အားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ဆက်လိုက်ပါတယ်
ရေနီသားဖြိုးလေးကိုမေ့နေပြီနဲ့တူတယ်
ကျွန်တော်လည်းမအားလို့မတင်ဖြစ်ဘူးဗျာ
အခုလည်းအကိုတို့အတွက်လိုအပ်မဲ့ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို
ဖုန်းမှာ install လုပ်ပါ။ ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!)
အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ
ဖြစ်ပါတယ်။Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk လေးကို သွင်းလိုက်ပါ။သူ့ကို
သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။ Complete
ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ ပြီးရင် အဲဒီဖိုဒါလေးကို
imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။ နာမည်
ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင်
ယူသုံးလို့ ရအောင်ပါ။အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို
SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။
နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး
နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။
Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။
0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။
ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။
ိRoot လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။ စောနလေးက imeibackup
လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။ ပြီးရင် Toolbox5irom
ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင်
(*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။ နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့MIEI Restore လုပ်တာ
အောင်မြင်သွားပါပြီ။
Admin....ရေနီသားဖြိုးလေး
Gmail..yenihackerlay@gmail.com
Facebook Name...B Black Ruby
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
DOWNLOAD 1
DOWNLOAD 2
DOWNLOAD 3
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...