probux မှာကြော်ငြာကလစ်ပြီး ငွေရှာကြရအောင်


ငွေရှာတဲ့ဆိုဒ်များစွာရှိတဲ့အနက်ကမှ probux ကိုအရင်ဦးဆုံးမိတ်ဆက်ပေးတာပါ။ဘာလို့လဲဆိုတော့ဒီဆိုဒ်က ခုမှစပြီးအသုံးပြုမယ့် သူတွေအတွက် လွယ်ကူ ရိုးရှင်းလွန်းတဲ့အတွက်ပါ။ပြီးတော့ သက်တမ်းလဲ အတန်အသင့်ကြာပြီး ငွေပေးမှန်တဲ့ ဆိုဒ်တစ်ခုဖြစ်လို့ပါ။တစ်နေ့တာကြော်ငြာကလစ်ခ 0.06$ လောက်ရနိုင်လို့ ငွေပေးများတဲ့ ဆိုဒ်တစ်ခုလို့ဆိုနိုင်ပါတယ်။ဗမာငွေနဲ့ တွက်ရင် 60 ကျပ်လောက်ပဲရှိလို့ ငွေပေးများတယ်ပြောတဲ့အတွက် သင်မပြုံးလိုက်ပါနဲ့။PTC လောကမှာ သက်တမ်းရင်တဲ့ဆိုဒ်တွေထဲမှာ ဒီပမာဏလောက်ပေးတဲ့ ဆိုဒ်ဆိုတာ မရှိသလောက်ပါပဲ။2013 မှထွက်တဲ့ ဆိုဒ်တွေကတော့ 0.05$ နဲ့အထက်ပေးတဲ့ဆိုဒ်တွေ ရှိပါတယ်။ဒါပေမယ့် စိတ်မချရပါဘူး။အချိန်မရွေး scam ဖြစ်သွားနိုင်ပါတယ်။ scam ဆိုတာကတော့ PTC လောကမှာ ဖြစ်နေကျတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆိုဒ်ရဲ့ admin တွေက စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက်ကြောင့် ၀င်ငွေထွက်ငွေကို မထိန်းချုပ်နိုင်ပါဘူး။ပြီးတော့ လက်ခံထားတဲ့ ကြောငြာက နည်းတဲ့အတွက် ကိုယ့်ဆိုဒ်ကိုပဲ ကြောငြာ ads အဖြစ်ပြန်ပြီး အသုံးပြုရပါတယ်။ကြော်ငြာကြေး ကိုလဲ မတရားပေးတဲ့အတွက် ရေရှည်မှာ ဘယ်လိုမှ မထိန်းချုပ်နိုင်ပါဘူး။အဲဒီတော့ မန်ဘာတွေရှာထားတဲ့ ပိုက်ဆံကို မထုတ်ပေးတော့ပါဘူး။အဲဒီအချိန်မှာတော့ အဲဒီဆိုဒ်ကို scam အဖြစ်သတ်မှတ်ပြီး မန်ဘာတွေက အလုပ်မလုပ်တော့ပါဘူး။ဆိုလိုချင်တာကတော့ ဆိုဒ်သစ်တွေက ငွေပေးများတယ် စိတ်မချရဘူး။အဲဒီတော့ဆိုဒ်သစ်တွေကို main site အဖြစ်အသုံးမပြုပါနဲ့။ခု ကျနော် မိတ်ဆက်ပေးတဲ့ probux ကတော့ main site အဖြစ်ယုံကြည်စွာအသုံးပြုလိုက်ပါ။PTC လောကမှာလဲ နာမည်ကြီးတဲ့ ဆိုဒ်ကောင်းတစ်ခုပါ။ကဲ မန်ဘာဝင်ပုံနဲ့ အသုံးပြု ပုံ guides လေးကို ကြည့်လိုက်ရအောင်...
စိတ်ဝင်စားရင်တော့ ဒီလင့်ကနေမန်ဘာဝင်လိုက်ပါ။

