Huawei U 8825 လိုင်းမတက်တာလေးပါ....


လုပ်လိုက်ရတာ ဟိုလိုလုပ်ဒီလိုလုပ် မရဘူး (အခြေခံသမားများသာပါ)                                                                                                   

နောက်ဆုံးတော့ ဒီကြိုးလေးကဖြစ်နေတာပါ   network socket နဲ့ကြိုးလေးကို ဖြုတ်ပြီး ဆေးပြန်တတ်လိုက်တာ ပါ  ...                                                 
Credit to All...
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote.blogspot.com/ 

Huawei U 8818 Power မနိုးနိုင်တာလေးပါ...


                               အခြေခံသမားများအတွက်သာပါ..

ပထမဆုံး power supply Box  နဲ့ 4 v လောက် ပေးကြည့်တော့ Amp က 2 လောက်ရောက်လိုက် ကျလိုက်ဖြစ်နေတာပါ အဲဒါနဲ့ Phone ကိုဖြုတ် ကြည့်ပြီး  နေရာတော်တော်များများ မှာ v တိုင်းကြည့်တော့လည်း v တွေက မငြိမ် ဖြစ်နေတာပါ နောက်ဆုံးမသင်ကာတာနဲ့ vibration motor လေးဖြုတ်လိုက်တော့ ကောင်းသွားပါတယ်  ( အခြေခံသမားများအတွက်သာပါ..)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
http://ourelectronicnote.blogspot.com/

ံHuawei G 520 display မရတာလေးပါ..



ပထမဆုံးအနေနဲ့တော့ Display socket စစ်ကြည့်ပါ နောက် screen ic နားက ပံ့ပိုးပစ္စည်းတွေစစ်ကြည့်ပါ v ရောက်မရောက်တိုင်းကြည့်ပါ  Display ကောင်းမကောင်းစစ်ကြည့်ပါ jumper လုပ်ကြည့်ချင်လုပ်ကြည့်ပါ (jumper ကတော့ circuit ပိုင်း dirgram သိမှ အဆင်ပြေမှာပါ တစ်လုံးနဲ့တစ်လုံးကလည်း တည်ဆောက်ပုံတွေက ကွဲပြားနေကျတော့ ခက်ပါတယ် )အဲဒါတွေမှမရရင်တော့ Touch screen IC လေးသာလဲလိုက်ပါတော့ ခင်ဗျာ(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
http://ourelectronicnote.blogspot.com/

Charger မ၀င် တာတို့ ကြောင်တာတို့...


N7000 (သို့) Glaxy note  လေးပါ အားသွင်းရင်လည်းမ၀င် လို့ပါ လမ်းကြောင်းတွေအရင် volt လိုက်ကြည့်ပါ components အရင်စစ်ကြည့်ပါ သူမှမရရင် jumper ကျ တော့လည်းအန္တရယ်များလှတယ် နောက်ဆုံး charger IC လေးလဲလိုက်ရင် ကောင်းသွားတတ်ပါတယ်...
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)

Huawei u8825 d power မနိုးတာလေးပါ...


အဲဒီဇီနာဒိုင်အုပ်လေးက ဗို့ကို ကန့်ပေးတာပါ သူ့ကိုဖြုတ်လိုက်တာပါ..အစက power supply box နဲ့ ချိတ်လိုက်ရင် v ကော amp ကော တက်လိုက်ကျလိုက်ဖြစ်နေတာပါ
Good သွားတယ်...
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


Huawei u8825 no power & safe mode error...


