Huawei U8950 N Root ဖောက်ကလိချင်တဲ့ သူငယ်ချင်းများအတွက်




Huawei U8950 N ကို Root လုပ်ဖို့အတွက်ကိုတင်ပေးလိုက်ပါတယ်..လိုအပ်သူများအားလုံး
အဆင်ပြေကြပါစေဗျာ..Root လုပ်ဖို့အတွက်ကိုတော့ အရင်ဆုံး Bootloader unlock အရင်ဆုံးလုပ်ရမှာပါ..
ဒီလင့်ကနေသွားလုပ်ပေးလိုက်ပါ...

Huawei U9850 N Bootloader Unlock Link

 Unlock Code တောင်းဖို့ကို ဒီမှာ လေ့လာပေးပါ.....

Bootloader Unlock လုပ်ဖို့အတွက်ကို မေးပြန်ပို့လာပါလိမ့်မယ်...Bootloader Unlock လုပ်ဖို့အတွက်ကို
ဖုန်းရဲ့ Setting ထဲက Firstboot ကို အမှန်ခြစ်ဖြုတ်ထားလိုက်ပါ..USB Debugging ရယ် Unknow Source ရယ်ကိုအမှန်ခြစ်ထည့်ထားပေးပါ..ပြီးရင် Phone ကို Power ပိတ်လိုက်ပါ..
ဒေါင်းလို့ရလာတဲ့ ADB Tools ကို Zip ပြန်ဖြေထားလိုက်ပါ..ဖုန်းကို Power ပိတ်ပြီးတော့ Battery ဖြူတ်ပြီး ခဏထားလိုက်ပါ..ပြီးရင် Battery ပြန်တက်ပြီးတော့ ဖုန်းကို Vol Down + Power ကိုနှစ်ခုတွဲပြီးတော့ နှိပ်ထားလိုက်ပါ...Huawei Logo မှာဘဲ ရပ်နေပြီဆိုရင် ဖုန်းကို Pc နဲ့တွဲပေးလိုက်ပါ...
ADB Tools ထဲက First Boot.exe ကို Run ပေးလိုက်ပါ...ပေါ်လာတဲ့ Commend Box မှာ မေးပြန်ပို့လာတဲ့
ကုဒ် 16 လုံကို ရိုက်ထည့်ပေးပြီးတော့ Enter ကို နှိပ်လိုက်ပါ..ဖုန်းကို Reboot ကျသွားပြီး
ပြန်တက်လာပါလိမ့်မယ်..ပြီးရင် ဖုန်းကို Power ပြန်ပိတ်ထားလိုက်ပါ....Bootloader Unlock လုပ်ပြီးသွားပြီဆိုရင် ဖုန်းကို CWM အရင်တင်ပါ့မယ် ..CWM တင်ဖို့အတွက်ကို ဒေါင်းလို့ရလာတဲ့
eng-U8950D_Recovery..zip ကိုပြန်ဖြေလိုက်ပါ...eng-U8950D_Recovery ဆိုတဲ့ Folder တစ်ခုရပါမယ်
Phone ကို Vol Down + Power ကိုတွဲနှိပ်ထားပေးပါ Phone က Logo မှာဘဲရပ်နေပါ့မယ် Logo မှာရပ်နေပြီဆိုရင် ဖုန်းကို Pc နဲ့ တွဲလိုက်ပါ..ခုနက ရထားတဲ့ eng-U8950D- Recovery Floder ထဲက
flash_RECOVERY.bat ကို Run ပေးလိုက်ပါ..သူ့ဘာသာသူအလုပ်လုပ်သွားပါလိမ့်မယ် ပြီးရင် ဖုန်းက 
Reboot ကျသွားပြီးတော့ ပြန်တက်လာပါလိမ့်မယ်...ပြန်တက်လာပြီဆိုရင် ဖုန်းကို Power ပိတ်ထားလိုက်ပါ
CWM တင်လို့ပြီးပါပြီ .. CWM တင်ပြီးသွားပြီဆိုရင် Root ပါမယ်
Root လုပ်ဖို့အတွက်ကို ဒေါင်းလို့ရလာတဲ့  Root ဆိုတဲ့ ZIP ကို SD ကဒ်ထဲကိုထည့်လိုက်ပါ..ပြီးရင်
ဖုန်းကို Vol Up + Power ကိုတွဲပြီးတော့ နှိပ်ထားပေးပါ Recover mode ထဲကို ရောက်သွားပါမယ်...
Recover Mode ထဲကိုရောက်ပြီဆိုရင်  Install Zip From SD card>> Choose Zip From Sdcard >> Root.Zip 
ကိုအဆင့်ဆင့်ရွေးပေးလိုက်ပါ..Root လုပ်သွားပါလိမ့်မယ် ..( Vol Up, Vol Down =  ရွှေ့ရန်.. Power = OK )
.ပြီးရင် Reboot System Now နဲ့ ဖုန်းကို Reboot ပြန်တက်လိုက်ပါ ..
Huawei U8950N ကို အောင်မြင်စွာ Root လုပ်နိုင်ကြပါစေ....

U8950N Driver

adb tools

U8950 Recover

Root

U8950N Unlock.exe

Unlock.exe နဲ့လည်း Unlock လုပ်နိုင်ပါသည်။




အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Laptop ရဲ့ Speaker အသံပိုကျယ်လာအောင် ဘယ်လိုလုပ်မလဲ ?



