USB Memory Stick ကိုဘယ်လို Format ချမလဲ ?


 



တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ... Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ .......


USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။


အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ... အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။



တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။



ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။



အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် ... ။



ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။

အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...