Samsung Galaxy Mega 2 SM-G750F version.4.4.4 ကို Root လုပ်မယ်







ကိုမျိုးကြီး တောင်းဆိုထားလို့ပါ Samsung Galaxy Mega 2 SM-G750F version.4.4.4 ကို Root လုပ်နည်းလေးပါ မသိသေးတဲ့ သူငယ်ချင်းတွေကော စမ်းသပ်နိုင်ပါတယ် ဖုန်းတစ်စုံတရာ ချို့ယွင်းမှုသည် သင်နှင့်ဆိုင်ပါတယ် ကျွန်တော်ကိုယ်တိုင်း မစမ်းသပ်ဖူးသေးပါသဖြင့် အာမတော့မခံရဲဘူးနော်  root ဖောက်ပြီး စမ်းသပ်ချင်တဲ့ သူငယ်ချင်းများ     



အရင်ဆုံး လိုအပ်တာလေးတွေကို အရင်ဒေါင်းယူထားပါ မဒေါင်းခင်မှာ တခုကြို ပြောထားပါရစေ
ုဖုန်းကို အရင်ဦးဆုံး backup လုပ်ထားပါ battery 80% ရှိရပါမယ်။

▼ Odin tool ▼
▼ USB Driver ▼
▼ CF-Auto-Root ▼
▼ Kies 3 ▼

Settings ထဲသွားပါ >>> Developer options ကိုဝင်ပါ >>> USB debugging check မှာ အမှန်ခြစ် လိုက်ပါ


ပြီးရင် power off ပါ Press and hold volume down key with power button ဖိနှိပ်ပါ

10 second လောက်


အောက်ကပုံလို တန်း မရောက်ပါဘူး warning ဆိုတဲ့ နေရာက စရောက် ပါမယ် တချို့ ဆို မြင်တွေ့ ကြားနေ
ရတာ သူတို့ အဲ့ဒီနေရာမှာ တိုင်ပတ်နေတာ Download Mode ထဲကို သူတို့ မ၀င်တတ်တာ အမှန်တကယ်
Volume up key ကို နှိပ်လိုက်ရင် Download Mode ထဲကို ရောက်ပါပြီ ။


Odin tool ဖွင့် လိုက်ပါ PC မှာ ဖုန်းကို USB cable နဲ့ ထိုးလိုက်ပါ Downloading Mode ၀င်နေရမယ်နော်
Downloading Mode မ၀င်ရင် ဘာမှ လုပ်လို့ မရဘူးနော်


massage box ထဲကို ကြည့်ပါ USB cable ထိုးလိုက်တာနဲ့ ID;;Com မှ အစိမ်းရောင် သမ်းသွားပြီ
ဒါဆို လုပ်ငန်း စလို့ ရပါပြီ PDA နေရာမှာ CF-Auto-Root file ထည့်ရမှာနော်


အောက်မှာတွေ့လား ပြောပြထားသည့် အတိုင်း PDA ကို တချက်နှိပ်ပြီးရင် CF-Auto-Root file ထည့် ပြီးရင်
START ကိုနှိပ်ပါ massage box ထဲမှာ pass လို့ ပေါ်လာပြီး ပါဝါ ကျသွားပါမယ် ဒါဆို သင့် ပါဝါ ပြန်တက်
လာရင် SuperSU app ရှိနေပါမယ် ဒါဆိုသင့် အမြစ်တူး ထားတဲ့ Root လေး ရသွားပြီးပေါ့။


သင် Root လုပ်တာ Root ရှိပြီလို့ မယုံကြည်သေးရင် အောက်က Root Checker လေးကို ဒေါင်းပြီး စမ်းသပ်
ကြည့် နိုင်ပါတယ်။

▼ play store ▼
▼ usersfiles ▼

ကဲ ဒီလောက်ဆို နားလည်လောက်ပြီ ထင်ပါတယ် ။

FaceBook--https://www.facebook.com/smilelay.tk

From : ဦးလေးကြီး-ဦးအာကာ

www.ooarkar.com
 


အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...