 
မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ... ယနေ့တော့ Laptop Speaker နဲ့ပတ်သက်တဲ့ အကြောင်းအရာလေး တင်ဆက်ပေးပါ့မယ်
တစ်ချို့ Laptop တွေမှာ Speaker အသံတွေက တော်တော် အသံတိုးပါတယ်..ဒီလို အသံတိုးနေတဲ့ Laptop Speaker အသံတွေကို ဘယ်လိုကျယ်လာအောင်လုပ်မလဲ..မူလအသံအရည်အသွေးထက် ပိုကောင်းအောင်
လုပ်မလဲ.. ကဲ..အောက်မှာဆက်ဖတ်ပေးပါ.. ရိုးရှင်းတဲ့ အင်္ဂလိပ် ၀ါကျတွေနဲ့ရှင်းပြထားပါတယ်..လူတိုင်းနား
လည်သဘောပေါက်မှာပါ... နောက်များမှာလည်း ဒီလိုအသုံးဝင် Tip and Tricks နည်းပညာလေးတွေ ရှာဖွေတင်ဆက်ပေးသွားဦးမှာပါ အဆင်ပြေကြပါစေခင်မျ.

1) Go to Start > Control Panel
2) Click Hardware and Sound



3) Click the Manage audio devices link.

4) Select the device that you are using (e.g: Speakers ) then click Properties



5) Click Enhancements tab for all list of amelioration.

6) Check the effect that says "Loudness Equalization"


7) Click OK to apply all changes.

Myanmar IT Helper


အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Unlock Code တောင်းစရာမလိုတော့တဲ့ ERoot




 အခုတင်ပေးတဲ့ E Root လေးကတော့ Huawei U8825D လို Unlock Code တောင်းပြီးမှာ Root လုပ်ရတဲ့
ဖုန်းတွေ မှာ Unlock Code တောင်းစရာမလိုတော့ဘဲနဲ့ လွယ်လွယ်ကူကူ Root လုပ်နိုင်မှာ ဖြစ်ပါတယ်
Sony ဖုန်းတွေမှာဆိုရင် BootLoader unlock မလိုတော့ပါဘူး တစ်ခါတည်း Root လုပ်နိုင်ပါတယ်
One Click Root ဆိုတော့ အသုံးပြုရတာလည်းလွယ်ပါတယ်.. Root လုပ်မယ် ဖုန်းရဲ့ Driver သိနေဖို့ရယ်
Unknow Source ရယ် USB Debugging ရယ်ကို အမှန်ခြစ်ထည့်ထားဖို့ရယ် သာလိုပါတယ်
အားလုံးပြည့်စုံပြီဆိုရင် ဖုန်းကို PC နဲ့တွဲပြီးလိုက်ပါ Phone ကို PC နဲ့တွဲလိုက်တာနဲ့ Box လေးတစ်ခုတက်လာပါတယ် တက်လာတဲ့ တရုပ်စာလေးကိုနှိပ်လိုက်ပါ ပြီးရင် Root ဆိုတာကိုနှိပ်လိုက်ပါ Root လုပ်သွားပါလိမ့်မယ် 4 ခုလုပ်ရပါတယ် စောင့်ကြည့်နေလိုက်ပါ..3 ခုမြောက်မှာ ဖုန်းမှာ Root ဆိုပြီးခဏလေးပေါ်လာပါတယ် ထားလိုက်ပါ ဘာမှလုပ်စရာမလိုပါဘူး ပြီးရင်တော့ ဖုန်းမှာ Super User လေးရောက်နေတာကိုတွေ့ရပါမယ်ဗျာ  တော်တော်လေးကို အဆင်ပြေပါတယ်
အားလုံးလည်းအဆင်ပြေကြပါစေ ....

Download Here--- Solidfiles  






အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Windows 7 အတွက် Windows 8 Theme အလန်းစား။






ဒီဟာကတော့ Windows 8 Theme လေးပါ Windows 7 ကိုင်တဲ့သူငယ်ချင်းများအတွက် Windows 8 ကို
သုံးခြင်တဲသုငယ်ချင်းများအတွက် အရမ်းကိုအဆင်ပြေမှာပါ။ Windows 8 Theme ကိုမပြောင်ခင်မှာ 

Skin Pack Auto UXThemePatcher ကိုအရင်ဦးဆုံး Download ပြီးတော့ Install လိုက်ပါ ပြီးတော့ Windows 8 Theme ကိုသုံးလိုရမယ် အောက်မှာဒေါင်းခြင်တဲသူငယ်ချင်းများ ဒေါင်းလိုရပါတယ်။



အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Computer Partition ကိုခွဲနည်းလေပါ။






