Showing posts with label Online နည်းပညာများ. Show all posts
Showing posts with label Online နည်းပညာများ. Show all posts

Smart-7 Mobile Service&Training Centre (မိုဘိုင်းဖုန်း ပြုပြင်ခြင်းဆိုင်ရာ သင်တန်းကျောင်း)

ကဲ ဒီတစ်ခါတော့ နည်းပညာ Post မဟုတ်ပါဘူး.
မိုဘိုင်းဖုန်းသင်တန်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ.
ဖုန်းသင်တန်းတက်ချင်နေတဲ့သူတွေ ဆိုရင် ကျော်မသွားဘဲ အချိန်အနည်းလေးပေးပီး
ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါရစေ..

တခြား သင်တန်းတော့ မဟုတ်ပါဘူး ကျနော့် ဆရာ ကိုယ်တိုင် ဦးစီးပီး ဖွင့်တဲ့ သင်တန်းပါ...
ကျနော့်ရဲ့ ဆရာနဲ့ ကျနော်တို့ ကိုယ်တိုင်ပါဝင်သင်ကြားမယ့် သင်တန်းဆိုလည်း
မမှားပါဘူး... :D Mobile Software & Hardware အကြောင်းကို နှိက်နှိက်ချွတ်ချွတ်
နားလည်တတ်ကျွမ်းအောင် သင်ပေးမယ့် သင်တန်းဆိုလည်း မမှားပါဘူးး
စာကိုတော့ဖွဲ့နွဲ့ပီး ရေးမတတ်တာတော့ အမှန်ပါ..:D                  

ကျနော်တို့ Blogger တွေကိုယ်တိုင်ကိုက ပြောရင်တစ်မျိုးမထင်ပါနဲ့
နည်းပညာတွေ ဝေမျှချင်လွန်းလို့သာ နည်းပညာလောကထဲ ၀င်လာတာပါ.
ခုမှ ဆရာ့ ရဲ့ ကူညီထောက်ပံ့မှုနဲ့ ဒီလို ဖုန်းသင်တန်းမှာ သင်ကြားခွင့်ရှိလာတာပါ..
Online မှာ နည်းပညာ ဝေမျှရတာ တကယ်တော့ အတိုက်အခံတွေကြားက ဝေမျှရတာပါ..
ကိုယ့်ထက် ဆရာ့ဆရာ ကျတဲ့ သူတွေဆိုလည်း အများကြီးပါ.. ဒါကြောင့်မို့လည်း နည်းပညာတွေ
အကုန် မချပြရဲပါဘူး.. ခုတော့ သင်တန်းကြေး အနည်းငယ်နဲ့ သင်တန်းသားတွေကို ထိန်ချန်ထားခြင်း
မရှိဘဲ ချပြရခွင့်ရတော့မှာ ဖြစ်တဲ့အတွက် အရမ်းလည်း ၀မ်းသာမိပါတယ်...

သင်တန်းမှာ ဆရာနဲ့ တပည့်ဆိုပီး စည်းကမ်းတွေ သတ်မှတ်ထားတာ မရှိပါဘူ... သူငယ်ချင်းတွေလို
မေးမြန်းဆွေးနွေးတဲ့ ပုံစံလေးနဲ့ သင်ပြသွားမှာပါ..တကယ်တော့ သင်တန်းသားတွေကိုလည်း ကျနော်တို့
အထင်မသေးပါဘူး.. အားလုံးတော့ မတတ်လို့ လာသင်တဲ့ သင်တန်းသား မရှိသလောက်ပါဘဲ..
နည်းပညာလောကမှာ ဘာမှ မသိ ဘာမှ မတတ်တဲ့ လူတွေဆိုတာက ခပ်ရှားရှားပါ. သူ့ကဏ္ဍနဲ့ သူတော့
တတ်ကျွမ်းပီးသားဖြစ်နေပါလိမ့်မယ်. သိချင်တာလေးတစ်ခုရှိလို့ ဒီပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုချင်လို့ ဆိုပီးလာတတ်တဲ့သူတွေသာ ရှိပါလိမ့်မယ်...လေကြောနည်းနည်းရှည်သွားပီ..:P