http://www.probux.com/?r=kozarni


ပုံ 1
1. username နေရာမှာတော့ ကိုယ်အသုံးပြုမယ့် name ကိုဖြည့်ပေးလိုက်ပါ။
2. password နေရာမှာဖြည့်ရမှာတော့ ကျနော်ပြောဖို့ လိုမယ်မထင်ပါဘူး။
3. your email adress နေရာမှာတော့ မိမိရဲ့ gmail ကိုဖြည့်ပါ။
4. birth year မှာတော့ မွေးတဲ့ နှစ်ကိုဖြည့်ပေးရမှာပါ။
5. referrer နေရာမှာတော့ ကျနော့လင့်ဝင်တာဖြစ်တဲ့
    အတွက်  hlamintun လို့ပဲဖြည့်ရမှာပါ။(သတိထားရန်)
6. သူပြထားတဲ့ စာလုံးကို မှန်အောင်ဖြည့်ပေးရမှာပါ။
7. create my account ကိုနှိပ်လိုက်ပါ။
ပုံမှာ already a member မှာပြထားတဲ့ မျှားတစ်ခုကတော့ ကျနော့မှာ လက်ရှိအကောင့်တစ်ခုရှိနေတဲ့အတွက် နောက်ထပ်အကောင့်တစ်ခုထပ်ဖွင့်လို့မရပါဘူး။အဲဒါကြောင့် confirm လုပ်ရမယ့်အပိုင်းကိုတော့ ကိုယ့်ဘာသာပဲဆက်လုပ်လိုက်ပါ။မခက်ပါဘူး။
probux က email တစ်ခုပို့ထားပါလိမ့်မယ်။ကိုယ့်ရဲ့ အီးမေးကိုဖွင့်ပြီးတော့ သူပေးထားတဲ့လင့်ကိုနှိပ်ပြီး confirm လုပ်ရမှာပါ။ပြီးရင်တော့ login ပြန်ဝင်ပြီးငွေရှာလို့ရပါပြီ။အကောင့် confirm ဖြစ်တာသေချာသွားအောင် မိမိအီးမေးကို နောက်တစ်ခါထပ်စစ်လိုက်ပါ။welcome အီးမေးတစ်ခု တွေ့ပါလိမ့်မယ်။ဒါဆိုရင်တော့ သေချာသွားပါပြီ။တခါတလေမှာတော့ welcome အီးမေးတစ်ခါတည်းပို့ပါတယ်။အဲဒါဆိုရင်တော့ confirm လုပ်စရာမလိုပါဘူး။အောက်မှာငွေရှာတာကို ဆက်ပြီး ကြည့်လိုက်ပါဦး..
ပုံ 2

1. ကြော်ငြာကြည့်ဖို့အတွက် view ads ကိုနှိပ်ပါ။

ပုံ 3

အပြာရောင် ဘားကိုနှိပ်လိုက်ပါ။tab အသစ်တစ်ခုပေါ်လာပ်လိမ့်မယ်။

ပုံ 4


ပုံမှာပြထားတဲ့ အတန်းလေးကို ပြည့်အောင်စောင့်ပါ။

ပုံ 5

သင့်ရဲ့အကောင့် ထဲကို 0.001 $ ထည့်ပြီးပြီဆိုတဲ့အကြောင်းအမှန်ခြစ်လေးပြပါလိမ့်မယ်။ဒါဆိုရင်ကြော်ငြာတစ်ခုကြည့်လို့ပြီးပါပြီ။နောက်ကြော်ငြာတွေကိုလဲ ဒီအတိုင်းပဲ ဆက်ကြည့်သွားရမှာပါ။ကြည့်ပြီးတဲ့ ကြော်ငြာတွေကတော့အရောင်မှိန်နေပါလိမ့်ပါမယ်။
ဒီနည်းအတိုင်းကြော်ငြာတွေကြည့်ပြီးပိုက်ဆံစုပါ။main balence ထဲမှာ 0.6 $ ပြည့်ပြီဆိုရင် referrals တွေစငှားရမှာပါ။referrals 3 ခုကို 0.6 နဲ့တလငှားရပါတယ်။ကိုယ်တကယ်ရမယ့် ပိုက်ဆံကခုမှစမှာပါ။အဲဒီငှားထားတဲ့ referrals 3 ခုက တစ်လအတွင်းမှာ အလုပ်လုပ်တာ 0.6 ထက်ကျော်ရင် သင်ငှားထားတဲ့ referrals ဆီကအမြတ်ရပါတယ်။အဲဒါမျိုး referrals တွေထောင်နဲ့ချီပြီးရှိလာပြီ။အကောင့်ကိုလဲ member upgrade လုပ်ထားပြီးပြီဆိုရင်တော့ သင်ပုံမှန်ဝင်ငွေတရပ်ကို ပိုင်ဆိုင်နိုင်ပါပြီ။(သင်တစ်ခုသိထားရမှာက free member မှာတော့ အမြတ်များများမရနိုင်ပါ။)ဒီလိုမျိုးတဖြည်းဖြည်းချင်းလုပ်သွားရမှာပါ။အဲဒီအတွက်အချိန်အတိုင်းအတာတစ်ခုတော့ လိုပါတယ်။စလုပ်ခါစမှာတော့ မူးစုမတ်စု စုရတာပါ။နောက်ပိုင်းမှာတော့ တစ်နေ့ကို 2 ဒေါ်လာဝင်အောင်လဲသင်ဖန်တီးနိုင်ပါတယ်။10 ဒေါ်လာ ၀င်အောင်လဲ သင်ဖန်တီးနိုင်ပါတယ်။အဲဒီထက်ပိုပြီးတော့လဲ ဖန်တီးနိုင်ပါတယ်။လိုအပ်တာကတော့ အချိန်ပါပဲ။ခဏလေးလုပ်ရုံနဲ့တော့ မအောင်မြင်နိုင်ပါ။ကဲ referrals တွေ ဘယ်လိုငှားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်..
referrals မှားဖို့အတွက် main balance ထဲကငွေကို rental balence ထဲထည့်ပေးဖို့လိုပါတယ်။rental balance ထဲပြောင်းဖို့အတွက် ဘေးနားက add funds ဆိုတာလေးကိုနှိပ်လိုက်ပါ
ပုံ 6