 
ကျွန်တော်အခု Computer Partition ခွဲတဲ့နည်းကိုရေးခြင်ပါတယ် Partition လုပ်တယ်ဆို
တာကအိမ်တစ်အိမ်ထဲမှာ အခန်းပေါင်းများစွာလုပ်ထားသလိုပါဘဲ ဒီ Partition လုပ်တတ်
ပြီးရင်တော့ Computer ထဲမှာဘယ် ဥပမာ Windows 7 သုံးထားရင်နောက်ထပ် Windows 8
နှစ်မျိုးစလုံးသုံးလိုရတဲ့ နည်းလေးသင်ပေးခြင်ပါတယ် Windows 8,7 မကလို့ Ubuntu တို
တောင်သုံးလိုရပါတယ် ကဲအရင်ဆုံး Partition ခွဲတဲ့နည်းကိုဘဲလုပ်ရအောင် အရင်ဆုံး 
My Computer မှာ Right Click လုပ်လိုက်ပါ ပြီးရင်တော့ Manage ကို Click လိုက်ပါ
နောက်ပြီးရင်တော့ အောက်ကပုံလိုမြင်ပါလိပ်မည်။
နောက်ပြီးတော့ Disk Management ကို Click လိုက်ပါ။
နောက်ပြီးတော့အပြာရောင်းလေးကို တွေမယ်လိုထင်ပါတယ် အဲဒီ အပြာရောင်း
လေးမှာ Right Click လုပ်လုပ်ပါ နောက်ပြီးတော့ Shrink Volume ကို Click 
ပေးလိုက်ပါ။
နောက်ပြီးတော့အောက်ကပုံလေးလိုမြင်ပါလိပ်မည်  8042 လိုပြထားတဲ့နေရာမှာ
ကိုယ်ကြိုက်လောက် ဂဏန်ထည့်လိုရပါတယ် ဥပမာ- ၂၁၀၀၀ ဆိုရင်တော့ 20 GB
လောက်ရှိမယ် ၁၀၀၀ ဆိုရင်တော့ 1 GB လောက်ရှိမယ်ကိုယ်လောက် GB လောက်
Partition လုပ်ခြင်တဲ့အပေါမူတည်တယ်။
OK ပေးလိုက်ပြီးရင်တော့ အမဲရောင်လေးပေါ်လာပါလိပ်မည် ။
အမည်နေရာမှာ Right Click ပြန်လုပ်လိုက်ပါ ပြီးရင်တော့ New Simple Volume 
လေးကို Click ပေးလိုက်ပါ။
နောက်ပြီးတော့ အကုန်လုံး Next ပေးလိုက်ပါပြီးရင်တော့ ဒီနေရာလေးရောက်ရင်တော့
New Volume နေရာမှာ ကိုလိုခြင်တဲ့နာမည်ကိုရေးလိုက် ပြီးတော့ Next နောက်ပြီးတော့
Finish ကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်ရင်တော့ Partition လုပ်တာအောင်မြင်သွားပြီ။
My Computer မှာကြည်ပါ ကိုယ် Partition လုပ်ထားတဲ့ကို ကိုပေးထားတဲ့နည်မည်
လေးနဲတွေပါလိပ်မည်။  ဒီပုံတွေကကိုယ်ပိုပုံမဟုတ်ပါဘူး Google မှာရှာပြီးတော့
Website ပေါင်းစုံးကယူပြီးတော့တင်ပြထားတာပါ တာကြောင့်ပုံတွေက မတူကြဘူး
အခတ်ခဲရှိရင်တော့ အောက်မှာ Comment လေးထားခဲပါ။



အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

သင့်ကွန်ပြူတာလေးနေရင် Wise Disk Cleaner



ဒီကောင်လေးက ဖိုင်ဆိုဒ်သေးသေးလေးနဲ့ အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ မိမိတို့ကွန်ပျူတာ တခုလုံးကို အမှိုက်တွေရှင်းလင်း ပေးပြီး ၊ အသုံးမလိုတဲ့ ဖိုဒါအပိုတွေ၊ ဖိုင်အလွတ်တွေကို  ရှိသမျှ ဟတ်ဒစ်အပိုင်းတွေထဲမှာ လိုက်ရှာပြီး ခဏလေးနဲ့ ရှင်းလင်းပေးနိုင်ပါတယ်..။ ဝင်းဒိုးရဲ့ Registry အပိုင်းကိုလည်း ရှင်းလင်းပေးမှာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ ဒီကောင်လေးရဲ့ တခြားအပိုင်းတွေမှာ အလုပ်လုပ်တာ မြန်ပေမယ့် Disk Defrag လုပ်တဲ့ အပိုင်းမှာတော့ နည်းနည်းကြာတတ်ပါတယ်..။ အဲ့ဒါကတော့ ဟတ်ဒစ်ထဲမှာရှိတဲ့ မိမိတို့ နေ့စဉ်သုံးနေတဲ့ ဖရိုဖယဲဖြစ်နေတဲ့ ဖိုင်တွေကို ဒီ Disk Defrag ဆိုတဲ့ အပိုင်းက တခုချင်းစီ လိုက်စီပေးနေရလို့ပါ..။ ဒီကြောင့်ဒီအပိုင်းကို အသုံးပြုတဲ့အခါမှာ မိမိတို့ တခြားလုပ်ချင်တာတွေ လုပ်နေလို့ ရပါတယ်..။ ဒီအပိုင်းကို လွှတ်ပေးထားလိုက်ပါ..။ သူ့အလိုလို အလုပ်လုပ်ပေးနေပါလိမ့်မယ်..။ အားလုံးအသုံးပြုပြီးရင်တော့ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ ဟတ်ဒစ်ထဲမှာ မန်မိုရီအပို (နေရာလွတ်တွေ) ပိုထွက်လာပါလိမ့်မယ်..။ စက်ကလည်း အရင်ကထက် အသုံးပြုရတာ ပိုမြန်နေပါလိမ့်မယ်..။ ကိုယ်တိုင်အသုံပြုပြီးမှ သိမှာမို့ လက်တွေ့သာ လုပ်ကြည့်လိုက်ပါ..။ အသုံးမပြုတတ်သေးတဲ့ သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံးလုပ်ပြ ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။
Install ထည့်ပြီးတဲ့အခါ အောက်ကအတိုင်း ရွေးပေးလိုက်ပါ..။

Start Scan နဲ့ စလုပ်ပါတယ်..။


အောက်ကပုံအတိုင်း လိမ္မော်ရောင် စာသားတွေနဲ့ ပေါ်လာရင် Start Cleaning ကို နှိပ်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း ပေါ်လာရင် Yes ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေပါလိမ့်မယ်..။