ပုံကအသေးစိတ်မရိုက်ထားလိုက်ရလို့ပါ .ရေထဲပြုတ် ကျလာတာပါ  power မတက်တာပါပထမ ဖြုတ်ပီးပေါင်းလိုက်ပါတယ် နောက် power supply box နဲ့ချိတ်ကြည့်တော့ v ကော amp ကတော့ စောင့်တက်လိုက် ကျသွားလိုက်ပါဘဲ အရင်တခါတုန်းကလို ဇီနာဒိုင်အုပ်က ဖြစ်နေမလားတိုင်းကြည့်တော့ ကောင်းနေပါတယ် ပံပိုးပစ္စည်းတွေလည်းတိုင်းနိုင်သလောက်တော့ကောင်း တာဘဲ ic တလုံးလုံးကထင်တော့တာပါ ic လို့မယူဆခင် နောက်တခါပြန် စစ်ကြည့်ပါတယ် သေသေချာချာကိုကြည့်လိုက်မှတွေ့ပါပြီ simcard အထိုင် က သံဖရိမ် လေးကအစသေးသေးလေးက +v ပတ်လမ်းနေရာလေးကို ကျိုးပြီး ထောက်နေတာပါ ဖယ်ပြီးတော့ ပြန်တတ်တော့ စက်ကလေးကတက်သွားပါပြီ တက်ပြန်တော့လည်း screen ဘယ်ဘက်အောက်ချေနေရာလေးမှာ safemode ဆိုပြီးပေါ်နေပြန်ရော ဒါနဲ့v+ power နှိပ်ကြည့်တော့လည်းfirmware ဘဲသူ့အလိုလိုတင်နေတာပါ v_ power fastmode ၀င်တော့လည်းပုံမှန်ပါဘဲ  firmware ပြန်ရေးကြည့်ပါတယ် မရပါဘူး safemode ကပေါ်နေတာပါဘဲ ဒါနဲ့ volume - ကြောင့်ဖြစ်တတ်တယ်ဆိုတဲ့ ရေးတာတွေတွေ့ဘူးတာနဲ့ volume - switch ကို တိုင်းကြည့်တော့ကောင်းနေပြန်ရော ဒါပေမယ့် တိုင်းရင်သာကောင်းတာ ပါ စက်ထဲတပ်လိုက်မှ အပူကြောင့်(သို့)လျှပ်စစ်စီးကြောင်းတွေကြောင့်လည်း အလုပ်သိပ်မလုပ်နိုင်တော့တာ ဖြစ်နိုင်တာကိုး နောက်ဆုံးဖြုတ်ဆေး ပီးပြန်တက်လိုက်တော့ အားလုံးပြန်ကောင်းသွားပါပြီ..(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


ံHuawei phone များ no power အတွက်ပါ...


1.power မနိုးလို့ battery စစ်ကြည့်ပါတယ် battery ကောင်းပါတယ်
2.power ခလုပ် ကောင်းမကောင်း စစ်ပါတယ်ကောင်းပါတယ်
3.power supply box နဲ့ချိတ်ကြည့်ပါတယ် ပုံမှာပြထားတဲ့ အတိုင်းပါ
4.ပေါင်းကြည့်ပါတယ် မရပါ
5.ပံ့ပိုးပစ္စည်းတွေ (C&R&D&CO)စစ်နိုင်သလောက်စစ်ကြည့်ပါတယ် ကောင်းတယ်လို့ယူဆပါတယ်
6.မျက်မြင်နဲ့စစ်ကြည့်ပါတယ် လျှော့ဖြစ်နေနိုင်တဲ့ သံတိုသံစ ကြေးတိုကြေးစ မတွေ့ပါ
7.I C တစ်လုံးလုံးကလို့ထင်လိုက်ပါပီ
8.ဘယ်IC လည်း လို့စစ်ဖို့ရာမလွယ်ပါ ဆက်စပ်နေတာကိုး
9.PA & EMMC& REG &.....
10.IC အရင် မလဲခင် တနည်းစမ်းကြည့်ပါတယ်
11.Portable power supply (5 v)ကဒ်လို့ မေးဝယ်ရင်ရပါတယ်
12.သူနဲ့ ချိတ်ပီး နိုးလိုက်တာ ကောင်းသွားပါတယ် (u8825&u8661&c8813d&c8500..)ရဘူးပါတယ်
13.Video file လေးကော ရိုက်ထားတာလေးကော တင်ပေးလိုက်ပါတယ် (သေချာရိုက်ထားတာမဟုတ်ပါ ကြုံကြိုက်သွားလို့အကိုက်ဖြစ်သွားတာပါ )
14.တကယ်တမ်းက တော့ ဘာမှမဟုတ်ပါ AMP ကောင်းတဲ့ အတွက် မမြင်နိုင်တဲ့ လျှော့ဖြစ်နေတာတွေ ပူးနေတာတွေ လွင့်သွားခြင်းပါ
(အခြေခံသမားများအတွက်သာပါ)
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)


Y 220T N0 POWER...