Software ပိုင်းကို ကျတော့ လက်ရှိ လူအသုံးများနေတဲ့ Android နဲ့ IOS တွေကို အခြေခံကစပီး
ယခု လက်ရှိ hot ဖြစ်နေတဲ့ error တွေကိုပါ တခါတည်း ရှင်းပြသွားမှာပါ...
Android ပိုင်းမှာဆိုရင်တော့ လက်ရှိအသုံးများနေတဲ့ Samusng , Huawei , Xiaomi, Coolpad , Sony, Oppo, Vivo, X-Bo,China ကလာတဲ့ Clone ဖုန်းပါ မကျန် Official Firmware တင်ခြင်း,Custom Fimrwareတင်ခြင်း,Root လုပ်ခြင်း,Pattern,Password,Pin တွေကိုData တွေမပျက်ဘဲ ဖြည်နည်းများပါ
သင်ကြားပေးမှာဖြစ်ပါတယ်....ဒါ့အပြင် Huawei ဖုန်းတွေကို SD card နဲ့ Firmware တင်တဲ့နေရာ အခက်အခဲရှိသူတွေအတွက် SD card နဲ့မှ တင်လို့ ရမယ့် Firmware
တွေကို PC မှာ ဖြည်ချပီး PC ကနေ တိုက်ရိုက်တင်လို့ ရမယ့်နည်းပါ ဆရာစား မချန် သင်ကြားပေးသွားမှာပါ...
ထို့အပြင် ADB command သုံးပီး Password ဖြည်တာတွေ Tool တွေသုံးပီး Reset ချတာတွေ ကိုပါမကျန်သင်ကြားသွားမှာပါ...ထို့အပြင် Huawei,Sony ဖုန်းများ Bootloader Unlock လုပ်နည်းပါ သင်ကြားပေးသွားမှာပါ.ပြီးတော့ အရေးကြီးတဲ့ မြန်မာဖောင့်ထည့်သွင်းနည်း မြန်မာစာမမှန်တာတွေကို မှန်အောင် နည်းမျိုးစုံသုံးပြီး ဖြေရှင်းနည်းတွေကို သင်ကြားပေးသွားမှာပါ...
ထို့အပြင် Fake IMEI Error , IMEI null/null Error, (အချို့သော Android ဖုန်းတွေမှာ IMEI ရှိပီး ဖုန်းခေါ်လို့ မရတဲ့ Error တွေနဲ့လိုင်းတိုင်တက်ပီး ဖုန်းခေါ်လို့ မရတဲ့ Error များကို Tool တွေနဲ့ ဖြေရှင်းနည်းတွေအပြင် (Miracle,Z3X,GPG,Sigma,) အစရှိသော Box များဖြင့်လည်း
ရေးပုံရေးနည်း သင်ကြားပေးမှာပါ..

ချွင်းချက်တစ်ခုအနေနဲ့ နည်းပညာသမားမှန်ရင် Gmail တစ်ခုတော့ ရှိရစမြဲဆိုတဲ့အတိုင်း မိမိရဲ့Facebook နဲ့Gmail တစ်ခုကို ဘယ်လို လုံခြုအောင် ထိန်းသိမ်းမလဲ ခိုးခံရရင်တောင် ဘယ်လိုပြန်ယူမလဲ ..ခိုးမခံရအောင် ရော ဘယ်လိုတွေ လုပ်ထားသင့်လဲ ပါမကျန် သင်ကြားပေးသွားမှာပါ..ဒီအချက်က ဖုန်းနဲ့လည်း မဆိုင်ဘူး ဘာလို့သင်တာလဲ မေးစရာဖြစ်လာပါတယ် .. ဟုတ်ကဲ့ အဖြေကရှင်းရှင်းလေးပါ...မိတ်တွေတို့ရဲ့ FB acc ဆိုတာက နည်းပညာသမားတစ်ယောက်အတွက် အရမ်းကို တန်ဖိုးရှိပါတယ်...မိမိ Like လုပ်ထားတဲ့ Page မိမိ Member ၀င်ထားတဲ့ Groupန်ပြောရ ..ကုန်ကုရင် acc ကို ပြန်ဖွင့်ရတာ လွယ်ပါတယ် . ဒါပေမယ့် မိမိနဲ့ Fri ဖြစ်ခဲ့တဲ့ သူတွေနဲ့ Fri ပြန်ဖြစ်ဖို့ကတော့ ရာခိုင်းနှုန်းအတော်နည်းပါတယ်..ဒါကြောင်း မိမိရဲ့ Facebook acc lock ကျသွားလို့သော်လည်းကောင်း.. ခိုးခံရလို့သော်လည်း ကောင်း ပြန်လည်အသုံးပြုနိုင်ဖို့
သင်ကြားပေးတာဖြစ်ပါတယ်..Gmail ဆိုလည်း ဒီအတိုင်းပါ မိမိ Follow လုပ်ထားတဲ့ site တွေ blog တွေ ရှိကောင်းရှိနိုင်မှာပါ..ဒါကြောင့် မိမိ အကောင့်ကို လုံခြုံအောင် ထိန်းသိမ်းဖို့နဲ့ပြန်လည်ရယူဖို့ သင်ကြားပေးခြင်းဖြစ်ပါတယ်..