အပေါ်ပုံအတိုင်း အမှန်ခြစ်လေးနဲ့ Completed စာသားပေါ်လာရင်တော့ တပိုင်းပြီးသွားပါပြီ..။ မီနူးဘားတန်းက Advanced Cleaner ကို ထပ်ကလစ်ပြီး နောက်တပိုင်းကို ထပ်လုပ်ပါတယ်..။ အောက်ကပုံအတိုင်း အမှန်ခြစ်တွေအားလုံးပေးပြီး Start Scan ကိုနှိပ်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း ပေါ်လာရင် Start Cleaning ကို နှိပ်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း Completed စာသားနဲ့ အမှန်ခြစ်ပေါ်လာရင်တော့ ဒုတိယ တပိုင်းလည်း ပြီးသွားပါပြီ..။ အောက်ကပုံမှာပြထားတဲ့ မီနူးဘားတန်းက Slimming System နေရာကို ထပ်နှိပ်ပါတယ်..။


အောက်ကပုံအတိုင်း Slimming Down ကိုနှိပ်လိုက်ရင်တော့ သူ့အလိုလို Restore Point တခုကို ဖန်တီးပေးပါလိမ့်မယ်..။ ဒါကတော့ ဒီဆော့ဝဲလ်ကို အသုံးပြီးလို့ စက်မှာ Error တွေအများကြီးပေါ်ခဲ့ရင် System Restore နဲ့ နောက်ပြန်သွားလို့ ရအောင်လို့ပါ..။ ခဏစောင့်ပေးလိုက်ပါ..။



ပြီးရင်တော့ Select All နဲ့ အားလုံးကို အမှန်ခြစ်ပေးလိုက်ပါ..။ ပြီးမှ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Slimming Down စာသားကို ထပ်နှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အမှန်ခြစ်လေးနဲ့ Finished စာသားပေါ်လာရင်တော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Disk Defrag နေရာကို ထပ်ကလစ်လိုက်ပါ..။



အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Full Optimization နဲ့ လုပ်ပေးပါ..။ ဒီအပိုင်းမှာ နည်းနည်းကြာမှာ ဖြစ်တဲ့အတွက် ဒီပရိုဂရမ်ကို လွှတ်ပေးထားပြီး တခြား လုပ်ချင်တာတွေကို လုပ်နေလို့ ရသွားပါပြီ..။


အပေါ်ပုံနဲ့ အောက်ကပုံအတိုင်း ဟတ်ဒစ်အပိုင်းတွေကို တခုချင်းစီး အလုပ်လုပ်ပေးပါလိမ့်မယ်..။ ပြီးသွားတဲ့ အပိုင်းတွေကို Optimized စာသားတွေ ပြနေပါလိမ့်မယ်..။

အပိုင်းအားလုံးပြီးသွားလို့ အပိုင်းအားလုံးမှာ Optimized စာသားတွေ ပေါ်လာပြီဆိုရင်တော့ ဒီကောင်လေး အလုပ်လုပ်တာ ပြီးဆုံးသွားပါပြီ..။ ဒါကြောင့် မိမိတို့ရဲ့ စက်ကို ဆော့ဝဲလ်တွေ Install မထည့်ပါနဲ့အုန်း Restart အရင် ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင်တော့ အရင်ကထက် ဟတ်ဒစ်မှာ မန်မိုရီအပိုတွေနဲ့ အသုံးပြုရတာ ပိုမြန်နေပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ပတ်စ၀က်တောင်းလာရင် ဒီလင့်လေး ထည့်ပေးလိုက်ပါ.. http://lwinminbo.blogspot.com/ ရသွားပါလိမ့်မယ်. အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။
မူရင်း...လွင်မင်းဗိုလ်
(စကားချပ်)...ဒီကောင်လေးကိုလိုချင်လို့လိုက်ဒေါင်းလိုက်တာရွာတွေလည်သွားပါတယ်
သူပေးထားတဲ့မူရင်းလင့်ကသေနေပြီဖြစ်လို့အတော်ရှာလိုက်ရပါတယ် ခုတော့ဖိုင်ဆိုဒ်ကလည်းသေးတဲ့တွက်ဒီမှာပဲကျနော်ပြန်တင်ပေးပါ့မယ်လိုချင်သူများ  WDCFree ဒီမှာ.   ဒေါင်းလိုက်ပါအတော်ကိုကောင်းတဲ့ကောင်လေးပါ....ဒေါင်းပြီးရင် install လုပ်ပြီးဒီပိုစ့်ထဲကအတိုင်းလိုက်လုပ်ပေးလိုက်ပါ..

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

ဂိမ်းချစ်သူများအတွက်

ဒီဂိမ်းလေး ဆော့ကြည့်လိုက် ကြိုက်သွားစေရမယ်ဗျာ ကောင်မလေးတွေ
တော်တော်ကြိုက်တဲ့ဂိမ်းလေးပေါ့။
တော်တော် တော့  ရယ်ရတယ် ရည်းစားထားချင်တာတောင် ပိုက်ပိုက်နဲ့
မုန့်တွေဝယ်ကြွေးရတယ်။ အပြင်မှာလိုပဲ 
Club တက်ချင်တာတို့ဆိုရင် တစ်ယေက်တည်းသွားလို့ကတော့ အဆင်မပြေဘူး
အဖော်လိုက်ရှာရတယ်ဗျ...

