မိုဘိုင်းဖုန်းပြုပြင်ခြင်း နည်းပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုချင်ပါသလား...


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ …. ။

ဒီပို့်စ်လေးကို မကျော်သွားခင် အချိန် (၅) မိနစ်လောက်ပေးပြီး ဖတ်စေချင်ပါတယ်ခင်ဗျာ....

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ …. ။
မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာ ရပ်များ ကို လေ့လာနေကြတဲ့ …..အစ်ကိုတွေ အမတွေ အတွက် …. ကျွန်တော် ကိုယ်တိုင် လက်ရှိ တက်ရောက်ပြီး လေ့လာ သင်ယူနေတဲ့ … မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ သင်တန်းကျောင်း လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျာ …. ။
ဒီနေ့  ၂၁ ရာစု ခေတ်ကြီးထဲမှာတော့ … ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဈေးကွက် အနေအထား အရ … မိုဘိုင်းဖုန်း ကိုင်တဲ့ လူအရေ အတွက် … သိသိသာသာ တိုးတက်များပြားလာခဲ့ပြီးးး မိုဘိုင်းဖုန်း ဆိုင်ရာ ပြုပြင်ခြင်း အတွက် ကျွမ်းကျင်တဲ့ နည်းပညာ ရှင်တွေလည်း အမြောက်အမြား လိုအပ်လာခဲ့ပါတယ် …. ။

ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိ အချိန်မှာ ကွန်ပျူတာ နည်းပညာ ရပ်များ ကို ကြိုးစား သင်ယူရင်းး သိသလောက် တတ်သလောက် မျှဝေပေးနေရင်းး မိုဘိုင်းဖုန်း ပြုပြင်ခြင်း အတတ်ပညာ ကိုလည်း စိတ်ဝင်စားတာကြောင့် … ရန်ကုန် ကို သွားပြီး သင်တန်း တက်ဖြစ်ခဲ့ပါတယ် ….. ။
အရင်ဆုံး ကျွန်တော်တို့ သင်တန်းကျောင်း နဲ့ မိတ်ဆက်ပေးချင်ပါတယ် …. ။
အဲ့ဒါကတော့ … ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် ၊ ရန်ကုန် -အင်းစိန်လမ်းနဲ့ ပါရမီ လမ်းထောင့် ၊ တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက်မှာ တည်ရှိတဲ့ The Last Mobile Service & Training Centre ပဲ ဖြစ်ပါတယ် … ။

Service & Training Centre ၊ သင်တန်းနဲ့ တွဲလျက် Service ပါ ဖွင့်ထားတာကြောင့် … လေ့လာ သင်ယူရတဲ့ ကျွန်တော်တို့ ကျောင်းသား များ အဖို့ တကယ် Real Life လက်တွေ့ဘ၀ ထဲက နေ့စဉ် ကြုံတွေ့နေရတဲ့ တစ်နေ့ တစ်မျိုး မရိုးနိုင်လောက်တဲ့ မိုဘိုင်း ဖုန်းတွေရဲ့ Error ပေါင်း မြောက်မြားစွာ ကို လက်တွေ့ သင်ယူ ခွင့် ရရှိခဲ့ပါတယ် …. ။
Software ပိုင်း လေ့လာသင်ယူရတဲ့ အကြောင်းကို အရင်ဆုံး ရှင်းပြချင်ပါတယ် …. ။