ကျနော်တို့က main balance ထဲကပြောင်းမှာဖြစ်တဲ့ အတွက် ပုံမှာပြထားတဲ့အတိုင်း probux main balance ဆိုတာကို နှိပ်ရပါမယ်။

ပုံ 7

မျှားအသေးလေးပြထားတဲ့ နေရာကို 0.6 ရောက်တဲ့အထိနှိပ်လိုက်ပါ။ပြီးရင်တော့ အောက်က add funds ကိုနှိပ်လိုက်ပါ။ဒါဆိုရင် rental balance ထဲကို 0.6 $ ရောက်သွားပါပြီ။အပေါ်က my account ဆိုတာလေးကို နှိပ်ပြီး အကောင့်ထဲပြန်သွားလိုက်ပါ။

ပုံ 8

ပုံ မှာပြထားတဲ့ rent referrals ဆိုတာကိုနှိပ်လိုက်ပါ။

ပုံ 9

0.6 $ ပဲရှိတဲ့အတွက် referrals 3 ခုပဲငှားလို့ရမှာပါ။အဲဒီတော့ 3 ကိုပဲနှိပ်လိုက်ပါ။

ပုံ 10

ပုံမှာပြထားတဲ့ အတိုင်း yes ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ referrals 3 ငှားလို့ပြီးပါပြီ။ငှားထားတဲ့ referrals တွေကို အကောင့်ထံမှာကြည့်ဖို့ အပေါ်က my account ဆိုတာကိုနှိပ်လိုက်ပါ။

ပုံ 11

ကျနော်ကတော့ ငှားထားတာ 23 ရှိလို့ 23 လို့ပြနေပါတယ်။သင်တို့ကတော့  3 လို့ပဲပြနေပါလိမ့်မယ်။အဲဒီ referrals တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာဆက်ရှင်းပါ့မယ်။ဘေးမှာမျှားပြထားတဲ့ rented ဆိုတာကိုနှိပ်လိုက်ပါ။

ပုံ 12

referrals တွေငှားပြီးရင် autopay မှာ enable ဆိုတာလေးကို  နှိပ်လိုက်ပါ။autopay : enable ဖြစ်နေရပါမယ်။အောက်မှာတော့ ကျနော်ငှားထားတဲ့ referrals တွေပါ။next payment ဆိုတဲ့အောက်မှာ 30 days တို့ 23 days တို့တွေ့ပါလိမ့်မယ်။referrals တွေကိုငှားထားတာ ကျန်တဲ့ရက်အရေအတွက်ပါ။အဲဒီနေရာမှာ 2 ရက် 3 ရက်လောက်ပဲကျန်မယ်ဆိုရင်တော့ သက်တမ်းထပ်တိုးရပါလိမ့်မယ်။clicks ရဲ့အောက်မှာတော့ referrals တွေကလစ်ထားတဲ့ အရေအတွက်ပေါ့။(referrals တွေအနေနဲ့ တစ်နေ့ကို ဘယ်နှချက်ကလစ်ဖို့လိုလဲ မကလစ်တဲ့ကောင်တွေကို ဘယ်လို recycle လုပ်သင့်ဆိုတာကိုတော့ကျနော် နောက်တင်မယ့် post မှာ ရှင်းပြပါ့မယ်။)ခုတော့ ကသက်တမ်းတိုးတာကိုပဲ ကြည့်လိုက်ပါဦး။

