14. PTC ဆိုဒ်တွေမှာ 1 လကို ဒေါ်လာ 50 နဲ့အထက်ရနိုင်မယ့်နည်းလမ်းလေးပါ။


ဒီနည်းလမ်းလေးကတော့ရိုးရိုးလေးပါပဲ။တစ်နေ့ကို 3 နာရီခွဲ 4 နာရီလောက်တော့အချိန်ပေးနိုင်ဖို့တော့လိုပါတယ်။လက်ရှိကျနော်လုပ်နေတဲ့နည်းလမ်း
လေးဆိုပါတော့။ဒီနည်းလမ်းက DR ရှာဖို့အခက်အခဲ ရှိတဲ့သူတွေအတွက် PTC လောကမှာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာပါ။PTC ကအရင်းမစိုက်ရတဲ့အလုပ်ဆိုပေမယ့် အောင်မြင်နိုင်ဖို့အတွက် အချိန်တွေ အကြာကြီးရင်းရပါတယ်။အရင်းအနှီးစိုက်နိုင်မယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အချိန်တွေကို လျှော့နိုင်ပါလိမ့်မယ်။ကျနော့လို အရင်းမစိုက်ပဲ အောင်မြင်ချင်တဲ့ သူတွေကတော့ ဒီနည်းလမ်းလေးကို လုပ်ကြည့်စေချင်တယ်။
လက်ရှိ ကျနော့ရဲ့ plan တော့easyhits4u ဆိုတဲ့ traffic exchange ဆိုဒ်တစ်ခုလုပ်တယ်။သူ့ဆီက 1 လ 3 ဒေါ်လာရအောင် ကလစ်တယ်။ပြီးတော့ refbackbank မှာ မန်ဘာဝင်ထားတယ်။သူ့ဆီကလဲ 1 လ 3 ဒေါ်လာရဖို့မှန်းထားတယ်။အဲပြီးတော့ ကျနော် PTC ဆိုဒ် 70 ကျော်လောက်မှာ နေ့စဉ်ကလစ်နေတယ်။70 ကျော်လုံးကို refbackbank ကနေ join ထားတာ။အဲဒါကြောင့်လဲ refbackbank က 1 လ 3 ဒေါ်လာမှန်းထားတာပေါ့။ကျနော့ မိန်းဆိုဒ်ကတော့ လက်ရှိ 3 ဆိုဒ်ရှိပါတယ်။အဲဒါကိုလဲကျနော် ကလစ်နေတော့ အားလုံပေါင်း 75 ဆိုဒ်လောက်ရှိတယ်။75 ဆိုဒ်လုံးမှာ ရှိတဲ့ ကြော်ငြာတွေကို အကုန်လုံး ကလစ်နေရင်တော့ အချိန် 4 နာရီလောက်နဲ့ လောက်ချင်မှလောက်မှာပါ။ကျနော်တို့က ငွေရှာနေတာဆိုတော့ ကြော်ငြာတွေကလစ်တဲ့
နေရာမှာ ရွေးရပါမယ်။ကျနော်ဆိုရင် 0.0001 ရတဲ့ ကြော်ငြာတွေကို မကလစ်ပါဘူး။အဲလိုကြောငြာမျိုး အခု 30 ကလစ်မယ့်အစား ဆိုဒ်အသစ်တစ်ခု ထပ်တိုးလိုက်ပါတယ်။အဲဒါဆိုရင် ပိုက်ဆံ ပိုရမှာပါ။တစ်ချို့ဆိုဒ်တွေဆိုရင် ကြော်ငြာ 10 ခုလောက်နဲ့ တစ်နေ့ကို 0.03 ကျော်ကျာ်ရတာတွေရှိပါတယ်။0.0003 ရတဲ့ကြော်ငြာတွေကိုတော့ ကလစ်ပါတယ်။ကလစ်တဲ့ နေရာမှာ 0.01 ,0.005 ,0.003, 0.002 , 0.001 0.0005 , 0.0003 အဲလိုကြော်ငြာမျိုးတွေပဲကလစ်တာဆိုတော့ အားလုံးကို ပျမ်းမျှ တွက်ရင် ကြာ်ငြာတစ်ခုကို 