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

SPB Shell 3D APK v1.6.4


Play Store မှာတော့ 14.95$ တောင်ဗျာ TR Tech ကမိတ်ဆွေများကို လက်ဆောင်ပေး
တာပါ။ အကယ်အလန်းပဲဗျာ
အောက်ကပုံတွေသာကြည့်တော့ Android version 2.1 နဲ့အထက်ဆိုရပြီ

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Huawei Honor2/Ascend G615(U9508) ဖုန်းတွေကိုအလန်းဆုံးလုပ်မယ်ဗျာ



ဒီပို့စ်လေးကတော့ ကျွန်တော့်အီးမေးထဲကို Huawei Honor 2/G615 ကိုင်ဆောင်သူတွေ သူ့လို ဒုက္ခမရောက်အောင် မျှဝေပေးပါဆိုပြီး ပေးပို့လာတာဖြစ်ပါတယ်... အပြည့်အစုံကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်...
----------
ကျွန်တော့် နာမည်ဇော်ဇော်ထက်ပါ Huawei Honor 2/G615 ကိုင်ဆောင်သူတွေ ကျွန်တော်လို ဒုက္ခမရောက်အောင် ဒီပို့စ်လေး share ပေးပါခင်ဗျာ..
---
Huawei Honor2/Ascend G615(U9508) ဖုန်းတွေကိုအလန်းဆုံးလုပ်မယ်ဗျာ
----------------------------------------------------------------------------------
Huawei Honor2/Ascend G615 ဖုန်းတွေကို Jelly Bean 4.1.2 EMUI မြင့်မယ် Root ဖောက်မယ် Google Apps တွေသွင်းမယ် စိတ်ပါရင် CWM Recovery တောင်သွင်းလို့ရသေးတယ်ဗျာ

ဒီပို့စ်တင်ရတဲ့အကြောင်းကတော့ ကျွန်တော်လို U9508 ကိုင်တဲ့ဖုန်းပိုင်ရှင်တွေ ဒွတ်ခ မရောက်ရအောင်လို့ပါ ကျွန်တော် jelly bean မြှင့်ချင်လို့ ၇ှာတာ ၂ပတ် တိတိ ကြာပါတယ်ဗျာ မြန်မာဆိုဒ်တွေမှာရှာတယ် မတွေ့ဘူး
Eng site တွေမှာရှာတယ် မတွေ့ဘူး နောက်ဆုံး ကျွန်တော်မသိတဲ့ နိုင်ငံက တင်ထားတာကို သွားတွေ့မှရတော့တယ်ဗျာ ဒါတောင်မှ translate လုပ်ပြီးမှနားလည်တာ အဟီးးးး:lol
ဒါကြောင့်ကျွန်တော်လို ဒွတ်ခမရောက်ရအောင် အပြည့်အစုံတင်ပေးလိုက်ပါတယ်ဗျာ...............

ကဲအရင်ဆုံး  jelly bean ကိုမြှင့်မယ် ဒီဖုန်းအမျိုးအစားအတွက် အများကြီးထွက်ပါတယ် အဲဒီထဲကမှ error အကင်းဆုံး stable version ကို တင်ပေးထားတာပါ( သူ့ထက်မြင့်တဲ့ Beta version တွေတင်ချင်ပါတယ်ဆိုရင်တော့ မန့် box ကနေ တောင်းဆိုထားနိုင်ပါတယ်)

ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ- Huawei U9508 EMUI Jelly Bean 4.1.2 Stable Version

ဒေါင်းပြီးသွားရင်တော့ ထုံးစံအတိုင်း zip file ကိုဖြည်လိုက်ပါ အဲဒိထဲက dload folder ကို format ချထားတဲ့ sd card ထဲကို ကူးထည့်ပါ
ပြီးရင် setting>storage>softwere upgrade>sd card upgrade တဆင့်ချင်းလုပ်လိုက် ဖုန်းက firmware တင်ပြီး ပြန်တက်လာတဲ့အခါ jelly bean 4.1.2 နဲ့ လန်းလို့ရသွားပါပြီ
ကဲ jelly bean ကိုအမြစ်တူးမယ်ဗျာ
ဒီဟာလေးကိုအရင်ဒေါင်းပါ
ရလာတဲ့ zip  ဖိုင်လေးကို ဖြည်ချလိုက်ပါ ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပါ
Pc မှာ ကိုယ်ဖုန်းရဲ့ driver တင်ထားဖို့တော့လိုမယ်နော် driver မရှိရင် ဒီမှာ ဒါမှမဟုတ် ဒီမှာ  ဒေါင်းလိုက်ပါ
driver သိပြီဆိုရင်တော့ pc နဲ့ ဖုန်းနဲ့ချိတ်လိုက်ပါ
Zip ဖြည်ထားတဲ့ ဖိုင်ထဲက run.bat လေးကို run လိုက်ပါ
ဖုန်းကအော်တို restart ကျပြီးပြန်တက်လာရင် super user icon လေးနဲ့ အမြစ်တူးပြီးသားဖြစ်သွားပါပြီ

