သင့်ကွန်ပျုတာမှာ USB Drive တပ်လိုက်ပြီး မပေါ်ခြင်း


 



USB Drive ကို ကွန်ပျုတာတွင် တပ်ဆင်လိုက်တဲ့အခါမှာ Windows က USB Drive ကို ရှာတွေ့ပါတယ် ။ ဒါပေမယ့် အဲဒီလို တပ်လိုက်တဲ့ အချိန်မှာ ကွန်ပျုတာက Dirve Icon ကို ဖော်ပြလာခြင်း မရှိဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ Window ဟာ USB Drive အတွက် Drive letter မပေးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ USB Drives တွေ အသစ်ဝယ်လာတဲ့ အခါ ( သို့ ) တစ်ကြိမ် တစ်ခါမျှ ကွန်ပျုတာတွင် တပ်ဆင်ခြင်း မပြုရသေးတဲ့ အခါမျိုးတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ USB Drive ရဲ့ Drive letter ဟာ Disk Management Service မှာ ရှိပြီးသား ဖြစ်ပါတယ် ။ လက်ရှိ ရှိနေတဲ့ Drive Letter ကို ချိန်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။  ဒါကို ဘယ်လို ပြင်ဆင်မလဲဆိုတော့ -

- Start => Run =>မှာ diskmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
- USB Drive ပေါ်မှာ Right Click ထောက်ပြီး Change Drive Letter and paths.. ဆိုတာကို သွားလိုက်ပါ။
- Add, Change , Remove ဆိုပြီး Change Drive Letter and paths..Window Box တက်လာမယ်...။
- Change ဆိုတာကို Click လိုက်ပါ။ ပြီးရင် Drive letters ကို Drop down menu ကနေ ရွေးပေးလိုက်ပါ ..။
{ My Computer မှာ ရှိပြီးသား Drive Letters တွေကိုတော့ ရွေးလို့ မရပါဘူး }
- ပြီးသွားရင် OK ပေးလိုက်ပါ ။ Confirm အတွက် Warning message တက်လာရင် Yes ပေးလိုက်ပါ။
- အခု USB Drive ရဲ့ New drive letter ကို My Computer မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...။
- ဒါဆိုရင် USB Drive ကို ပြဿနာ ကင်းကင်းနဲ့ အသုံးပြုနိုင်ပါပြီ...။


Create your own website for free: http://www.webnode.com

အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...