USB Drive ဖွင့်မရခြင်း ( သို့ ) Open with ဖြင့် တက်လာခြင်း







 

USB Drive (သို့) Hard Drive ကို Double click လိုက်ရင် “Open with “ ဆိုတာကြီးကို ကွန်ပျုတာ အသုံးပြုသူတိုင်း ကြုံဖူးကြမှာပါ။ သူ့ရဲ့အဓိကပြဿနာကတော့ USB Drive (သို့) Hard Drive ထဲမှာVirus များ ရှိနေခြင်းကြောင့်ပါပဲ။ Drive ကို Right Click ထောက်ပြီး Open ကို ရွေးဖွင့်မယ်ဆိုရင်တော့ သူက အလုပ်လုပ်ပါတယ်။ Double Click မရတာပေါ့..။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတော့ ကွန်ပျုတာမှာ Antivirus က Virus တွေကို သတ်လိုက်သော်လည်း Autorun တွေဟာ Virus တွေရဲ့ နောက်ကနေ ဝင်လာပြီး “Open with “ ဆိုတဲ့ Message ကြီးကို ပေးသွားခြင်းကြောင့်ပါ။

ဒီ Error ကို ဖြေရှင်းတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်
Disk Heal ဆိုတဲ့ Tool နဲ့ ဖြေရှင်းတဲ့နည်းလေး ဖော်ပြပေးသွားပါမယ်။ ဒီ Disk Heal ဆိုတဲ့ Tool ဟာ Virus ကြောင့် ဖြစ်ပေါ်စေတဲ့ Problems များကို ဖြေရှင်းပေးနိုင်ပါတယ်။

-
Disk Heal ကို Download  ချပြီး Run လိုက်ပါ။
- Run ပြီးရင် Disk Heal ကို ဖွင့်ပြီး Fix Tab ကို သွားပါ။
- Fix Disk Problems မှာ Drive letter ကို ရိုက်ထည့်ပြီး Fix ကို Click လိုက်ပါ။
- ကျန်တဲ့ Drives တွေကိုလဲ အပေါ်ကလိုပဲ လုပ်သွားပါ..။


Disk Heal နဲ့ ပတ်သက်ပြီး ဘာတွေထပ်လုပ်လို့ရတယ်ဆိုတာကို
ဒီနေရာ မှာ ဆက်လက် လေ့လာနိုင်ပါတယ်။

အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...