Software ပိုင်း အတွက် သီးသန့် စီစဉ် ပေးထားတဲ့ အခန်းလေး ထဲမှာ သင်တန်းသား ခြောက်ဦး ၊ တစ်နေ့ကို ၂ နာရီ နဲ့ …. Laptop တစ်ယောက် တစ်လုံး စီ ၊ ဖုန်း ဟန်းဆက် တစ်ယောက် တစ်လုံး စီ နဲ့ သင်တန်း က ချမှတ် ထားတဲ့ သင်ရိုးတွေကိုလည်း လေ့လာရပြီး ၊ Customer တွေ လာအပ်တဲ့ Software နဲ့ သက်ဆိုင်တဲ့ Error များ ကိုလည်း တစ်ခါတည်း လေ့လာ သင်ယူရပါတယ် … ။ ( လက်တွေ့ပိုင်း လုပ်ကိုင်တဲ့ နေရာမှာတော့ .. သင်တန်းသား ခြောက်ဦး ကို နှစ်ယောက် တစ်ဖွဲ့ စီ နဲ့ … သေချာ စနစ်တကျ ဖုန်း တစ်လုံး ကို လက်တွေ့ လေ့လာ စမ်းသပ် စေပါတယ် …… ) ။ တစ်ချိန်ကို သင်တန်းသား ခြောက်ဦးသာ ရှိတာကြောင့် … သင်တန်းသား တစ်ယောက်ချင်းစီ ကို ပိုမို ဂရုစိုက်နိုင်ပြီး တစ်ယောက် ချင်းစီ ကိုလည်း သေချာ လက်တွေ့ ပြုလုပ်စေနိုင်ပါတယ် … ။
ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိ အတန်းဖော် တစ်ယောက်နဲ့ …. ကျွန်တော် သိထားတာလေးတွေ ပြော ၊ မသိတာတွေ ပြန်မေး ၊ ပညာတွေ ဖလှယ်ရင်းနဲ့ ဆက်လက် လေ့လာ သင်ယူနေပါတယ် … ။
သင်တန်းက ချမှတ်ထားတဲ့ သင်ရိုးတွေ ကတော့ … Android ပိုင်း အတွက် လက်ရှိ မိုဘိုင်း လောကရဲ့ ရေပန်း အစားဆုံး ဖုန်းတွေဖြစ်တဲ့ … Huawei , Samsung , Sony , HTC , Lenovo , Coolpad အစရှိတဲ့ ဖုန်းတွေ အပြင်ကို တန်ဖိုးနည်း ဖုန်းလေးတွေ ဖြစ်တဲ့ … Samsung Clone ဖုန်းလေးတွေ ၊ China Tablet အစရှိတာ တွေ ကို အကုန် လေ့လာ စေပါတယ် … ။ iOS အပိုင်း မှာတော့ … iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6 , 6+ တွေ အထိ  ၊ iPod , iPad အစ ရှိတာတွေ နဲ့ … iOS ပိုင်းကို သေချာ ကျကျနန လေ့လာ သင်ယူစေပါတယ် … ။
Firmware ပြန်တင်တာတွေ ၊ Firmware ပြန်တင်ရင်း Version နှိမ့်တာတွေ ၊ မြှင့်တာတွေ ၊ မြန်မာစာဖောင့် ထည့်ပုံ ထည့်နည်းတွေ နဲ့ တစ်ခြားသော ဖြစ်ပျက်နေတဲ့ Software Error မှန် သမျှ ကို အကုန်လုံး လေ့လာ သင်ယူစေပါတယ် … ။ လေ့လာ သင်ကြားနေရင်း Software Error နဲ့ ပတ်သတ်ပြီး  လက်ခ တောင်းယူပုံ တောင်းယူ နည်း က အစ တစ်ခါတည်း သင်ကြား ပေးပါတယ် … ။ အဲ့ဒါကြောင့် .. ဖုန်း တစ်လုံး အတွက် အနည်းဆုံး Firmware တင်ရင် ဘယ်လောက် ၊ မြန်မာစာဖောင့် ထည့်ရင် ဘယ်လောက် ၊ Root ဖောက် ၊ Application ထည့်ရင် ဘယ်လောက် ဆိုတာတွေ အတွက်ပါ ကျွန်တော် တို့ ကို သင်ကြား ပေးပါတယ် … ။