CWM တင်မယ်, Google Application တွေထည့်မယ်
-------------------------------------------------------
CWM ကို ဒီမှာ ဒေါင်းပါ
Google Application ကို ဒီမှာ ဒေါင်းပါ
ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ
ပြီးရင် Choose USB storage device (or Media device (MTP)
ဒေါင်းထားတဲ့ Recovery6.0.1.9_AscendHonor2.exe ကို run လိုက်ပါ CWM တင်မှာဆိုတော့ 1 ကိုရွေးပြီး enter ခေါက်လိုက်ပါ
ကျန်တာသူဟာသူဆက်လုပ်သွားလိုက်ပါလိမ့်မယ် restart ကျပြီးရင်တော့ CWM တင်ခြင်းပြီးပါပြီ
ကဲ G Apps တွေသွင်းတော့မယ်နော် အပေါ်မှာဒေါင်းထားတာ ကို SD ကဒ်တစ်ခုထဲကို ကူးထည့်လိုက်ပါ ( Zip မဖြည်ဘူးနော် ဒေါင်းထားတဲ့အတိုင်းလေး ထည့်ရမှာ)
ပြီးရင်ဖုန်းကို ပိတ်မယ် ပြီးရင် Vol Up and Power ကိုတွဲနှိပ်ပါ Recovery mode ကိုရောက်သွားပါမယ်
အဲဒီမှာတွေ့ရမှာ တရုတ်စာတွေကြည့်ဘဲ တရုတ်စာတတ်ရင်တော့ဆက်လုပ်ပေါ့ဗျာ ဟဲ ဟဲ နောက်တာနော်
တွေ့ရတဲ့အထဲက Vol Up,Down ခလုပ်ကိုသုံးပြီး 2ခုမြောက်ကစာကြောင်းကို ပါဝါခလုပ်သုံးပြီး ရွေးလိုက်ပါ
ဆက်ပြီး တွေ့ရတဲ့အထဲက 4ခုမြောက်ကစာကြောင်းကို ရွေးလိုက်ပါ အဲဒိထဲကမှ gapps-jb-20121011-signed.zip ဆိုတာကို select နောက်တခါ select လုပ်ပါ G Apps တွေတင်နေပါလိမ့်မယ်
Operation ပြီးသွားရင် အောက်ဆုံးကစာကြောင်းလေးကို ရွေးပီး အစရောက်အောင်ပြန်ထွက်ပါ ပြီးရင် အပေါ်ဆုံးက စာကို select လုပ်လိုက်ပါ ဖုန်းက restart ကျပီးပြန်တက်လာရင်တော့ JELLY BEAN 4.1.2,ROOT AND G APPS စုံလင်စွာပါတဲ့ ဖုန်းတစ်လုံးဖြစ်ပြီပေါ့ဗျာ……..
ပြီးပြီထင်လား မပြီးသေးဘူးဗျ CWM ကြီးကကောင်းကျိုးပေးပြီးသွားတော့ ဆိုးကျိုးပေးဖို့စောင့်နေတယ်လေ
CWM ရဲ့ဒွတ်ခကိုခံစားဖူးတဲ့သူတွေကတော့ သိမှာပေါ့ဗျာ ဟီးးးးးးးးး
အဲကောင်ကိုပြန်ဖြုတ်မယ်ဗျာ ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ
ပြီးရင် Choose USB storage device (or Media device (MTP)
ဒေါင်းထားတဲ့ Recovery6.0.1.9_AscendHonor2.exe ကို run လိုက်ပါ CWM ဖြူတ်မှာမိုလို့ 2ကိုရွေးပီး enter ခေါက်လိုက်ပါ
ကျန်တာသူဟာသူဆက်လုပ်သွားလိုက်ပါလိမ့်မယ် restart ကျပြီးရင်တော့ CWM ဖြုတ်ခြင်းပြီးဆုံးပါပြီ
ကဲအဲဒီတော့ ဦးကြီးတို့ ဘာလိုသေးလဲဗျာ…..

ပေးပို့သူ= zaw zaw
အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Service သမားများအတွက် Firmwares များ ပို့ပေးမည်.. (သတင်းကောင်းလေးပါဗျာ)

ဒီလိုဝန်ဆောင်မှုလေးတွေ ရှိလာတော့ နယ်ဒေသမှ serive သမားတွေအတွက် အရမ်းအဆင်ပြေသလို ကျန်တဲ့လိုအပ်ချက်ကလေးတွေပါ မေးမြန်းမှာယူလို့ရတဲ့