ခလုပ်ကောင်းမကောင်းတိုင်းနည်းတွေတော့ မရေးတော့ပါဘူး ရေးပီးသားတွေ ရှိလို့ပါ ကြေးပြားလေးတွေ ကို သန့်ပေး လိုက်ပါ ခလုပ်ငုတ်လေးတွေ ကိုလည်းခဲဆော်လိုက်ပါ(ဘာမှတော့ မဟုတ်ပါဘူး အရင်ဆုံး စစ်သင့်တာ မစစ်ဘဲ ကျော်သွားမှာဆိုးလို့ပါ)


အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote.blogspot.com

Huawei C8813 မှာ ၁၅၀၀ MEC SIM Card မသိတော့တဲ့ Error ဖြေရှင်းနည်း







ကျွန်တော်တို့ Huawei C8813 မှာ firmware update လုပ်မိလို့ Build Number မြင့်သွားရင် 1500 တန် MEC Sim Card ကို မသိတော့ပါဘူး။ Build Number က B175 ဖြစ်သွားရင် အများဆုံးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် Build Number B169 ကို downgrade ပြန်ဆင်းရပါတယ်။ ပုံမှန် B169 dload file နဲ့ downgrade ပြန်ဆင်းလို့မရပါဘူး။

အောက်ကဖိုင်လေးကို ဒေါင်းပါ။
ရလာတာကို ဖြည်ချပေးပါ။ အထဲက UPDATE.APP ကို dload ဆိုတဲ့ folder ထဲ ထည့်ပြီး micro sd card ထဲကူးထည့်ပါ။ ပုံမှန် Huawei firmware တင်သလို Volume -,+,power ခလုတ်သုံးခုနှိပ်ပြီး တင်လိုက်ပါ။
ကဲ...ပြီးရင်တော့ Huawei C8813 B169 firmware လေးကို ဒေါင်းပြီး အထဲက dload လေးနဲ့ firmware downgrade လုပ်လို့ရပါပြီ။ အားလုံးပြီးလို့ Build Number B169 နဲ့ firmware တက်လာရင် 1500 MEC Sim Card ကို သုံးလို့ရပါပြီ ခင်ဗျာ။



downgrade ဆင်းနိုင်ဖို့အတွက် အောက်ကဖိုင်လေးကို ဒေါင်းပါ။

C8813 B169 firmware ကိုတော့ အောက်မှာဒေါင်းပါ။
Credit to: myanmarmobileappstore/mm-mpxteam.net နှင့် Credit ပေးထိုက်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျာ။

U8825-1 & G510-0200 wifi error ရှင်းနည်း



ဘာရယ်တော့မဟုတ်ပါဘူး

ကျွန်တော် အဆင်ပြေတာလေးတစ်ခု

 ပြန်တင်ပေးတာပါခင်ဗျာ 

U8825-1 & G510-0200 တွေ မှာ

 Firmware ပြန်တင်လိုက်လို့ Wifi ပျောက်တာရယ် 

Notification Setting ပျောက်တာတွေကို ပြန်ရှင်းပေးတာလေးလေ 

လုပ်နည်းကလဲ လွယ်ပါတယ်ခင်ဗျာ

Firmware ပြန်တင်သလိုလေးပါဘဲ နော် 

ဖိုင်ဆိုဒ်လေးတွေကတော့ 10M ၀န်းကျင်လောက်ပါဘဲ



Download >> 8825-1


Download >> http://adf.ly/TazJa

အဖြစ်များ တဲ့ Image signature verify fail ဖြေရှင်းနည်း


ကျန်တော့်ဘလော့ CB လေးမှာမေးထားတာတွေ့လို ပြန်တင်ပေးလိုက်တာပါ
Huawei C8812/ C8813/ U8818 တွေ မှာ အဖြစ်များ တဲ့ Image signature verify fail ဖြစ်ရင် ရှင်းဘို့ ပါ လုပ်နည်းက လွယ်ပါတယ် လုပ်ချင်တဲ့ မော်ဒယ် ကို ဒေါင်းလုပ် ဆွဲ ရလာတဲ့ Zip ကို ဖြည်အထဲက dload ဖိုဒါ ကို Sdcard ထဲ ကူးထည့်ပြီး Volume + & - & Power တွဲနှိပ်ပြီး Firmware တင်သလို တင်လိုက်ရုံ ပါဘဲ ( အလုံးတိုင်းတော့ အဆင်ပြေချင် မှ ပြေမယ်နော် )