ကြီးကြီးမားမား Error မဟုတ်ပဲ …. Application တွေနဲ့ ညိပြီး ဖုန်း ဟန်း စေတာတွေ ၊  လေးစေတာတွေနဲ့ Low On Space ဖြစ်တာတွေ အကုန်လုံး အတွက်လည်းး အချိန် မကြန့်ကြာစေပဲ … ထိရောက်တဲ့ နည်းလမ်းတွေ က အစ … သင်ကြားပေးပါတယ် … ။သင်တန်းပြီးသွား ရင် .. ကို ကိုယ်တိုင် Software ပိုင်းနဲ့ ပတ်သတ်ပြီး လက်တွေ့ ပြန်လည် လုပ်ကိုင်နိုင်စေဖို့ Software တွေ ၊ Firmware တွေ ၊ Application တွေ ၊ Game တွေ ၊ Root Tools တွေ ၊ Jailbreak Tools တွေ အစရှိတဲ့ ဒေတာတွေ အတွက်ကို လည်း အထူး Special ဖြစ်အောင် စီမံ ပေးထားပါသေးတယ် .. ။

ဥပမာ အနေနဲ့ … Huawei ဆိုတဲ့ folder တစ်ခု အောက်မှာ …. ဟိုးးး ရှေးရှေးးး တုန်း က Fighter ဖုန်းတွေ ဖြစ်ခဲ့တဲ့ .. C8500 , C8600 က စလို့ … ဒီနေ့ နောက်ဆုံး ထွက်တဲ့ … Huawei ရဲ့ အကောင်းဆုံး ၊ အဆင့်အမြင့်ဆုံး ဖုန်းလို့ ပြောလို့ရတဲ့ Mate 7 အထိ …. နောက်ဆုံးပေါ် Firmware တွေ အကုန်လုံးး … ။ ဖုန်း တစ်လုံး ချင်းစီ အတွက် သူတို့ရဲ့ Root file တွေ ၊ Custom Firmware file တွေ အားလုံး ကို မော်ဒယ် တစ်ခုရဲ့ Folder အောက်မှာ အားလုံး သပ်သပ်ရပ်ရပ်စီ စီစဉ်ထားတာ ဖြစ်လို့ ကျွန်တော်တို့ လက်တွေ့ Service လုပ်ကိုင်တဲ့ နေရာ မှာ အရမ်းကို လွယ်ကူ ပြီး လျှင်မြင်စေပါတယ် … ။ Samsung , Sony အစ ရှိတဲ့ တစ်ခြားသော ဖုန်းတွေ အတွက် ကိုလည်းး အထက်ပါ အတိုင်း သေချာ စီစဉ် ပေးထားတာကြောင့် ဘာ ဖုန်း လာလာ အားလုံး နီးပါး လောက်ကို စုံနေအောင်လည်း ထည့်ပေးထားပါသေးတယ် … ။
လုပ်ပုံ လုပ်နည်း ထူးခြားတဲ့ ဖုန်းတွေ ၊ ပုံမှန် လုပ်ရိုး လုပ်စဉ် ကနေ ကွဲထွက်တဲ့ ဖုန်းတွေ အတွက် ကိုတော့ … သေချာ စနစ် တကျနဲ့ Step by Step လုပ်ပုံ လုပ်နည်းတွေကို စာနဲ့ ( text file) နဲ့ တစ်မျိုး ပုံတွေနဲ့ တစ်မျိုး သေချာ ရှင်းပြထားတာကြောင့် … မိမိ ကိုယ်ကိုယ် ယုံကြည်မှု ရှိစွာနဲ့ ဖုန်း တစ်လုံး ကို ချက်ခြင်း Service ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ် …. ။