IOS အပိုင်းကျငေ်းကို Firmware တတာ့  iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6S , 6S+ တွေ အထိ  ၊ iPod , iPad အစ ရှိတာတွေ နဲ့ …iOS ပိုင်ခြင်း Jailbreak လုပ်ခြင်းအပြင် Cydia Tweak များရဲ့ အလုပ်လုပ်ပုံနှင့် အသုံးပြုပုံများကိုလည်း အသေးစိတ်ရှင်းလင်းသင်ကြားပေးမှာ ဖြစ်ပါတယ်..

Hardware ပိုင်း အတွက်ကတော့ …တစ်နေ့ကို ၃ နာရီ သင်ကြားပေးပြီး
လိုလေသေး မရှိလောက်ကို လေ့လာ သင်ယူစေပါတယ် Power Supply အသုံးပြုပြီး ရှော့ ရှာနည်းများ ၊ Hot Gun အသုံးပြုပြီး IC များ ဖြုတ်ပုံ တပ်ပုံ … ၊ ခဲဂေါက် အသုံးပြုပြီး ခဲကို သေသပ်အောင်ဖော်ပုံ၊ ခဲရှင်းပုံ နှင့်Touch& LCD ကွဲတာတွေကိုပြန်တပ်ရာတွင် လက်ရာမထင်အောင် ဖုန်မ၀င်အောင် တပ်ဆင်နည်းများကို စနစ်တကျ အသေးစိတ် သင်ပြပေးခြင်း၊
အားသွင်းခေါင်းဖြုတ်ရာတွင် Data ပင်များ ပါမသွားအောင် စနစ်တကျ ဖြုတ်တတ်အောင် သင်ပေးခြင်းအပြင် Model မြင့် LCD&Touch တွဲလျှက်ပါသော ဖုန်းများ Iphone 6 plus, Iphone 6, Note 3, Note4, S5 များကိုအပေါ်မှန်သီးသန့် လဲလှယ်ပေးခြင်းတို့ကို စနစ်တကျသင်ကြားပေးခြင်း၊ ထို့အပြင် ဖုန်းတစ်လုံးတွင် ပါဝင်သော Component များအကြောင်း၊
IC များရဲ့ အလုပ်လုပ်ပုံ၊ Component များနှင့်IC များတို့ရဲ့ ပေါင်းစပ်အလုပ်လုပ်ပုံ(သက်ဆိုင်ရာ လမ်းကြောင်းရှိ သက်ရောက် Volt များ မှန်မမှန် စစ်ဆေးပုံ)
အကြောင်းကို သဘောတရားများရှင်းပြပေးရုံသာမက Power IC, EMMC, CPU, အစရှိသော IC အမျိုးမျိုးတို့ကို Hot Gun အသုံးပြု၍ လေ၊အပူချိန်၊ လက်ဆ မှန်ကန်စွာ စနစ်တကျ ဖြုတ်တတ်စေရန် သင်ကြားပေးခြင်း၊ ဖုန်းအစိတ်အပိုင်းတစ်ခုစီ၏(Touch,Backlight,Network) ဖြစ်တတ်သော
Error များကို ဖြေရှင်းတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းနှင့် Diagram ကြည့်နည်းများပါအပြင် Deatboot ဖြစ်နေသော ဖုန်းများကို Box များသုံးပီး
ပါဝါနိုးလာအောင် လုပ်ခြင်း တို့ကိုပါ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးမှာပါ..

