ဒီနည်းလမ်းကိုကျနော် MPX From မှာတွေ့လို့ဘော်ဒါတို့လဲအဆင်ပြေရအောင်ဆိုပြီးတော့တင်လိုက်တာပါ အမှန်တိုင်ဝန်ခံရရင်ကူးချထားတာပေါ့ဗျာ.....ခ်ခ် ၊ လိုက်မပြောကြနဲ့နော် တစ်ခါတလေတော့လဲကူသင့်ရင်ကူးချရတာပေါ့နော် ၊နာလည်မယ်လို့ထင်ပါတယ် ............
မင်္ဂလာပါခင်ဗျာ.....
Android ဖုန်းကိုင်ဆောင်တဲ့ user များ ဖုန်းကို power ခလုတ်နှိပ်ပီ Screen off ထားတဲ့အချိန်မှာ Screen ခနခနပြန်ပွင့်တဲ့ error လေးကြုံဖူးကြမယ်ထင်ပါတယ်......
အခု အဲ့ဒိ error လေးကို အခုပေးတဲ့ ဆာ့ဝဲလ်လေးနဲ့ ဖြေရှင်းလိုက်ပါခင်ဗျာ.....
အဲ့ဒီလိုဘာကြောင့်ဖြစ်ရတာလည်းဆိုရင် ကျွန်တော်သိသလောက်လေးပြောမယ်ဗျ.....
Virus ရှိတဲ့ app & game တွေဖုန်းထဲကိုသွင်းထားမိခြင်း.....မိမိတို့ သွင်းထားတဲ့ app & game တွေဟာ မိမိတို့ device နဲ့ကိုက်ညီမှုမရှိခြင်း စတဲ့အချက်လေးတွေကြောင့် Screen ပြန်ပြန်ပွင့်ရခြင်းလို့ထင်ပါတယ်.....
ဒါကြောင့် အခုကျွန်တော်ပေးတဲ့ TrustGo Mobile Security လေးကို သင့်ဖုန်းမှာ
အင်စတောလုပ်ပီ Security Scanner လေးကိုနှိပ်ပေးလိုက်ပါ....




ဒီ TrustGo Mobile Security မှမဟုတ်ပါ....
အခြားနာမည်ကြီး Antivirus ဆော့ဝဲလ်တစ်ခုခု သင်ဖုန်းမှာရှိရင်လည်းရပါတယ်...
ကျွန်တော်ကတော့ ဒီကောင်လေးနဲ့အဆင်ပြေလို့ ဒီဆော့ဝဲလ်လေးကိုညွှန်းထားတာပါ.....
Scan စစ်တဲ့အချိန်ဟာ သင်ဖုန်းထဲမှာ သွင်းထားတဲ့ ဆော့ဝဲလ်အနည်း/အများပေါ်မူတည်ပီ ကြာနိုင်ပါတယ်....
Scan စစ်ပီတဲ့အထိစောင့်ပေးပါ....


Scan စစ်ပီသွားရင်တော့ ပုံမှာပြထားတဲ့အတိုင်းပဲ High Risk, Low Risk ဆိုပီ
တွေ့တဲ့ဖိုင်လေးတွေကို delete/uninstall လုပ်ပစ်လိုက်ပါ....

ဒါဆိုရင်တော့ screen off ထားရင် screen ပြန်ပြန်ပွင့်တဲ့ error လေးအဆင်ပြေသွားပါလိမ့်မယ်ဗျ.....
TrustGo ဆော့ဝဲလ်လေးကို အောက်မှာရယူလိုက်ပါခင်ဗျာ ....... TrustGo%20Antivirus.apk
အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)