ထပ်ပြီး Pattern , Password Lock ကျသွားတဲ့ ဖုန်းတွေ အတွက်ကိုလည်း ဖုန်းထဲက Data တွေ မပျက်စေပဲ ADB Command တွေ အသုံးပြုပြီး ဖြည်တဲ့ နည်း ၊ နောက်ဆုံး မရ ရင်တော့ Data တွေ ဖျက်ပစ်ပြီး ဖြည်တဲ့ နည်းလမ်း အစုံကိုလည်း လေ့လာ သင်ယူစေပါတယ် … ။
အဲ့ဒါ တွေ တင် မကသေးပဲ … ယနေ့ လက်ရှိ ရေပန်း အစားဆုံး Facebook Account ဖွင့်တာ ၊ Gmail , Skype , WeChat , Viber Account ဖွင့်တာတွေ အကုန်လုံး ကို လည်း သေချာ စနစ်တကျနဲ့ သင်ကြား ပြသပေးပါသေးတယ် … ။ Facebook Account ကို Lock မကျအောင် ဖွင့်တာ ၊ Lock ကျသွားရင်လည်း ပြန်ဖြည်တာ တွေ ကိုလည်း သင်ယူ လေ့လာစေပါတယ် … ။
အဓိ က ကတော့ … Service ဆိုင် တစ်ဆိုင် ဖွင့် ဖို့ အတွက် ၊ Software Technician တစ်ယောက် အဖြစ် ရပ်တည် ဖို့ အတွက် လုံလောက်တဲ့ သင်ကြားမှု မျိုးတွေ နဲ့ … တစ်ခါတည်း မိမိကိုယ် မိမိ ယုံကြည်မှု ရှိလာအောင် ပါ .. လေ့ကျင့် သင်ကြားစေပါတယ် …. ။



ဒါလေးကတော့ ကျွန်တော်တို့ရဲ့ SOFTWARE ခန်းလေးပါ။။

ဒါတွေ ကတော့ Software ပိုင်းနဲ့ ပတ်သတ်ပြီး သင်ကြားပေးတဲ့ အပိုင်းတွေ ထဲက အနည်းငယ်ပါ … ။

ကျွန်တော်တို့ Service ဆိုင် တစ်ဆိုင် အတွက် အဓိက ငွေဝင်ပေါက် ကြီး ဖြစ်တဲ့ Hardware ပိုင်း အတွက်ကတော့ …တစ်နေ့ကို ၄ နာရီ သင်ကြားပေးပြီးး  ပြောစရာ မရှိလောက်အောင် ၊ လိုလေသေး မရှိလောက်ကို .. အထူး Special ကို လေ့လာ သင်ယူစေပါတယ် … ၊ လေ့ကျင့် သင်ကြားပေးပါတယ် …. ။
ပထမဆုံး သင်တန်း အစ ရက်ပိုင်းတွေမှာ ……ဖုန်းတွေ ကို မကိုင်ရသေးပဲ … Electronic အခြေခံ တွေ ၊ Hardware ပြုပြင်ခြင်း နဲ့ ပတ်သတ်ပြီး Theory ပိုင်းတွေ ကိုသင်ရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် တောင် ပျင်းသလိုလို ခံစား ရခဲ့ပါတယ် …. ။
တစ်ပတ်လောက် ရှိလာတဲ့ အချိန်မှာတော့ …. Power Supply အသုံးပြုပြီး ရှော့ ရှာနည်းများ ၊ Heat Gun အသုံးပြုပြီး IC တစ်လုံးကို ဖြုတ်ပုံ တပ်ပုံ … ၊ ခဲဂေါက် အသုံးပြုပြီး ခဲဖော်ပုံ ၊ ခဲရှင်းပုံ အစရှိတာတွေ ကို စနစ် တကျနဲ့ စပြီး သင်ယူ ရပါတော့တယ် … ။

