Huawei Y511-U00 Firmware တင်နည်း

 

 မင်္ဂလာပါခင်ဗျာ........
   ကျွန်တော်ပို့မတင်နိုင်တာ ၇ ရက်ရှိပါပြီ တောင်ဆိုထားတဲ့ အကိုတွေကို အားတော့နာပါတယ် စက်ရုံမှာ
နိုင်ငံခြားသားတွေ ရောက်နေတော့ အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့အတွက် တောင်းဆိုထားတာတွေ
တင်မပေးနိုင်တာ  နားလည်ပေးကြပါနော် နောက် ၁၀ ရက်လောက်ဆိုရင်တော့  ပြန်ဖွင့်ပေးမယ်ထင်ပါတယ်  ဒီ firmware လေးကအရေးကြီးလို့ ဒေါင်းရင်
ပြန်တင်ပေလိုက်ပါတယ် အခက်ခဲရှိနေတဲ့ သူငယ်ချင်းများအတွက်တယ် တော်တော်လေး ရှာလိုက်တော့မှ china site တစ်ခုကနေ တွေ့တယ်...
အခုတော့ firmware ပြန်တင်လိုက်တာ အဆင်ပြေသွားပါပြီ...
အဲဒါနဲ့ သူငယ်ချင်းတွေလည်း အဲလိုဖြစ်ရင် ပြန်တင်လို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ...
အောက်က link မှာ ဒေါင်းလိုက်ပါနော်...
Huawei Y511-U00 Firmware

အဲဒီမှာ 3 file ရှိတယ်...
01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip တစ်ဖိုင်ပဲ ဒေါင်းပြီး ရေးရင် အဆင်ပြေပါတယ်...
ကျွန်တော်တော့ သုံးဖိုင်လုံး ဆွဲလိုက်ရတယ်...
Huawei Y511-U00 firmware ပြန်တင်သူအားလုံး အဆင်ပြေကြပါစေဗျာ...

ရေးနည်းကတော့

  1. 01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip ကို အရင်ဆုံးဖြည်ချပါ...
  2. SP_Flash_Tool_v3.1316.0.150 ဖိုဒါ ထဲမှ အပြာရောင်လေးနဲ့ Flash_tool.exe ကို run ပေးပါ...
  3. Scatter-loading နေရာတွင် ဖြည်ထားသော ဖိုဒါထဲမှ MT6572_Android_scatter_emmc.txt ကို ရွေးပေးပါ...
  4. Firmware -> Upgrade ဆိုတာလေးကို နှိပ်ပါ...
  5. ဖုန်းကို battery ဖြုတ်ပြီး 5seconds လောက်ထားပါ...
  6. battery ပြန်တပ်ပြီး မည့်သည့် ခလုတ်ကိုမှ မနှိပ်ပဲ USB ကြိုးချိတ်ပါ...
  7.   Driver မသိလျှင် ကွန်ပျူတာ ရဲ့ Device Manager မှ  ကျွန်တော်တို့ ဖြည်ထားခဲ့တဲ့ ဖိုဒါထဲမှ MTK USB Driver ဆိုသော ဖိုဒါလေးကို ရွေးပေးလိုက်ရင် အဆင်ပြေသွားပါပြီ...   
   ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Related Posts:

  • ဓါတ်ပုံတွေပြင်မယ့် Photo Grid-Collage.apk လေးပါ။ ကဲ..ကဲ android တွေမှာ မိမိတို့ ဓါတ်ပုံလေးတွေကို album လေးတွေလုပ်ပြီး၊ frame လှလှလေးတွေနဲ့သိမ်းကြမယ်။ ပုံလေးတွေကို လိုအပ်သလို ပြင်ကြမယ်။ အသုံးပြုပုံက လုပ်နိုင်တဲ့ function လေးတွေ များလှတဲ့အတွက် မပြောတော့ပါဘူး။ … Read More
  • သူငယ်ချင်းတို့ဖုန်းထဲမှာ ဘီယာသောက်ပြီး ပြေးတဲ့ ဂိမ်းလေးဆော့ချင်ရင် အရမ်းဆော့လို့ကောင်းတယ် ဝယ်ပြီးမသောက်နိုင်တဲ့ ဘော်ဘော်လေးများ ဂိမ်းဆော့ပြီး သရေကြစေဖို့ ရှာဖွေပြီး ပြန်လည်ဝေမျှတင်ပေးလိုက်ပါတယ် လိုချင်ရင်တော့ အောက်ကအမည်လေးကိ… Read More
  • Android ဖုန်းထဲကို ( အင်္ဂလိပ် - မြန်မာ )အဘိဓာန် ထည့်ချင်သူများအတွက် ဖလမ်းဖလမ်းလို့ ရှာတာမပါဘူး Ornagai ထက်ပိုကောင်းတယ် Android ကလည်း 2.2.3 up Negotiate က MIE တက်တော့ ဆရာဦးသန်နိုင်ဦးရှင်းတာသတိရလို့  ရှာကြည့်တာ ဖုန်းထဲကို အဘိဓာန်ထည့်ချင်သူများအတွက် အဆင်ပြေစေတဲ့ ဆော့ဝဲနှစ်ခုကို မ… Read More
  • Android phone တွေမှာ power ဖွင့်လိုက်ရင်မြည်တဲ့အသံကို ကိုယ်ကြိုက်တဲ့အသံထားမယ်                                    မန္တလေးမှာ အစ… Read More
  • သူငယ်ချင်းတို့ မေ့တတ်လို့ပဲဖြစ်ဖြစ် အားသွင်းထားလို့ပဲဖြစ်ဖြစ် သူငယ်ချင်းတို့ ဖုန်းကို တခြားသူခေါ်မှာ ကြောက်ရင် ဒီဆော့ဝဲလေးကို ဆောင်ထားလိုက်ပါ အပေါင်းအသင်းတွေနဲ့ အဆောင်သူငယ်ချင်းတွေ အများကြီးနဲ့ နေရတဲ့အခါမျိုးမှာ အဆင်ပြေပါတယ် က… Read More