အခွင့်အရေးရနိုင်ပါတယ်

ဒါပေမယ့်လည်း နယ်ဒေသတွေမှာ ဖုန်းပြင်ခတွေကို အဆမတန်တောင်းနေတာတွေက အရမ်းဆိုးပါတယ်
ဒါကတော့ ပြုပြင်ပေးတဲ့သူကမကောင်းတာလား ဖုန်းပိုင်ရှင်တွေကပဲ လေ့လာလိုက်စားမှုညံ့လို့ ခံရတာလားတော့မပြေားတတ်ဘူး ဖုန်း လော့ဖြေရင် ၅၀၀၀ကျပ် root ဖောက်ရင် ၅၀၀၀ကျပ် root ဖောက်ပြီးဖုန်းကို လော့ဖြေရှင်းတာနဲ့  မြန်မာစာရဖို့အတွက်  root ပြန်ဖောက်ရမယ်တဲ့
ကျွန်တော်ဖုန်းကိုင်စတုန်းက အညာခံခဲ့ရတာလေးပါ အောက်ကသတင်းလေးကိုဖတ်ကြည့်လိုက်အုန်း
လေကျေားမရှည်တော့ဘူးနော်.............ဆဲတော့မှာလေကျေားရှည်နေလို့
Service သမားတွေအလိုရှိနေတဲ့ Android နဲ့ iOS Firmware တွေကို စုစည်းထားတာတွေရှိပါတယ်.. Android အတွက် Official Firmware တွေအပြင် Custom တွေကိုပါ ရနိုင်မှာဖြစ်ပါတယ်.. အဓိကအားဖြင့် နယ်က Service သမားတွေ ပိုလိုအပ်လိမ့်မယ်လို့ ထင်ပါတယ်.. သိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာ့အင်တာနက်က ဘယ်လောက် Bandwidth မြှင့်မယ်. ဘာညာနဲ့ ပြောနေတာ.. မြှင့်မယ် ပြောတိုင်း လိုင်းက တစ်ခါကျတယ်.. ခုဆို CDMA 800 သမားတွေလောက်ပဲ နည်းနည်း အဆင်ပြေပြီး WCDMA , GSM သမားတွေ အဆင်မပြေပါဘူး.. WCDMA ဆို GSM လိုင်းမှာဆင်းပြီး အင်တာနက်သုံးရတာ တစ်မိနစ် ၂ ကျပ်တန်ကို ၄ ကျပ်ပေးသုံးနေရာတာပါ.. ဒီလောက် လိုင်းအားနဲ့ အနည်းဆုံး 200 MB ကျော်တဲ့ Firmware တွေကို ဘယ်လို ဒေါင်းမလဲ..P6 ဆို 600 MB ကျော်တယ်လေ..
ဒီပြဿနာတွေကို ပြေလည်စေဖို့ နည်းလမ်း တစ်ခု လုပ်ထားပါတယ်..
DVD တစ်ခွေစာ Firmware ပြည့်အောင်ထည့်ပေးမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ Firmware ကို ကြိုတင်မှာယူနိုင်ပါတယ်.. Firmware အပြည့်ပါတဲ့ DVD ခွေ ( ၁) ခွေကို ကျပ် ၅၀၀၀ိ. ကျသင့်မှာဖြစ်ပြီး ရန်ကုန်နှင့် တိုက်ရိုက် ကားလိုင်းရှိသော ဒေသများကို ၄ ခွေနှင့်အထက်မှာယူပါက ကားဂိတ်မှတစ်ဆင့် ပို့ပေးမှာဖြစ်ပါတယ်.. ကားခသယ်ယူစရိတ်အတွက် မှာယူသူက ကျခံရမှာဖြစ်ပါတယ်.. နယ်က မှာယူလိုသူတွေက မှာယူလိုတဲ့ Firmware အမျိုးအစား၊ ပေးပို့ရမယ့်လိပ်စာ၊ ဖုန်းနံပါတ် တို့ကို maungpauk@gmail.com ကို Firmwares ခေါင်းစဉ်နဲ့ ပေးပို့နိုင်ပြီး မှာယူသော Firmware ရ/မရ ကို နေ့စဉ် မနက် ( ၉း ၃၀ ) မှ ညနေ ( ၄း ၃၀ ) အတွင်း ပြန်လည် အကြောင်းပြန်သွားမှာဖြစ်ပါတယ်.. ၄ ခွေနဲ့အထက် မှာယူလိုသူတွေက ဖုန်းနံပတ် 09440225635 ကို ဆက်သွယ်နိုင်ပြီး ငွေချေစနစ်ကို ပေးသူ အဆင်ပြေမယ့် စနစ်မျိုး ညှိယူမှာဖြစ်ပါတယ်.. ရန်ကုန်မှာ တစ်ခွေချင်း ဝယ်ယူချင်တယ်ဆိုရင်တော့ -

* မင်းမင်း ( Min Min ) Computer and Mobile Phone Services

* တိုက် ( 9 ) - B - 1

* မဟာမြိုင်အိမ်ရာ
* မြောက်ဒဂုံ
မှာ လာရောက်ဝယ်ယူနိုင်ပါတယ်..

ပေးပို့သူ - မင်းမင်း


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Y210T Root & Wifi Error ရှင်းနည်း (၂)


Y210T Root & Wifi Error ရှင်းနည်း


Y210T တွေကို Root ဖောက်တဲ့အခါ Wifi Error တက်ပါတယ်..

ဒီတော့ Wifi Error ကိုဖျောက်လိုက်ရအောင်နော်...

အရင်ဆုံးကိုယ့်ဖုန်းကိုလေ့လာရမှာက Build Number ပါ...

Y210-0010,Android 2.3,V100R001C17B839 ဒီ Build Number ဆိုရင်တော့အဆင်ပြေပြေအောင်

မြင်သွားမှာပါ...

မဟုတ်တဲ့သူတွေကလဲ ဒီ Firmware လေးကို ဒေါင်းပြီးတင်လိုက်ပါ.....

Download Here

ကဲပြီးသွားရင်တော့ Root အရင်လုပ်နည်းရေးပေးလိုက်ပါတယ်...

ဒါလေးကိုဒေါင်းလိုက်ပါ။

Download Here

ကဲဒေါင်းပြီးရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ။

Volume Down + Power နဲ့ ဖိနှိပ်လိုက်ပါ...

ကြိုးထိုးပြီး အပေါ်က Y210T Insecure Boot Changer ကိုနှိပ်လိုက်ပါ.....

Cmd Box လေးကျလာပါလိမ့်မယ်...

Enter နှစ်ချက်သုံးချက်လောက်ခေါက်လိုက်ရင် Reboot ကျသွားပါလိမ့်မယ်...

ပြန်တက်လာရင် ကြိုက်နှစ်သက်ရာ Root Tool နဲ့ Root ဖောက်လိုက်ပါ။

ပြီးရင်တော့ Wifi ကို အမှန်ခြစ်ကြည့်မရတော့ပါဘူး...

ဒါဆိုရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ..

Volume Down + power နဲ့ Fastboot Mode ပြန်ဝင်လိုက်ပါ..

ပေးထားတဲ့ Program က အောက်ကစာကြောင်း

Y210Y Stock Boot Changer ကိုရွေးပေးလိုက်ပါ..