ပျင်းဖို့တောင် အချိန် မရတော့ပဲ …. သင်သမျှ သင်ခန်းစာ တွေ အကုန်လုံး ကို တစ်လုံးမကျန် သေချာ လိုက်ပြီး မှတ် ၊ လက်တွေ့ လုပ်ရပါတော့တယ် …. ။ တစ်ဖြည်းဖြည်း သင်ရင်း သင်ရင်းနဲ့ .. Service ဆိုင် ကို လာပြင်ကြတဲ့ Customer တွေ ရဲ့ ဖုန်း တွေ နဲ့ ပါ တစ်ခါတည်း လက်တွေ့ သင်ကြားရပါတော့တယ် …. ။
နှစ်ပတ်လောက် ရှိလာတော့ .. Touch ကွဲတာတွေ ၊ LCD ကွဲတာတွေ ၊ ဖုန်း ပြောရင် တစ်ဖက် က မကြားရတာတွေ ၊ ကို့ဘက်က မကြားရတာတွေ ၊ ဖုန်း သံ မမြည် တဲ့ Error တွေ အတွက် စပြီး ကိုယ်တိုင် ကိုယ်ကျ ပြုပြင်ရပါတော့တယ် … ။
နောက်ဆုံး ကိုယ့်ကို ပေးပြီး  ပြုပြင်စေတဲ့ ဖုန်း အတွက် Touch , LCD စတဲ့ Spare Parts တွေ က အစ …ကိုယ်ကိုယ်တိုင် … Spare Parts ဆိုင် ကို သွားရောက်ပြီး စမ်းသပ်ဝယ်ယူစေပါတယ် … ။ ကျွန်တော် ကိုယ်တိုင် လည်း တာဝန်ယူထားတဲ့ ဖုန်း အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကို သွားရောက် ၀ယ်ယူပြီး ကိုယ်တိုင် ဖြုတ် ၊ ကိုယ်တိုင် တပ်ဆင်ပြီး ကိုယ် တာဝန်ယူထားတဲ့ ဖုန်း ပိုင်ရှင် Customer နဲ့လည်း Error ပိုင်း ကို ရှင်းလင်းပြပြီး တစ်ခါတည်း လုပ်ဆောင် စေပါတယ် … ။Spare Parts ပစ္စည်းတွေ ကို ကိုယ်တိုင် သွားရောက် ၀ယ်ယူ ရတာကြောင့် … Spare Parts ဆိုင်က ၀န်ထမ်းတွေနဲ့ အတန်သင့် ရင်းနှီးနေပြီး ကျွန်တော် ဆိုင်ပြန်ဖွင့်ရင် အဆင်သင့် ကူညီ ကြမယ် လို့ တောင် ကျွန်တော့်ကို ပြောနေကြပါပြီ …. ။

မော်ဒယ် မြင့် ဖုန်းတွေ ဖြစ်တဲ့  Samsung Note2 , Note3 , S3 , S4 , Mega အစ ရှိတဲ့ ဖုန်းတွေ အတွက် အပေါ်မှန် သီးသန့် လဲလှယ်နိုင်အောင် နောက်ဆုံး ပေါ် ခေတ်မှီ မှန် ဖြုတ် စက်သစ်ကြီးတွေ နဲ့ … ကျွန်တော်တို့ ကို သင်ကြား ပေးရင်းး ၊ Customer တွေ အတွက်လည်း ဈေးနှုန်း အနည်းဆုံး ဖြစ်အောင် ပြုပြင် ရင်း တစ်ချက် ခုတ် နှစ်ချက် ပြတ်နဲ့ အားလုံး ကို အဆင်ပြေစေပါတယ် …. ။
Samsung S3 , Note2 တွေ မှာ အဖြစ်များ ဆုံး ဖြစ်တဲ့ … EMMC Error တွေ အတွက်ကိုလည်းး Hardware ဆရာ ကိုယ်တိုင် သေချာ စနစ်တကျနဲ့ လဲလှယ်ရင်း ၊ သင်ကြား ပြသပေးရင်းနဲ့ .. နောက်ဆက်တွဲ ဖြစ်ပေါ်တတ်တဲ့ … Fake IMEI Error , IMEI null/null Error တွေ အတွက် ကိုလည်း စနစ်တကျ လေ့လာ သင်ယူ စေပါတယ် …. ။
လက်ရှိ အချိန်မှာတော့ ကျွန်တော် ကိုယ်တိုင် လည်း မိုဘိုင်း ဖုန်း တစ်လုံး ရဲ့ Error တွေ ကို အခြေခံ ကနေ စပြီး လမ်းကြောင်းတွေ အထိ လိုက်တတ်နေပါပြီ … ။ ဆက်လက်လည်း လေ့လာ သင်ယူနေပါတယ် … ။



