ SD ထဲမှာသိမ်းထားတဲ့အတွက် အထဲကိုဝင်လိုက်ပါ ပြီးတော့ဆော့ဝဲတွေ ဖုန်းနံပတ်တွေကို restore ပြန်လုပ်လိုက်ပါဒါကတော့နည်းနည်းလေးရှုပ်သွားတယ်ထင်တယ် ဒီနည်းကတော့ ဖုန်းထဲမှာရှိတဲ့ contacts တွေဖုန်းဆော့ဝဲလေးတွေပြန်ယူချင်လို့ဒီနည်းသုံးတာပါ ဘာဆော့ဝဲမှမယူဘူး ဖုန်း contacts တွေပဲယူချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလေးနဲ့ ဖုန်းထဲမှာမှတ်ထားတဲ့ သူငယ်ချင်းဖုန်းနံပတ်တွေကို ဖုန်းကဒ်ထဲကိုပြောင်းလိုက်ပါ ဒါဆိုရင်တော့ လုပ်ရတာလဲလွယ်ပါတယ် ဖုန်းပါဝါအဖွင့်အပိတ်နဲ့အသံချဲ့တဲ့ခလုတ်နှစ်ခုကိုကြာကြာတွဲနှိပ်လိုက် android ပုံလေးနဲ့စာမျက်နှာလေးပွင့်လာရင်တော့ လက်ကိုလွတ်လိုက်ပါ ပျက်သွားမှာကိုကြောက်မနေပါနဲ့ ပြီးရင်တော့ ဖုန်းသံအတိုးအချဲ့ကလေးနဲ့ အောက်နားလေးက wipe data/factory reset ဆိုတာကိုသွားလိုက်ပါ ရောက်ရင်တော့ ပါဝါခလုတ်ကလေးကိုနှိပ်လိုက်ပါ အလုပ်ဆက်လုပ်သွားပါလိမ့်မယ် စက်ပွင့်လာရင်တော့ ကျွန်တော်အပေါ်မှာပြေားထာခဲ့သလို setting မှာဝင်ရောက်ပြုပြင်လိုက်ပါ 
အခက်ခဲရှိခဲ့၇င်တော့ c-box မှာပြေားထားခဲ့ပါ ကျွန်တော်လဲသိသမျှ မေးသမျှကိုပြန်ဖြေပေးရတာပါ
အမှားပါရင်နားလည်ပေးစေလိုပါတယ်ခင်ဗျာ

အားလုံးအဆင်ပြေပါစေ



အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Related Posts:

  • Huawei G510 LCD မီးမလင်းပြသာနာဖြေရှင်းနည်း     Huawe G510 LCD မလာတာကိုပြုပြင်ပါမယ် အများဆုံးကတော့ရေ၀င်လို့ပေါ့နော် နက်နက်နဲ့နဲ့တော့မဟုတ်ဘူးဗျာ. ဆော့ကတ်ကိုကျော်ပြီးတော့ကြိုးဆက်သွားတာပါ  နောက်တစ်ခုပြောချင်တာက LCD မီးမလင်းတာပဲနော် LCD တစ်ချပ်လုံ… Read More
  • Android programing ဆိုင်ရာ( E BOOK ) Android programing အပိုင်းကိုစိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက်ပါ။electronic engineering  အပိုင်းကိုစိတ်ဝင်စားတဲ့ မိတ်ဆွေတွေလေ့ လာလို့ ရနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ် ဒီစာအုပ်ကိုဖတ်ပြီးသွားတာနဲ့ ဘာတွေနားလည… Read More
  • SONY FIRMWARE တွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။ XPERIA T-[LT30p] (7.0.A.3.223) (467Mb) ------>http://www.mediafire.com/download.php?02oe3nd7vm5mp10 (9.1.A.0.489) (538Mb) ------>http://www.mediafire.com/download.php?qpngf7fd7n6l124 =======================… Read More
  • Android All Diver(Diver ရှာမတွေသူများအတွက်)  နေလည်က ညီတစ်ယောက် driver မေးထားလို့ ကျွန်တော်ပြန်ရှယ်ပေးလိုက်ပါတယ် ဒီဆိုဒ်လေးမှ ကူးယူဖော်ပြပေးထားပါတယ် ဖုန်းကိုကွန်ပျုတာနဲ့ချိတ်ပြီး Music/ Video / Game /Service လုပ်လို့သူများအတွက် Diver ဟာမရှိမဖြစ်လိုအပ်ပါတ… Read More
  • Sony Ericsson Bootloader Unlocker Tool လေးပါ                        &nbs… Read More