USB Device တွေမှာအများဆုံးတွေ့ရတဲ့ ဗိုင်းရပ်တစ်မျိုး


 




အခုတလော USB Device တွေမှာအများဆုံးတွေ့ရတဲ့ ဗိုင်းရပ်တစ်မျိုးကတော့
Bot.exe လို့ခေါ်ပါတယ်၊ မမ်မိုရီစတစ် ၊ အမ်ပီဖိုး ၊ အမ်ပီသရီးတွေမှာ အများဆုံးတွေ့ရပါတယ်
Bot.exe ၀င်နေပြီဆိုရင် မမ်မိုရီစတစ်များ အမ်ပီဖိုး ပလေရာများတွင်မိမိဒေတာများ ပျောက်ဆုံးကုန်တာ
တွေ့ရမှာ ဖြစ်ပြီး ထိုဒေတာ ပျောက်ဆုံးသွားသော စက်များအားproperties ဖြင့်ကြည့်မယ်ဆိုရင်
မိမိထည့်သွင်းထားသော ဒေတာများ၏ Capacity အတိအကျရှိနေတာတွေ့ရပါမယ်နားလည်သူဆိုရင်တော့သိမှာပါ
ဒါက Hidden ဖြစ်သွားတယ်ဆိုတာကိုပေါ့…  Toll bar က Folder Options ကနေ ချိန်းကြည့်လဲမရပါဘူး
Search နဲ့ရှာမယ်ဆိုရင်လဲ မရပါဘူး… စိတ်ပျက်လက်ပျက်နဲ့Format မရိုက်လိုက်ပါနဲ့အုံး လွယ်လွယ်ပြန်ရမယ့်
နည်းရှိပါတယ်… ဥပမာ- သင့်စက်ဟာ My Computer မှာ F: ဆိုပါတော့ဒေတာပျောက်နေသော F: ထဲကိုဝင်လိုက်မယ်ဆိုရင် Tool bar ပေါ်က Address bar မှာF:\  ဆိုပြီးတွေ့ရမယ် သင့်စက်ထဲမှာ သင်မှတ်မိမယ့်
သင့် ဒေတာဖိုင်နာမည်တစ်ခုကို Address bar မှာရိုက်ထည့်ပါဥပမာ- F:\mp3 ဆိုပြီး ရိုက်ထည့်မယ် ပြီးရင် Enter key
နှိပ်လိုက်မယ်ဆိုရင်တော့ mp3 ဆိုတဲ့ပျောက်နေတဲ့ ဖိုင်ထဲရောက်သွားမှာဖြစ်ပါတယ်သင့်ဖိုင်များကိုသင်မှတ်မိသလောက်တော့ ပြန်ရမှာ ဖြစ်ပါတယ် စာလုံးအကြီးအသေးနဲ့             Spacebarအကွာအဝေးတော့မှန်ပါစေ။Notepad.exe ဗိုင်းရပ်မျိုး ၀င်နေတယ်ဆိုရင်လဲ ဒီနည်းအတိုင်း ဖိုင်တွေကိုပြန်လည်ရှာဖွေနိုင်ပါတယ်။Bot.exe ကို ဗိုင်းရပ်ဆော့ဖ်ဝဲတွေက မသိကြသေးပါဘူး ဒါကြောင့်ကာကွယ်ချင်တယ်ဆိုရင်တော့USB Disk Security လိုမျိုးဆော့ဖ်ဝဲတွေသွင်းထားသင့်ပါတယ်။

Read more: http://sitnaingaung.webnode.com/usb/
Create your own website for free: http://www.webnode.com



အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...