ဒါလေးကတော့ ကျွန်တော်တို့ရဲ့ HARDWARE အခန်းလေးပါ။


အဲ့ဒါတွေ ကတော့ .. ကျွန်တော် ကိုယ်တိုင် လက်ရှိ သင်ကြားနေရတဲ့ သင်ကြားပုံတွေပါ …. ။

သင်တန်း ဆရာတွေ ကိုယ်တိုင် က လူငယ်တွေ ဖြစ်တာကြောင့် …… ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ .. စာသင်နေတဲ့ ပုံစံ ကနေ ခွဲထွက်ပြီး အသိပညာ ၊ အတတ်ပညာတွေ ကို မျှဝေပေးတဲ့ ပုံစံ လေး ဖြစ်အောင် ကို လေ့လာ သင်ယူစေတာပါ … ။ ဆရာတွေနဲ့ သင်တန်းသားတွေ ၊ ကျွန်တော်ကိုယ်တိုင် သူငယ်ချင်း လို၊ ညီအစ်ကို လို ၊ မိတ်ဆွေ အပေါင်းအသင်းလို ခင်မင် ရင်းနှီး စွာ ပြောဆို ဆက်ဆံ ကြရင်းနဲ့ …. တစ်ယောက်နဲ့ တစ်ယောက် စ လိုက် ၊ နောက်လိုက် ပြောင်လိုက် ၊ ဆရာ စာ မေးလို့ မရရင် ၀ိုင်း ရီ လိုက်ကြနဲ့ ….. လက်ရှိ အချိန်မှာတော့ သင်တန်း ပြီးမှာ ကိုတောင် ကျွန်တော် တော်တော် ကြောက်နေရပါပြီ .. ။

၂၀၁၄ ခုနှစ် ၊ ၁၂ လပိုင်း ၊ ၂ ရက်နေ့မှ စတင်ခဲ့တဲ့ ကျွန်တော် တို့ သင်တန်း အပတ်စဉ် (၄) က သင်တန်းသားတွေ အကုန်လုံး ဟာ ဒီနေ့ အချိန်မှာတော့ … မိတ်ဆွေ ၊ သူငယ်ချင်း ၊ အပေါင်းအသင်း ဆိုတာထက် ပိုတဲ့ … မိသားစု လေး တစ်ခု လို ဖြစ်နေကြပါပြီ ….  ။

ဒါလေးကတော့ သင်တန်းရှေ့မှာ စုရိုက်ထားတဲ့ ပုံလေးပါ။။


Software , Hardware နှစ်ခု လုံး တက်ရင် အဆောင်နေရာပါ အခမဲ့ စီစဉ် ပေးတာကြောင့် …ဘီလူးကျွန်းသားလေး ကျွန်တော် Min Oke Kar အဖို့ သင်တန်း က စီစဉ်ပေးတဲ့ အဆောင်မှာ နေရင်းး ဆိုးတူ ကောင်းဖက် အဆောင် တစ်ခု ထဲ နေ သင်တန်း သား များးနဲ့လ ည်း ခင်မင် ရင်းနှီးခွင့် ရခဲ့ပါတယ် … ။
သင်တန်းပြီးဆုံး သွားတဲ့ သင်တန်းသား များ အတွက်လည်းး အချိန်မရွေး သင်တန်း ကိုလာပြီး အသစ်ထွက် နည်းပညာ ရပ်တွေ ကို လေ့လာ သင်ယူစေရင်းးး မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာ ရပ်များ နဲ့ အဆက် မပြတ်သွားအောင်လည်း ကူညီ ပေးပါသေးတယ် … ။

