C8816D Root ဖောက်နည်း Unlock coad တောင်းနည်းအပြည့်စုံ




                         မင်္ဂလာပါ သူငယ်ချင်းတို့ လိုင်းမကောင်းတာနဲ့
 သုံးရက်လောက် ပို့မတင်ဖြစ်သွားဘူး ကျန်တော်ဆိုဒ်မှာ တင်ထားတာလေးတွေက ညီငယ်
      တင်ပေးထားတာပါ ညီငယ်ကိုလဲ ကျေးဇူးတင်ပါတယ် အခုနည်းပညာလေးကတော့
ကျန်တော်တို့ ယခုနောက်ထွက်တဲ့ C8816D မြန်မာဖောင့်ရဖို့အတွက်
root ဖောက်ဖို့အတွက် ကုဒ်တွေတောင်းမရကြလို့
တိုင်းပတ်နေကြတာတွေများနေကြသလို ဆိုဒ်တိုင်းလိုလိုမှာ အကူညီတောင်းထားကြတာတွေ
အများအပြားတွေ့တာကြောင့် အသေးစိတ်လေး တင်ပေးလိုက်တာပါ
အောက်မှာပုံလေးတွေနဲ့အဆင့်ဆင့်သွားလိုက်ကြရအောင်

ပထမဆုံး ကုဒ်တောင်းဖို့အတွက် ဒီလင့်မှာ သွားလိုက်ကြရအောင်နော် 
ပြီးရင်တော့ အောက်ကပုံလေးတွေပြထားတဲ့အတိုင်း
အဆင့်ဆင့်သွားမယ်နော်
အမှန်ချစ်လေးပေးပြီးရင်တော့ အောက်ကမြားပြထားတဲ့ နေရာလေးကို
ကလစ်ပြီးသွားလိုက်ပါ
 

အပေါ်မှာတစ်ခုခြင်းထဲ့ရမှာလေးတွေကို ပြထာပေးထားတယ်နော်
အောက်ကပုံမှာ ကျန်တော်အခု ကုဒ်တောင်းနေတဲ့ ပုံစံလေးကို ပြထားတယ်နော်
အောက်မှာမြင်လား ပြန်ပို့လိုက်တဲ့ ကုဒ်နံပတ် (၁၆) အနီရောင်တရုတ်စာလုံးတွေ နောက်မှာ
ဒီနေရာမှာ သူငယ်ချင်းတို့ ကုဒ်တောင်းတဲ့ နေရာမှာ လွဲချော်နေတဲ့ ပြဿနာက
Product ID ကုဒ်ပဲဖြစ်ပါတယ် အောက်မှာကျန်တော် Product ID ကုဒ်ကိုကြည့်တာ
ပုံလေးတွေနဲ့ ပြထားပါတယ်

*#*#1357946#*#*
ရိုတ်ထဲ့လိုက်ပါ အောက်ကပုံလေးလို ကုဒ်လေးတွေ ပေါ်လာတာတွေ့ပါလိမ့်မယ်
 67631160 ဆိုပြီးတွေ့ကြပါလိမ့်မယ် ဒါကကျန်တော်ဖုန်း ID နော်သူငယ်ချင်းတို့ဖုန်းမှာ
တစ်မျိုးပေါ်မှာပါ ဒီကုဒ်ကိုဖော်ကြည့်တာက ဖုန်းကဒ်မဖြုတ်ပဲ ရိုတ်ကြည့်လိုက်တာ
ပေါ်လာတာပါ ဒီကုဒ်နဲ့ Product ID ဆိုတဲ့နေရာမှာထဲ့ပြီး အပေါ်ကနည်းအတိုင်း ကုဒ်တောင်းကြည့်ပါ
မရခဲ့ရင်တော့ ဖုန်းကဒ်ကိုဖြုတ်ပြီး *#*#13579#*#* လို့ပြန်ရိုတ်ကြည့်ပါ 
အောက်ကလို နောက်ထက်တစ်မျိုး ကုဒ်တစ်မျိုးတွေ့ပါလိမ့်မယ်

ဒါကနောက်ထက်တစ်မျိုးပေါ်လာတာပါ အပေါ်ကကုဒ်နဲ့ တောင်းမရရင်
ဒီကုဒ်ကို Product ID နေရာမှာထဲ့ပြီး တောင်းကြည့်ပါ အားလုံးအိုကေသွားလိမ့်မယ်
အဓိက သူငယ်ချင်းတို့ တိုင်းပတ်နေကြတဲ့ ပြဿနာက ဒီနေရာလေးမှာ ကုဒ်နှစ်ခုပါပဲ
Root လုပ်ဖို့အတွက်တော့ အောက်ကဟာလေးဒေါင်းပြီး
လုပ်လိုက်ပေးတော့ မြန်မာလို့လေးဆိုတော့ ဖောက်တတ်ကြလိမ့်မယ်ထင်လို့
မပြေားတော့ဘူးနော် ပြေားတာနောက်ကြသွားလား လိုင်းမရတာ ကြာနေလို့နော်


Screenshot - 4_11_2014 , 10_59_22 AM



Screenshot - 4_8_2014 , 11_52_18 AM

Screenshot - 4_11_2014 , 10_54_54 AM


C8816,C8816D တွေကို တစ်ခါထဲ မြန်မာဖောင့်,UnlockBootloader,Root Access
အစရှိတာတွေကိုတစ်ခါထဲထည့်ပေးသွားမှာပါ။ Tool ထဲမှာ Instruction အပြည့်အစုံ
မြန်မာလိုရေးပေးထားပါတယ်။
အရင် Version 1.0 မှာ Tool Instruction မှာ မြန်မာလို မပေါ်တာကော
Window Username မှာ Space ပါနေရင်မရတာကိုကော ပြင်ဆင်ပေးထားပါတယ်
ဒီ Tool ကို ဒီမှာ ဒေါင်းပါ။
http://d-h.st/Nb4
အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...