ပုံ 13
သက်တမ်းတိုးမယ့် referrals တွေကို ပုံမှာပြထားတဲ့အတိုင်း ဘေးကအကွက်လေးမှာအမှန်ခြစ်ပေးရပါမယ်။ပြီးရင် pleace select an option မှာကလစ်ထောက်ပြီး I want to pay to keep for 30 more days ဆိုတာကို ရွေးပေးလိုက်ပါ။ဒါဆိုနောက်ထပ် ရက် 30 သက်တမ်းထပ်တိုးလို့ပြီးပါပြီ။သတိထားရမှာက recycle လုပ်တာပဲဖြစ်ဖြစ် သက်တမ်းတိုးတာပဲဖြစ်ဖြစ် rental balance ထဲမှာ ပိုက်ဆံရှိနေမှလုပ်လို့ရပါမယ်။referrals တွေ သက်တမ်းတိုးရင်လဲ ၀ယ်တုန်းက ဈေးအတိုင်းပဲ referrals 1ကောင်ကို 0.2 $ ပေးရပါတယ်။
probux မှာနောက်ထပ် ပိုက်ဆံ ရှာလို့ရတဲ့ နည်းရှိပါသေးတယ်။ကံစမ်းမဲနှိုက်ရတာပါ။အဲဒါကတော့ မလုပ်လဲရပါတယ်။ဒါပေမယ့် probux ကို main sites အဖြစ်ရွေးထားရင်တော့ ကံစမ်းမဲကိုလဲနှိုက်ပေးလိုက်ပါ။ဘာလို့လဲဆိုတော့ နောက်ပိုင်း referrals တွေ ငှားထားတာများလာရင် အဲဒီ referrals တွေ ကလစ်များများရဖို့အတွက် အထောက်အကူပြုနိုင်ပါလိမ့်မယ်။
ပုံ 14

မဲနှိုက်ဖို့အတွက် မျှားပြထားတဲ့ နေရာက progird ကိုနှိပ်ပါ။ပြီးရင်တော့ အောက်က အကွက်သေးသေးလေးတွေထဲက ကြိုက်တဲ့နေရာကို ကလစ်ထောက်လိုက်ပါ။new tab တစ်ခုပေါ်လာပါလိမ့်မည်။အတန်းလေးကို ပြည့်အောင်စောင့်လိုက်ပါ။ဘေးမှာဝိုင်းပြထားတာကတော့ မဲပေါက်ထားတဲ့ လူစာရင်းပါ။

ပုံ 15
ဒါကတော့ မဲမပေါက်ရင် ဒီစာတန်းလေးပေါ်လာပါလိမ့်မယ်။အဲဒါဆိုရင် ဒီ tab ကို ပိတ်လိုက်လို့ရပါပြီ။ပြီးရင် အကွက်သေးသေးလေးတွေထဲမှာ ပြန်နှိုက်ပါ။မဲပေါက်ရင်တော့ congratulation ပါတဲ့စာတန်းလေးပေါ်လာပါလိမ့်မယ်။probux မှာ တနေ့ကို အခါ 20 နှိုက်လို့ရပါတယ်။မဲနှိုက်တဲ့အခါမှာလဲ ကြောငြာတွေကို ကြည့်ရတာဖြစ်တဲ့အတွက် သူတို့ကတော့ ကြော်ငြာခရပါတယ်။ကိုယ်ကတော့ မဲပေါက်မှ ပိုက်ဆံရမှာပါ။ကဲ ဒီလောက်ဆိုရင် နားလည်လောက်ပြီထင်ပါတယ်။rent referrals တွေအများကြီး ငှားနိုင်ပြီး ပုံမှန်ဝင်ငွေတရပ်ကို ပိုင်ဆိုင်နိုင်ပါစေဗျာ.....

မရှင်းတာရှိရင် အောက်က comment box ထဲမှာ မေးခဲ့လို့ရပါတယ်။