Android Phone တစ်လုံးဝယ်တော့မယ်ဆိုရင် ဒါတွေကိုစမ်းပါ







Test For Key  *#*0#  

Test For Key *#06# 

၎င်း Code ကို စမ်းသပ်တဲ့အခါမှာတော့ စုစုပေါင်း Code ၁၅လုံးဖော်ပြပေးပါလိမ့်မယ်။IMEI Number ကိုစစ်ကြည့်တဲ့အခါ ဂဏန်းအားလုံး သုညပြနေ မယ်ဆိုရင်တော့ ၄င်းဖုန်းမှာ Firmware Error တစ်ခုခုရှိနေတယ်လို့ဆိုရပါမယ်။
Test For Key *#*#0842#*#*
ဆိုတာကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Back Light ရဲ့ အလင်းရောင်အလင်းဆုံးဘယ်လောက်ရှိသလည်းဆိုတာရယ် ၄င်းဖုန်းအတွင်းမှ Vibrator RPM ဘယ်လောက်ရှိသလည်း ဆိုတာကိုစမ်းသပ်ဖို့ပါ။
Test For Key *#*#2664#*#*

သူကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Touch Screen ကို ဘယ်လောက်ထိ
Touch ကောင်းသည် မကောင်းသည်ကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့်
ဒီလိုစမ်းသပ်ရသလည်းဆိုတော့တစ်ချို့ဖုန်းတွေမှာ Screen ရဲ့ ထောင့်နား
လေးတွေဆိုရင် မမိ တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်စမ်းသပ်ရတာဖြစ်ပါ
တယ်။ ဒီနည်းကတော့ Single Touch Test ဖြစ်ပါတယ်။ အကယ်လို့ ဖုန်းအမျိုး
အစားက 4.0 နှင့်အထက်ဆိုရင်တော့ ၄င်းဖုန်းရဲ့ System Setting ထဲကနေ
တဆင့် About Phone ထဲကိုဝင်ပါ။ ထို့နောက် Android Version ဆိုတာကို
သုံးချက်လောက်ဆင့်နှိပ်လိုက်ပါတဲ့အခါမှာတော့ သင့် Android ဖုန်းရဲ့ Sceen
ကို Multi Test စမ်းသပ်လို့ရပါမယ်။
Test For Key *#*#4636#*#*

သူကတော့ ဖုန်းနဲ့ ပတ်သက်ပီး Information တော်တော်များများကိုသိနိုင်ပါတယ်
ဆိုလိုတာက ဖုန်းရဲ့ Battery Information တွေ ၊ Phone Information တွေစတာ
တွေအပြင် ကျွန်တော်တို့ GSM ဖုန်းနဲ့ Network ချိတ်ထားသူတွေအတွက် Phone
Information မှ အောက်ဖော်ပြပါပုံအတိုင်း 

WCDMA preferred ဆိုတာကိုရွေးပေး
ခြင်းဖြင့် GSM Phone ကို WCDMA Network Mode ဖြင့် Data Traffic သွားသော
ကြောင့် သင်က Mobile Network ကို Enable လုပ်လိုက်တာနဲ့ H ဆိုပီးတန်းတက်
လာမှာပါ.. ယခု ကျွန်တော်လက်ရှိ GSM ဖုန်းကိုလည်း ထိုနည်းအတိုင်းသုံးနေပါတယ်။
ထိုသို့သုံးခြင်းဖြင့် သာမာန် GSM Phone ချင်းအတူတူတောင် Network Speed ကို
မြန်မာကျပ်ငွေ နှစ်ကျပ်တည်းဖြင့် WCDMA Mode မြန်မာကျပ်ငွေ လေးကျပ်နှုန်းစာ
လောက်ရှိသော Data Traffic ကိုရရှိနိုင်မှာဖြစ်ပါတယ်။
Test For Key *#*#3264#*#*

သူကတော့ ဖုန်းရဲ့ RAM Version ကိုစစ်ဆေးဖို့ဖြစ်ပါတယ်။

အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...