0.001 လောက်ရမှာပါ။အဲလောက်ဆိုရင် ကျနော်တို့ပေးရတဲ့အချိန် တွင်းမှာ တစ်နေ့ကို 2 ဒေါ်လာကျော်လောက်တော့ ရှာလို့ရနိုင်ပါတယ်။တစ်ဆိုဒ်ကို 0.03 နဲ့ ပျမ်းမျှတွက်လိုက်ပါ။ဆိုဒ် 70 ဆိုရင် 2 ဒေါ်လာတော့ ရပါတယ်။တစ်ရက် ကလစ်ရင် ဆိုဒ်တွေမှာ 0.03 ကျော်အောင်ရတဲ့ ဆိုဒ်တွေအများကြီးရှိပါတယ်။အဲလောက်မှ မရရင်တော့ အဲဆိုဒ်ကို ပယ်လိုက်ပါ။easyhits4u နဲ့ refbackbank ကရမှာနဲ့ ပေါင်းရင် 1 လကိုဒေါ်လာ 60 တော့အနည်းဆုံး ရပါတယ်။ကျနော့အနေနဲ့ က နာက်ထပ်လဲ ဆိုဒ်တွေ ထပ်တိုးဖို့ရှိပါတယ်။အချိန်ကို ထပ်တိုးမပေးနိုင်ဘူးဆိုရင်တော့ 0.0003 ရတဲ့ ကြော်ငြာတွေကို ထပ်လျှော့ရဦးမှာပေါ့။တစ်နေ့ကို 4 နာရီဆိုတာ တစ်ချို့နေ့တွေမှာ အချိန်မပေးနိုင်တာလဲ ရှိမှာပါ။အဲလိုနေ့မျိုးဆိုရင်တော့ main ဆိုဒ်တွေကို အရင်ကလစ်လိုက်ပါတယ်။ပြီးတော့ အရန်ဆိုဒ်တွေမှာတော့ ကြော်ငြာကြီး သပ်သပ်ပဲ ကလစ်ပါတော့တယ်။အဲဒါဆိုရင် refback ကလဲပုံမှန်ရမယ်။ဆိုဒ်တွေမှာလဲ ပုံမှန်အလုပ်လုပ်ရာရောက်မယ်။ပိုက်ဆံတော့ ရတာနဲနဲ နဲသွားမှပေါ့။နောက်ပြီး ဆိုဒ်ရွေးတဲ့နေရာမှာလဲ တစ်ချို့ဆိုဒ်တွေက focusing ထည့်ထားပါတယ်။အဲလိုဆိုဒ်မျိုးကျတော့ ကြော်ငြာတွေကို ထိုင်ကြည့်နေမှ ရတာပါ။အချိန်ကုန်ပါတယ်။အဲလို ဆိုဒ်မျိုး တစ်ဆိုဒ်ကို ကလစ်နေမယ့်အစား တစ်ခြားဆိုဒ် 5 ဆိုဒ်လောက်ကို ဖွင့်ပြီး တစ်ပြိုင်တည်းကလစ်နေလိုက်ပါ။အချိန်ကုန်တာချင်း တူပေမယ့် ပိုက်ဆံရတာချင်းကျတော့ ကွာပါတယ်။အဲလိုဆိုဒ်မျိုးကို မကလစ်နဲ့လို့ မဆိုလိုပါဘူး။အဲလိုဆိုဒ်မျိုးကို main ဆိုဒ်အဖြစ်ထားမယ်ဆိုရင်တော့ ကလစ်ပါ။ပြီးတော့ သင့်မှာ အချိန်တွေပိုနေတယ်ဆိုရင်လဲ ကလစ်နိုင်ပါတယ်။အချိန်ကို လုပြီးလုပ်နေရတယ်ဆိုရင်တော့ အဲလိုဆိုဒ်မျိုးကို ရှောင်စေချင်တာပါ။ကျနော်အဓိကပြောချင်တာကတော့ main ဆိုဒ်တွေကလွဲရင် အရန်ဆိုဒ်တွေမှာ RR တွေမငှားပါနဲ့။ကံစမ်းမဲတွေမနှိုက်ပါနဲ့။ကြော်ငြာ သပ်သပ်ပဲကလစ်ပါ။ထုတ်လို့ရတဲ့ ပမာဏရောက်ရင် ပိုက်ဆံကိုထုတ်လိုက်ပါ။ရရင် စုထားပြီးတော့ main ဆိုဒ်တွေမှာ ထည့်ရင်းလိုက်ပါ။PTC လုပ်တဲ့သူတွေဟာ DR များများရှိတဲ့ သူတွေက မြန်မြန်အောင်မြင်နိုင်ပါတယ်။DR မရှိတဲ့ သူတွေလဲ စီမံခန့်ခွဲမှု ကောင်းရင် တဖြည်းဖြည်းနဲ့ အောင်မြင်လာမှာပါ။ကျနော်တို့ အနေနဲ့ ကျတော့ အရင်းအနှီး မစိုက်ချင်တဲ့ အတွက် ကိုယ်ပေးနိုင်တဲ့ အချိန်အတွင်းမှာ အကောင်းဆုံး ဖြစ်အောင် စီမံနိုင်မှ ရမှာပါ။