လက်ရှိ ကျွန်တော် ကိုယ်တိုင်လည်းး သင်တန်းပြီးသွားရင် အတွေ့အကြုံ ထပ်မံ ရယူချင်သေးတာကြောင့် နယ် မပြန်သေးပဲ … ဒီမှာ ပဲ ဆက်လက် လေ့လာ ဆည်းပူး နိုင်ဖို့ ဆရာ့ ကို ခွင့်တောင်းထားပြီးပါပြီ …. ။
အဲ့ဒါတွေ ကတော့ .. လက်ရှိ ဒီနေ့ ဒီ အချိန်မှာ ကျွန်တော် ကိုယ်တိုင် လေ့လာ တက်ရောက် ပြီး ပညာ ဆည်းပူးနေတဲ့ The Last Mobile Service & Training Centre ပဲ ဖြစ်ပါတယ် … ။
အခု ကျွန်တော် တို့ အပတ်စဉ် (၄) တန်းခွဲ တွေ အကုန်လုံး ၁ လပိုင်း ၁၅ ရက်လောက်မှာ ပြီးဆုံး မှာ ဖြစ်ပြီး အပတ်စဉ် (၅) အတွက် ကိုတော့ … ၂ လပိုင်း ၃ ရက်နေ့မှာ စတင်ပြီး သင်ကြားပေးမယ်လို့ သိရပါတယ် … ။ Software ပိုင်း အတွက် ကွန်ပျူတာ အခြေခံ ပါ လိုအပ်တာကြောင့် ကွန်ပျူတာ အခြေခံ လိုအပ်သူတွေ အတွက်ကိုတော့ … ၁ လပိုင်း ၂၂ ရက်နေ့ ကတည်းက စပြီး ကွန်ပျူတာ အခြေခံတွေ စတင်ပြီး သင်ကြားပေးမယ်လို့ သိရပါတယ် …. ။
သင်တန်းမှာ လက်ရှိ သင်ကြားပေးနေတဲ့ သင်တန်း ချိန်တွေ ကတော့ …

SOFTWARE သင်တန်း ချိန်များ 

--> 10:00 AM ~ 12:00 AM ( နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ ) 
--> 12:30 PM ~   2:30 PM ( နေ့လည် ၁၂ နာရီ မှ နေ့ခင်း ၂ နာရီ )
-->   3:00 PM ~   5:00 PM ( ညနေ ၃ နာရီ မှ ညနေ ၅ နာရီ ) ထိ တစ်နေ့ ၂ နာရီနဲ့ တစ်ပတ် ခြောက်ရက် ( တနလာင်္ ~ စနေ ) 

HARDWARE သင်တန်း ချိန်များ 
--> 10:00 AM ~ 2:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ )
-->   3:00 PM ~ 7:00 PM ( ညနေ ၃ နာရီ မှ ညနေ ၇ နာရီ ) ထိ
တစ်နေ့ ၄ နာရီနဲ့ တစ်ပတ် ခြောက်ရက် (တနလာင်္ ~ စနေ ) 
စတဲ့ အချိန်တွေပါ .. ။ ကျွန်တော်ကတော့ .. မနက် ၁၀ နာရီ ကို Hardware ပိုင်း တက်ပြီးး ခဏ နားတာနဲ့ အဆောင်ပြန် ရေမိုး ချိုးပြီး Software တန်း အတွက် သင်တန်း ကို ပြန်လာပြီး သင်ယူပါတယ် … ။
သင်တန်း ကြေးကတော့ … တစ်မျိုးစီ အတွက် ၂ သိန်း စီ ၊ နှစ်မျိုး ပေါင်းအတွက် ၄သိန်း သွင်းရပါတယ် … ။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို .. သင်ကြားမှု တွေနဲ့ … ကျွန်တော်တို့ သင်တန်းသားတွေ အတွက် … ပေးထားတဲ့ Service တွေက … ပေးရတဲ့ သင်တန်းကြေး ထပ် ပိုတဲ့ .. သင်တန်းရဲ့ စေတနာတွေကိုပါ ရရှိစေပါတယ် … ။

