ကွန်ပြူတာကို အချိန်နဲ့ပိတ်ခိုင်းခြင်း

  
                                      

 ကျွန်တော်ဆော့ဝဲလေးတော့ တင်ပေးထားပြီးသားပါ ဒါကတော့ ဆော့ဝဲမလိုပဲ ပြုလုပ်တဲ့နည်းလမ်းလေးပါ
ကျနော်တို့ windows အထဲမှာ အလိုအလျှောက်ပါတဲ့ ကွန်ပျူတာကို ပိတ်စေတဲ့ နည်းလမ်းလေးတခုပါပါတယ်။ အဲဒါလေးကို ကျနော်ပြောပြမယ်ဗျာ။ သိပြီးသားဆိုရင်တော့ ဆော်ရီပဲ။ မသိသေးသေးတဲ့ လူတွေကို အဓိက ရည်ရွယ်ပါတယ်။
အယင်းဆုံး Start>Run (or) Windows (key) + R ကို ဖွင့်လိုက်ပါ
ပွင့်လာတဲ့ box အထဲမှာ cmd လို့ရိုက် Enter (or) OK လုပ် command prompt ထဲကိုရောက်သွားလိမ်မယ်။
အဲဒီအထဲမှာ shutdown -s -t 3600 လို့ပေးလိုက်ပါ။ 3600 က စက္ကန့်ကိုပဲ ပြောတာနော်။ ကို ပိတ်ချင်သလောက်ကို ရိုက်ထည့်ပေါ့။
အဲဒီအချိန်ကျရင် အလိုလို ပိတ်သွားလိမ်မယ်။

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)