သင်တန်းသား/သူ တွေကိုလည်း လိုအပ်တဲ့ နောက်ဆုံးထွက် Update Data များကို Support ပေးသွားမှာဖြစ်ပါတယ်..နောက်နောင်လည်း မည်သည့် Data ကို မဆို အချိန်မရွေး အခမဲ့ လာရောက် ရယူနိုင်မှာ ဖြစ်ပါတယ်...ကျနော်တို့ Smart-7 Mobiel Service&Training Centre သင်တန်းရဲ့ အဓိက ဦးစားပေးထားတဲ့အချက်ကတော့ လာရောက်သင်ကြားသော သင်တန်းသားများ အနေနဲ့ နည်းပညာအခက်အခဲ တစ်စုံတစ်ရာ မရှိရလေအောင် သင်တန်းပြီးဆုံးသွားသော်လည်း ဖုန်းဆက်၍သော်လည်းကောင်း၊သင်တန်း Page မှသော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း အချိန်မရွေး အကူအညီများ ပေးသွားမှာ ဖြစ်ပါတယ်..

သင်တန်းကြေးကတော့ Software&Hardware ၂ မျိုးလုံးအတွက် (400000) ပါ။
Software တစ်မျိုးတည်းတက်ပါက (150000) ပါ၊ Hardware တစ်မျိုးတည်းဆိုရင် (300000)ပါ။
နယ်မှ သင်တန်းသားများအတွက် အဆောင်ငှားဖို့ အခက်အခဲမရှိရလေအောင် ကျနော်တို့ အဆောင်စီစဉ်ထားပေးပါတယ် .Software & Hardware ၂ မျိုးလုံးတက်ပါက  အဆောင်ခက Free ပါ.. တစ်မျိုးတည်း တက်ချင်ရင်တော့ ၂သောင်းခွဲပါ..သင်တန်းကတော့ ၂ လ အပြတ်ပါ..

 သင်တန်း ချိန်များ >> Monday to Friday (တနင်္လာနေ့မှ သောကြာနေ့)ထိ

အချိန်မအားလပ်သူများနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချလိုသူများအတွက် စနေ၊ တနင်္ဂနွေ တန်းခွဲများလည်းရှိပါသည်။

ပုံမှန်သင်တန်းချိန် (Software)
--> 10:00 AM ~ 12:00 AM ( နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီ )
--> 02:00 PM ~  04:00 PM ( မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ) ထိ

ပုံမှန်သင်တန်းချိန် (Hardware)
--> 10:00 AM ~ 01:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၁ နာရီ )
--> 02:00 PM ~ 05:00 PM ( ညနေ ၂ နာရီ မှ ညနေ ၅ နာရီ ) ထိ

အသေးစိတ် မေးမြန်းလိုပါက ..
ဖုန်းနံပါတ် >> ၀၉-၄၄၀၄၉၅၅၅၈ ၊ ၀၉-၄၄၀၄၉၅၅၅၉

FB Page မှာလည်း လာရောက် မေးမြန်းနိုင်ပါတယ်..
Smart-7 Mobile Service & Training Centre

သင်တန်းရဲ့ တည်နေရာကတော့ ၊ တိုက်(၂၁)မြေညီထပ်၊လှည်းတန်း(၇)လမ်း ဓမ္မာရုံအနီး၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

၂၂ ရက်နေ့အထိ နောက်ဆုံးထားပီး စာရင်းပေးသွင်းထားနိုင်ပါတယ်ခင်ဗျာ...
 
သင်တန်းဖွင့်လှစ်မည့် ရက်ကတော့ ၂၃.၁၂.၂၀၁၅(ဗုဒ္ဓဟူးနေ့)ဖြစ်ပါတယ်.။

စိတ်ရှည်လက်ရှည်နဲ့ စာကိုအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ..