ကဲ ဖုန်းက ပြန်တက်လာရင်တော့ wifi ကိုအမှန်ပြန်ခြစ်လို့ရသွားပါပြီ။အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

U8825D,C8825D,U8950D,C8950D Root Tool Kit


ဒီ Tool လေးကတော့ U8950D,C8950D,C8825D,U8825D တို့ကိုအချိန်တိုအတွင်း Root လုပ်နိုင်မှာပါ…..
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
Screenshot - 3_18_2013 , 5_50_26 PM
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
Screenshot - 3_18_2013 , 4_07_16 PM
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ Ready To Root ကိုနှိပ်ပြီး
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..
ဖြိုးချမ်း

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

ODIN Multi Downloader For All Samsung Galaxy Type


Samsung ဖုန်းများ Odin odin သုံးပြီး  firmware  အတင်အချ လုပ်တဲ့ အခါမှာ အခန့်မသင့်ရင် Fail ပြတတ်ပါတယ် ..အဲဒီလို Fail ပြတဲ့အခါမျိုးက USB ကြိုးမကောင်းတာပဲ ဖြစ်ဖြစ်၊ USb ကြိုး အပေါက် မကောင်းတာပဲဖြစ်ဖြစ်၊ ဖြစ်တတ်ပါတယ် ..အဲဒါတွေ က ဖြစ်တာမဟုတ်ရင်တော့  Firmware တင်တဲ့အခါမျိုးမှာ  Pit ဖိုင်ထည့်ပြီးရေးမှ အဆင်ပြေတတ်တာမျိုးတွေ ရှိပါတယ် . . အဲဒါကြောင့်  Samsung phone  အမျိုးအစားလိုက်ပြီး လိုအပ်မယ့်  Odin Multi Downloader များကို တင်ပေးလိုက်ပါတယ် …  Myanmar Mobile App Store မှာ  download ရယူနိုင်ပါတယ် ..
Samsung Galaxy S (I9000), Samsung Galaxy S (I9010), Samsung Galaxy Tab (P1000), Samsung Galaxy Tab wifi (P1010), Samsung Galaxy S Giorgio Armani (I9010)
——————————-
Samsung  Galaxy S (I9000), Samsung  Galaxy S II (I9000), Samsung Galaxy SL (I9003), Samsung Galaxy Giorgio Armani (I9010), Samsung Google Nexus S (I9020), Samsung Google Nexus S (i9020A), Samsung Google Nexus S (i9023), Samsung Galaxy Tab (P1000), Samsung Galaxy Tab wifi (P1010), Samsung Galaxy Note (N7000)
——————————-
Samsung  Galaxy S (I9000), Samsung  Galaxy S II (I9000), Samsung Galaxy SL (I9003), Samsung Galaxy Giorgio Armani (I9010), Samsung Google Nexus S (I9020), Samsung Google Nexus S (i9020A), Samsung Google Nexus S (i9023), Samsung Galaxy Tab (P1000), Samsung Galaxy Tab wifi (P1010), Samsung Galaxy Note (N7000)
——————————
Samsung  Galaxy S (I9000), Samsung  Galaxy S II (I9000), Samsung Galaxy SL (I9003), Samsung Galaxy Giorgio Armani (I9010), Samsung Google Nexus S (I9020), Samsung Google Nexus S (i9020A), Samsung Google Nexus S (i9023), Samsung Galaxy Tab (P1000), Samsung Galaxy Tab wifi (P1010), Samsung Galaxy Note (N7000)
——————————
Samsung Galaxy Y (S5360), Samsung Galaxy Y (S5363)
——————————
Samsung Galaxy S II (I9100), Samsung Galaxy S II (I9100G), Samsung Galaxy S II (I9100P), Samsung Galaxy Tab 10.1v (P7100), Samsung Galaxy Y (S5360), Samsung Galaxy Y (S5363), Samsung Galaxy Tab wifi (P1010), Samsung Galaxy Tab 8.9 (P7300), Samsung Galaxy Tab10.1 (P7500), Samsung Galaxy Tab 10.1 WiFi (P7510), Samsung Galaxy Y Pro (B5510), Samsung Galaxy Note (N7000)
——————————
Samsung Behold (T919), Samsung Behold 2 (T939)
——————————
Samsung Galaxy (I7500)
———————————-
Samsung Europa (i5500), Samsung Galaxy Europa (I5500), Samsung Galaxy 551 (I5510), Samsung Galaxy Spica (I5700), Samsung Galaxy Apollo (I5800), Samsung Galaxy (I7500)
———————————
Samsung Galaxy Gio (S5660), Samsung Galaxy Mini (S5570), Samsung Galaxy Fit (S5670), Samsung Galaxy Ace (S5830), Samsung Galaxy Xcover (S5690), Samsung Galaxy Y Pro (B5510) , Samsung Galaxy Pro (B7510), Samsung Galaxy M Pro (B7800)
———————————-
Samsung Galaxy S Plus (I9001), Samsung Galaxy W (I8150),  Samsung Exhibit II 4G (T679 T-Mobile), Samsung Galaxy W (T679M Bell).
———————————
Samsung Galaxy (I7500)
———————————
Samsung Europa (i5500), Samsung Galaxy Europa (I5500), Samsung Galaxy 551 (I5510), Samsung Galaxy Spica (I5700), Samsung Galaxy Apollo (I5800), Samsung Galaxy (I7500)
——————————-
Samsung Galaxy Gio (S5660), Samsung Galaxy Mini (S5570), Samsung Galaxy Fit (S5670), Samsung Galaxy Ace (S5830), Samsung Galaxy Xcover (S5690), Samsung Galaxy Y Pro (B5510) , Samsung Galaxy Pro (B7510), Samsung Galaxy M Pro (B7800)
——————————-
Samsung Galaxy Apollo (I5800), Samsung Galaxy Spica (I5700),  Samsung Galaxy (I7500)



အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)