Download C8812 Boot Repair

C8813 Boot Repair
U8818 Boot Repair

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

မြန်မာအဘိဓါန်.apk



မင်္ဂလာပါ 
ယခုဆော့ဝဲလေးကတော့ မြန်မာအဘိဓါန် စာအုပ်လေးဖြစ်ပါတယ် အသုံးပြုမှုကိုလဲ
မြန်မာလိုရှင်းပြထားပါတယ် အပေါ်ကပုံကတော့ ကျန်တော်ဖုန်းမှာမလို့ မြန်မာလိုမပေါ်တာနော်
ကျန်တဲ့ဖုန်းတွေပေါ်ပါတယ် ကျန်တောဖုန်းကစုတ်နေလို့ မပြင်အားသေးလို့ပါ
နောက်တစ်မျိုးကောင်းတာက မိမိရိုတ်ရှာလိုက်တဲ့ အင်္ဂလိပ်အသံထွက်မသိရင်
အသံပါနားထောင်လို့ ရအောင်ပြုလုပ်ထားပါတယ်
အောက်ကပုံလေးကို ကြည့်လိုက်ပါအုန်းနော် မသိတဲ့အမည်ကိုနှိပ်လိုက်ရင် အဲ့လိုပေါ်လာပါတယ်
                        
                         Download Link 1
                         
                         Download Link 2


အဆင်ပြေပါစေ.. ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)< Knowledge Note > Download : MB Download Link 1 Download Link 2 Download Link 3 Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Myanmar Buddha.apk

 
 မင်္ဂလာပါ...
ဒီဆော့ဝဲလေးကတော့ Buddha Gaya  မရောက်ဘူးတဲ့ သူငယ်ချင်းများအတွက်
ဘုရားရှင်ပွင့်တော် မှုခဲ့သောမဟာ မြေမြတ်အား သူငယ်ချင်းတို့ ဖုန်းလေးပေါ်မှာ အမှန်တကယ်ရောက်နေသလို ခံစားရစေမည့် ဆော့ဝဲလေးပါ Video/Photo တွေကြည့်ခွင့်ရမှာ  ဖြစ်ပါတယ် 
အင်တာနက်လိုင်းချိတ်ဆက် အသုံးပြုဖို့တော့လိုအပ်တယ်နော်
အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...


                                                 Download Link 1 
                                                 Download Link 2

Blood Assaut 3D.apk




ဂိမ်းချစ်တဲ့ သူငယ်ချင်းများအတွက် ဒီဂိမ်းလေးကတော့ 
အပစ်အခက်လေးပါ ဆော့ရတာလဲမိုက်တယ် အရောင်လဲတောက်တယ် ပုံလေးတွေနဲ့လဲ
ကျန်တော်ပြထားတယ်နော် ဆော့ချင်တဲ့ ညီငယ်များ အကိုများ
အောက်လင့်တွေမှာ ဒေါင်းလုပ်ရယူလိုက်ပါနော် 
အဆင်ပြေမယ်ထင်ပါတယ်

အဆင်ပြေပါစေဗျာ...

Viber Flashlight.apk


                 မင်္ဂလာပါခင်ဗျာ........
သူငယ်ချင်းတို့အတွက် ဒီနေ့ဆော့ဝဲလေး ၅ခုလောက်တင်ပေးလိုက်မယ်နော် ယခုဆော့ဝဲလေးကတော့ ကျန်တော်တို့ Viber အသုံးပြုနေကြတဲ့ ကိုကိုညီညီများအတွက် ဆော့ဝဲအသစ်အဆန်းလေးပါ Viber မှာ သူငယ်ချင်းတစ်ယောက်က စာပို့လိုက်လို့ပဲဖြစ်ဖြစ် ဖုန်းခေါ်လိုက်လို့ပဲဖြစ်ဖြစ် ဖလက်မီးလေးက
အချက်ပြသတိပေးတဲ့ ဆော့ဝဲလေးပါ ဖလက်မီးမပါတဲ့ ဖုန်းကိုင်တဲ့သူငယ်ချင်းများ အတွက်တော့ အဆင်မပြေနိုင်ဘူးနော် မိမိကြိုက်နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်
ဒေါင်းလုပ်လင့်ကို ဘာမှမခံထားတော့ဘူး ငွေရတာကနည်းနည်း စိတ်မရှည်လို့ သူငယ်ချင်းတို့လဲ
အာရုံစားတယ် အဆင်ပြေအောင် ဘာလင့်မှနောက်မခံတော့ဘူး ဆွဲပေတော့ အောက်မှာ



                                                     DOWN LOAD