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

Myanmar Credo Group.apk(နည်းပညာသတင်း)



Myanmar Credo Groupမှကြိုဆိုပါတယ်
ဒီဆော့ဝဲလေးကတော့ ကျွန်တော်ရေနီသားဖြိုးလေး
 စိတ်ကူးလေးပေါ်လို့
ကျွန်တော့်ရဲ့ဘလော့လေးကို
Apk နည်းပညာဆိုဒ်လေးအဖြစ်

Viber Code တောင်းစရာမလိုဘဲ active ဖြစ်အောင်လုပ်နည်း

 

Viber Code မရလို့ စိတ်ညစ်နေသူများအတွက် Code စောင့်စရာမလို့တဲ့ Viber လာပါပီ


ဒီ Viber လေးကတော့ တော်တော်အဆင်ပြေတယ်ဗျာ သိပြီသာသူတွေ မပါဘူးနော်
မသိသေးတဲ့ သူများအတွက် ပါ ။ အားလုံးပဲအဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဒီ Viber ကိုပေးတဲ့ MPX ကအကိုတွေကိုလဲ Credit ပေးပါတယ် ။
ဒီ Viber ရဲ့ အားသာချက်ကတော့ တခြားဘက်က ဖုန်း ခေါ်လာတာကိုလဲ စောင့်စရာမလို့ပါဘူး
တခါတည်း Auto Coad တွေဝင်ပြီလုပ်သွားတာပါ။


                                     Viber apk ကို ဒီမှာဒေါင်းပါ     
 
                                MediafireမှDownloadလုပ်ရန်
                         
                               ZippyShareမှDownloadလုပ်ရန်

ဒေါင်းပြီ ရင် ဖုန်းမှာ install လုပ်ပါ လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့် ပါ ပြီရင် Continue ကို
နိပ်လိုက်ပါ  Coad ထည့်ရမယ့်နေရာရောက်ရင် သူဟာသူ Coad တွေထည့်ပြီလုပ်သွားလိမ့်မယ်
လွယ်မှလွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။
အားလုံးပဲအဆင်ပြေပါစေဗျာ။။။။။။။။။။။။။။။။။

credit>>>>> ရွှေနဒီနည်းပညာ

အဆင်ပြေပါစေ  .................
Min Oke Kar (ဘီလူးကျွန်းသားလေး)

 ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင် Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name  >>> Min Oke Kar(ဘီလူးကျွန်းသားလေး)
 https://www.facebook.com/groups/820150101390744/

ကွန်ပျူတာက Download Manager မှာ ဆွဲထားတဲ့ဖိုင်တွေ Resume မရပါက ရအောင်လုပ်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ........................
ဒီနေ့ PC က IDM မှာ ဆွဲထားတဲ့ဖိုင်တွေ
Resume Download လုပ်လို့မရတော့တဲ့အခါ
ရအောင်လုပ်မည့်နည်းလေးကို တင်ပေး
လိုက်ပါတယ် ။တကယ်ရပါတယ်နော်
ပြောထားသလိုပဲ လုပ်ကြည့်လိုက်ပါ
ကဲစရအောင် ပထမဆုံးသားတို့Resume
 လုပ်ချင်တဲ့ ဖိုင်ဆီကို Download Manager
ကနေတဆင့်သွားလိုက်ပါ  ရောက်ပြီဆိုရင်
ဖိုင်ကို ထောက် Right Click  >>>>>
Reflesh download adress  ဆိုတာလေးကို
နှိပ်လိုက်ပါ


Broswer ကနေ သွားနေပါလိမ့်မယ်
ခဏလေးစောင့်ပါ အဲ့မှာ အရင်ဆွဲထားတဲ့
ဖိုင်ဆီရောက်သွားရင် Download အသစ်
ထပ်ဆွဲပါ IDM နဲ့ ပဲပြန်ဆွဲနော်
0k ဆွဲနေပြီဆိုရင် pause ထားပါ
Downlaod Manager ဆီပြန်သွား ဆွဲနေတဲ့
အသစ်ပေါ်မှာ  Right Click  >>>>>
Properties ထဲက



ပြီးရင် အနီနဲ့ ၀ိုင်းပြထားတဲ့ Link တွေ
အကုန်လုံးကို Copy လုပ်ပါ ။ ok ပြီးရင်
အရင် Resume လုပ်မရတဲ့ဖိုင်ကိုသွား
Right Click >>>>>  Properties
ခုနက ပြတဲ့နေရာလိုမျိုးမှာပဲ
လင့်တွေအားလုံး Paste လုပ်လိုက်ပါ
ပြီးရင် ok ပေးလိုက်ပါ။ ပြီးရင်အဲ့ဖိုင်
ကို Resume လုပ်လိုက်ပါ။



