အွန်လိုင်းမှာငွေရှာနည်း(မိတ်ဆက်)


အွန်လိုင်းမှာ ကြော်ငြာ ကလစ်ပြီးပိုက်ဆံရှာတယ်ဆိုတာ ပိုက်ဆံရှာနည်း များစွာထဲက နည်းလမ်းတစ်ခုပါ။
လူတွေဟာပိုက်ဆံကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာနေကြရတာပါ။အဲဒီထဲကမှ အွန်လိုင်းပေါ်က PTC ဆိုဒ်တွေမှာ ကြော်ငြာကလစ်ပြီးငွေရှာတဲ့ နည်းလမ်းလေးတစ်ခုကို ကျနော်က မိတ်ဆက်ပေးမှာပါ။
အွန်လိုင်းမှာ ငွေရှာဖို့အတွက် paypal အကောင့် တစ်ခုတော့ရှိဖို့လိုအပ်ပါတယ်။တခြား payment method တွေလဲ ရှိပေမယ့် paypal ကိုပဲ အသုံးများတယ်ဆိုပါတော့။paypal အကောင့်လျှောက်ဖို့ကိုတော့ ကျနော် နောက် တင်မယ့် post တွေမှာ ရေးပေးသွားပါ့မယ်။paypal အကောင့် ဘာ့ကြောင့် လိုလဲ ဆိုတာလေးကို အရင်ရှင်းပြပါ့မယ်။
ကိုယ်ကကြော်ငြာတွေကလစ်ပြီး ရှာထားတဲ့ ပိုက်ဆံကို လက်ခံယူဖို့အတွက် paypal အကောင့် လိုအပ်တာပါ။paypal အကောင့် ရပြီးရင်လဲ verify ဖြစ်ဖို့လိုအပ်ပါသေးတယ်။ဘာလို့လဲဆိုတော့ တချို့ဆိုဒ်တွေမှာက paypal verify ဖြစ်ပြီးမှ ပိုက်ဆံထုတ်လို့ရတာပါ။စိတ်ဝင်စားမယ်ဆိုရင်တော့ gmail အသစ်တစ်ခုဖွင့်ပြီးတော့ စောင့်နေလိုက်ပါ။ဘယ်လိုဆက်လုပ်ရမလဲဆိုတာ နောက် တင်မယ့် post တွေမှာ ထပ်ပြီးရေးပေးပါ့မယ်။ဒီ ဘလော့ကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ သင်ကိုယ်တိုင်စိတ်မ၀င်စားလို့ မလုပ်ဘူးဆိုရင်တောင် ဒီလိုနည်းမျိုးနဲ့လဲ ပိုက်ဆံရှာလို့ ရပါလားဆိုတဲ့ အသိလေး(ဗဟုသုတ)တစ်ခုရစေချင်တာပါပဲ။နိုင်ငံတကာမှာ အထူးသဖြင့် အနောက်နိုင်ငံမှာ ပိုပြီးတော့ ခေတ်စားနေတဲ့ အလုပ်တစ်ခုဆိုပါတော့။ပိုက်ဆံ ရှာတဲ့အလုပ်ဆိုပေမယ့်ခက်ခက်ခဲခဲအလုပ်တော့မဟုတ်ပါဘူး။ထိုနည်းတူစွာ လွယ်တယ်လို့လဲ ပြောလို့မရပါဘူး။အစပိုင်းမှာတော့ မူးစုမတ်စု အလုပ်ဆိုတော့ဘာမှမက်လောက်စရာမရှိပါဘူး။အချိန်ကြာလာတဲ့အခါမှာတော့ သင့်ရဲ့ပုံမှန်ဝင်ငွေကို သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ။ပထမဦးဆုံးတင်တဲ့ post ဆိုတော့လဲ ဒီလောက်နဲ့ပဲနားလိုက်ပါရစေ။နောက် post တွေကို ဆက်လက်အားပေးပါဦး...ကျေးဇူးတင်ပါတယ်