ကျနော်အဓိကလုပ်စေချင်တာကတော့ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကိုပါ။သူတို့က လိုင်းလဲ ကောင်းကောင်းသုံးရတော့ ပိုအဆင်ပြေကြမှာပါ။မြန်မာက သူတွေကတော့ လိုင်းအခက်အခဲ ရှိတဲ့အတွက် လိုင်းကောင်းတဲ့ အချိန်မှာမှ ဆိုဒ် လေးငါးခြောက်ခု ဖွင့်ပြီးသုံးလို့ရမှာပါ။အဲဒီအတွက် အချိန်နဲနဲ ပိုပေးရနိုင်ပါတယ်။လိုအပ်မယ်ရပေါ့ ကျနော်ကလစ်တဲ့ ပုံစံလေးထည့်ပေးထားပါတယ်။လူသစ်တွေအတွက်တော့အသုံးဝင်မှာပါ။
အပေါ်က 7 ခုကတော့ PTC ဆိုဒ်တွေပါ။အောက်ဆုံးက တစ်ခုကတော့ easyhits4u ပေါ့။ဘယ်ကြော်ငြာမှ ထိုင်ကြည့်နေစရာမလိုပါဘူး။non stop ကလစ်နေရုံပါပဲ။easyhits4u အကြောင်းလေးတော့ နောက်တင်တဲ့ post မှာ guide ရေးပေးပါ့မယ်။
refbackbank မှာဘယ်ဆိုဒ်တွေက ပိုက်ဆံများများရလဲဆိုတော့
economybux ,dssbux ,advuze ,balkanikaclix ,juicybux ,nvbux ,silverclix ,buxseo ,pureclix ,
usaclix ,frikibux ,clixsense ,clixdo ,clixten ,northclicks ,ulikebux ,ptcsolution ,clikz4freakz ,
acidbux ,gbbux ,buxforeveryone ,onlinebux ,oldbux ,clickerjet ,hirenclix ,clickhonest ,
nodbux ,ekoclix ,xtremebux ,linebux ,myadsclick ,valuedbux ,zuicash , thebux ,neobux ,goldenclix ,ojooo အဲဒါတွေကတော့လောလောဆယ်များပါတယ်။နောက်ထပ်များများရနိုင်တဲ့ ဆိုဒ်တွေလဲ ရှိဦးမှာပါ။join ပြီးရင်လဲ ကိုယ်မကြိုက်ရင် မလုပ်ပဲနေလို့ရပါတယ်။ကိုယ်ကပိုက်ဆံရှာနေတာဆိုတော့ ပိုက်ဆံများများရမယ့်ဆိုဒ်ပဲရွေးလုပ်ပေါ့။refbackbank က scam လို့သတ်မှတ်လိုက်ရင်လဲ စွန့်ဖို့မမေ့နဲ့ဦးနော်။နောက်လဲ refbackbank ကဆိုဒ်တွေထပ်ရှာပေးဦးမှာပါ။
ကဲဒီလောက်ဆိုရင် လုံလောက်ပြီထင်ပါတယ်...အဆင်ပြေကြပါစေဗျာ.....

အားလုံးကို ကျေးဇူးတင်ပါတယ်....