ကျွန်တော် ကတော့ … ဒီနေ့ အချိန်ထိ ဆရာတွေ သင်ကြားပေးတဲ့ မိုဘိုင်း ဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်တွေ ကို ကြိုးကြိုးစားစား နဲ့ လေ့လာ သင်ယူနေရင်းး တစ်ဖက်ကလည်း ကျွန်တော် ၀ါသနာ ပါတဲ့ … ကျွန်တော် တတ်သလောက် မှတ်သလောက်လေးတွေ ကို Blog လေးမှာ မျှဝေပေးရင်းးး … နဲ့ ဒီ့ထက် ပိုပြီး  တိုးတက်အောင် ဆက်လက် လေ့လာ သင်ယူ ဆည်းပူး နေဦးမယ်လို့ ပဲ .. စိတ်ထဲမှာ ဆုံး ဖြတ်ထားပါတော့တယ် …. ။
ကျွန်တော့်လိုပဲ … မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာ ရပ်တွေ ကို စိတ်ဝင်စားပြီး ဆိုင်ဖွင့်မယ် ၊ Technician လုပ်ပြီး အသက်မွေးဝမ်းကြောင်း ပြုချင်တဲ့ ညီအစ်ကို တွေ ၊ သူငယ်ချင်း တွေ အဖို့ … လက်ရှိ ကျွန်တော် သင်ကြားနေတဲ့ အတွေ့အကြုံလေးတွေကို ပြန်လည် မျှဝေပေးခြင်းပါ ခင်ဗျာ … ။ 
The Last Mobile Service & Training Centre ကို 
ဆက်သွယ် ချင်တယ် ဆိုရင်တော့ …

တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီ လမ်းထောင့် (ပါရမီ မီးပွိုင့်အနီး ) ၊  လှိုင်မြို့နယ် ၊ ရန်ကုန် မြို့နဲ့ … ဖုန်းနံပါတ်တွေ ကတော့ …09-33-80-5581 , 09-33-80-5591 စတဲ့ ဖုန်းတွေ ကို ဆက်သွယ် မေးမြန်း နိုင်ပါတယ် ဗျာ … ။
သင်တန်းနဲ့ ပတ်သတ်ပြီး သိရှိချင်သေးတယ် ဆိုရင်တော့ .. The Last ရဲ့ Facebook Page ဖြစ်တဲ့ … http://www.facebook.com/thelast2014 Page ကို လည်း Like လုပ်ပြီး ဖတ်ရှုနိုင်ပါသေးတယ် …. ။
အချိန်ပေးပြီး ကျွန်တော် မျှဝေတာလေးကို ဖတ်ရှု ပေးကြတဲ့ ….. သူငယ်ချင်းတွေ အားလုံး အတွက် အထူး ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ … ။



အဆင်ပြေပါစေ ….
Min Oke Kar (နည်းပညာ မှတ်စု)

Related Posts:

  • MMSD Sony Font Installer (Android 4.0 အထက်ရှိ Sony များအတွက်သာ)   ဒီ App လေးကတော့ Android 4.0 အထက်ရှိတဲ့ Sony ဖုန်းများအတွက်ပဲဖြစ်ပါတယ်။ ဒီ App ကို အသုံးပြုဖို့ Root ဖောက်ရန်လိုအပ်ပါသည်။ MMSD Sony Installer အသုံးပြုနည်းလမ်းညွန် Sony 4.0 နဲ့အထက်မှာ ဒီ App ကိုအသုံးပြုနိုင်… Read More
  • Huawei G730 MM font APK   Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ် ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှာ… Read More
  • Huawei U8815 အတွက် 4.2.1 Custom Firmware     Huawei U8815 အတွက် 4.2.1 Custom Firmware ပါ.. အောက်မှာ လင့်အမျိုအစား (၂) ခုပေးထားပါတယ်.. Download Via Adfly ( 156.40 ) Download Via Adfoc --- Download Via Adfly ( 166.74 - Updated ) Download V… Read More
  • HUAWEI Honor2 Ascend G615 (U9508 ) Firmware HUAWEI Honor2 Ascend G615 (U9508 ) Firmware ပါ.. HUAWEI Ascend G615 firmware(U9508,Android 4.0,V100R001C00B107,General Version) ဖြစ်ပါတယ်.. Download Via Huawei … Read More
  • Huawei Ascend G500 Pro U8836D Custom ROM 4.0.4 Huawei Ascend G500 Pro C8836D Custom ROM 4.0.4 တွေကို Official ROM Version အလိုက် အခြေခံထားတဲ့ အမျိုးအစားအတိုင်း တင်ပေးလိုက်ပါတယ်.. Based On U8836DV100R001CHNC00B600SP19 Download Here or Here Based On U8836DV100R… Read More