အဆင်ပြေစွာနဲ့ ဆက်ဒေါင်းနေပါလိမ့်မယ်
 အဲ့ဒါဆို ဘယ်လောက်ပဲ ဆိုဒ်ကြီးကြီး
ကြောက်စရာမလိုတော့ပါဘူးပေါ့
ရှင်းရှင်းပြောရရင်တော့ ဗျာ
အဟောင်းကဆွဲမယ့် လင့်ကိုအသစ်က
ဆွဲမယ့် လင့်နဲ့အစားထိုးလိုက်တာပဲ
အဆင်ပြေမယ်မလား The Avengers
ဇတ်ကားလေးလာနေလို့ ကြည့်လိုက်အုံးမယ်ခ်ခ်







အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)

Youtube ပေါ်က Video တွေ ဘာ Download Manger မှ မသုံးဘဲ အလွယ်ဒေါင်းနည်း။



အားလုံးပဲ မင်္ဂလာပါခင်ဗျာ……………..
ဒီနေ့တော့ ပိုက်ဆံနည်းနည်းဖြုန်းချင်တာနဲ့ Youtube ပေါ်တက်ပြီး Hot ဖြစ်နေတဲ့ video တွေ ဒေါင်းမလို့ဗျာ
IDM ကတော့ရှိတယ် ဒါပေမယ့် IDM က တစ်ချို့ Video ဆွေဆို download မပေးဘူးဗျာ….
အဲ့ဒါနဲ့ လက်ကမြင်းပါလေရော။ အဲ့မှာ ဘာတွေ့သွားလဲဆိုတော့  ဘာ ဆော့ဝဲမှ မလိုဘဲ Youtube ပေါ်က video 
တွေကို ဒေါင်းလို့ရအောင် လုပ်မယ် ပေါ့ဗျာ   ဘယ်လိုလုပ်မှာလဲ ??????.
ပထမဦးဆုံး သားတို့ youtube ပေါ်က ကိုယ်ဒေါင်းချင်တဲ့ Video တွေဆီအရင် သွားလိုက်ပါ။

ရောက်ပြီဆိုရင် သား ၀ိုင်းပြထားတဲ့ လင့်ကို ကြည့်ပါ ။ www.youtube.com xxxxx ပေါ့ အဲ့မှာ (www.)နေရာကို (ss) အစားထိုးပေးလိုက်ပါ အောက်ကပုံအတိုင်းနော်


 Enter ခေါက်ပါ ။ ခဏလေးစောင့်ပါ ။အဲ့မှာ တခြားလင့်ကနေ box တစ်ခုကျလာပါလိမ့်မယ် /


အဲ့လိုလေး ပေါ်လာရင်တော့ အရင်ဆုံး download ဆိုတာလေးကို နှိပ်ပါ။ Generate လုပ်နေတုန်း ခဏလေးစောင့်ပါ။ ပြီးသွားရင်  အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်


 အဲ့မှာ Mp4 ရယ် more ဆိုတာလေး ပါလိမ့်မယ် MP4 ဆိုတာလေးနှိမ့်လိုက်ရင် တော့ Mp4 Format နဲ့ ဒေါင်းပါလိမ့်မယ် ၊ ကိုယ်ကတခြား Format နဲ့ ဒေါင်းချင်ရင်တော့ More ဆိုတာလေး နှိမ့်ပြီး ကြိုက်တာနဲ့ ဒေါင်းနှိင်ပါ တယ် (မသိသောသူများအတွက်ပါ p အများဆုံးကတော့ Resolution ရုပ်ထွက်အကောင်းဆုံးပါ )  ဖုန်းနဲ့လည်း ဒီအတိုင်းပါပဲ၊ ဖုန်းနဲ့ ဆွဲချင်သူများအတွက် PDf ထုပ်ထားပေးတာပါ။ Offline ဖတ်လို့ရတာပေါ့











Download Pdf; (1.16) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)