ဂိမ်းချစ်သူများအတွက်

ကျွန်တော်ကတော့ဂိမ်းဆော့ရတာဝါသနာမပါတဲ့အတွက် ထူးဆန်းတဲ့ဂိမ်းလေးတွေ တင်မပေးနိုင်တာနားလည်ပေးကြပါ  ဂိမ်းတွေတစ်ခုချင်းစီတော့ တင်ပေးနေရင်  ကျွန်တော်ဘလော့
ပြည့်သွားနိုင်ပါတယ် သူငယ်ချင်းတို့ အကြိုက်ဒေါင်းယူရန် ကျွန်တော်ကွန်ပျူတာဂိမ်းတွေစုစည်းထားတဲ့
ဝက်ဆိုဒ်လင့်လေးပေးလိုက်မယ် ကြိုက်တာဝင်ဒေါင်းယူလိုက်နော်

 ကြိုက်တာဒေါင်းယူရန် ကလစ်ပြီး ဝက်ဆိုဒ်လေးကိုဝင်လိုက်ပါ

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Huawei နဲ့ Sony ဖုန်းများရဲ့ Official Firmware ကို တစ်ချက်တည်းနဲ့ရှာဖွေ ဒေါင်းပေးမယ့် Official Firmware Searching Tool

MMUC က ကိုစိုင်းအာကာရဲ့ ဖန်တီးမှုလေးပါ.. Sony နဲ့ Huawei ဖုန်းတွေရဲ့ Firmware ကို အမျိုးအစားအလိုက် တစ်ချက်တည်းနဲ့ ရှာဖွေနိုင်ပါတယ်.. အသုံးပြုတဲ့ computer မှာတော့ Internet Connection ကောင်းကောင်းရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Firmware တွေက File Size ကြီးမားလို့ပါပဲ..
 
 ဒီပို့စ်နဲ့ MMUC က ကိုစိုင်းအာကာကို ဂုဏ်ပြုပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက် < Knowledge Note>
www.maungpauk.org

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

မြန်မာဘာသာနဲ့ V-ROOT ဆော့ဝဲ

Vroot (မြန်မာလို ဆော့ဝဲ)

Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။
အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါတခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။

အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။
VRoot Screenshots

ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကိုအဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေပါတယ်။ ဖုန်းတွေ မြန်မာဖောင့်ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ်ကို ကောင်းပါတယ်ဗျာ။
အားလုံးအဆင်ပြေပါစေ.......။
ဇော်မင်းသန်း.
www.htwenaingwin.blogspot.com ပြန်လည်ဝေမျှပေးထားပါတယ်

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Battery အားပြည့်ရင် အချက်ပြပေးမဲ့ Battery Full & UnPlug Alarm 1.0

 This app has two functions.
1. Battery Full Alarm
2. Charger unplug Alarm (Theft alarm)
1. Battery Full Alarm:
The app alerts via sound & vibration if the battery is fully charged. (You can choose whether sound or vibration from the settings screen)
2. Charger unplug Alarm:
The app alerts if the charger is unplugged at any time. You need to enter the password to stop the alarm.
(You can choose the password from the settings screen)
Use:
If you leave your phone in any place for charging (trains, public rooms, etc.,), Theft alarm can help you very much.

အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။

Download Here

အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

ဖုန်းခေါ်တာလန်းချင်ကြတဲ့သူငယ်ချင်းများ Call.apk ( သင်္ကေတတစ်ချက်ဆွဲရုံနှင့်ဖုန်းခေါ်မယ် )

မင်္ဂလာပါ....
ကျွန်တော်တို့ရဲ့ Android ဖုန်းတွေမှာ မှတ်သားထားတဲ့ Contact တွေကိုသင်္ကေတ တစ်ချက်ဆွဲရုံနဲ့ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အသုံးပြုပုံကရိုးရှင်းလွယ်ကူပါတယ်ခင်ဗျ။ Application ကို Install လုပ်လိုက်ရင် သူက Shortcut တစ်ခုကို ဖုန်းရဲ့ Home Page ပေါ်မှာလုပ်ပေးပါတယ်။ Add Contact နှိပ်ပြီး ပေါင်းထည့်ချင်တဲ့ contact အတွက် သင်္ကေတတစ်ခုဆွဲပေးပါ၊ ပြီးရင်တော့ Create နှိပ်......။
ဖုန်းခေါ်မယ်ဆို Gesture Call ဖွင့် မှတ်ခိုင်းထားတဲ့ သက်ဆိုင်ရာတင်္ကေတ တစ်ချက်ဆွဲပေးလိုက်ရင် ခေါ်နေပါပြီနော်....... အဆင်ပြေပါစေခင်ဗျ။
ဒီနေရာလေးမှာယူပါခင်ဗျာ။

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

မိမိတို့ android ဖုန်းပေါ်ကနေ PDF file တွေကို အဆင်ပြေပြေနဲ့ဖတ်ရှုနိုင်တဲ့ဆော့ဝဲ

မိမိတို့ android ဖုန်းပေါ်ကနေ PDF file တွေကို

အဆင်ပြေပြေနဲ့ဖတ်ရှုနိုင်စေမယ့် Foxit Mobile Pdf Lite ဆိုတဲ့ application လေးဖြစ်ပါတယ်။

အောက်မှာဒေါင်းလုပ်လင့်ခ်တွေတင်ပေးထားပါတယ်။

ကိုယ်ကြိုက်နှစ်သက်ပြီးအဆင်ပြေမယ့်လင့်ခ်ကနေဒေါင်းလုပ်ရယူနိုင်ပါပြီ။

ဒေါင်းလုပ်မြန်ဆန်လွယ်ကူစေရန်အတွက် တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်စေရန်အတွက်

One Click Download လင့်ခ်ပါတင်ပေးထားပါတယ်။

ကဲ…အားလုံးပဲအဆင်ပြေချောမွေ့ကြပါစေဗျာ။

 One Click Download(တိုက်ရိုက်ဒေါင်းယူရန်)

 From Mediafire Download

 From Box Download

 From Dropbox Download

 From Megacloud Download

အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။                                                          

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

အကြီးစား အိမ်တွင်း သူခိုး

အကြီးစား အိမ်တွင်း သူခိုး
==============

Photo: အကြီးစား အိမ်တွင်း သူခိုး
==============

သာမန် user တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံး

စကိုင်တော့မယ် ဆိုရင် အခုဆို တော်တော်မျာများက

အင်တာနက် ကောင်းကောင်းသုံးလို့ရမယ့် ဖုန်းတွေကိုပဲ

ရွေးချယ်ဝယ်ယူလာပါတော့တယ်...

အခြေခံ လူတန်းစားတွေ အနေနဲ့ကတော့

ဈေးသက်သက်သာသာနဲ့ ကောင်းကောင်းမွန်မွန်

အသုံးပြုနိုင်ဖို့ Huawei အမျိုးအစား ဖုန်းများအား

ဝယ်ယူအသုံးပြုကြသလို နည်းနည်းပိုက်ဆံ တက်နိုင်ပြီး

ကောင်းကောင်းပေးပြီး ကောင်းကောင်းသုံးချင်သူတွေကတော့

နာမည်ရ လာတဲ့ Samsung သို့မဟုတ် HTC နှင့် Sony ဖုန်းအမျိုးစားများ

ကို ရွေးချယ်လာကြပါတယ်....

တစ်ချို့ကြပြန်တော့လဲ နာမည်ကြီးအသစ်ထွက် iPhone,Samsung,Sony,HTC ရဲ့

Device တွေကို ကိုင်နိုင်ခါမှ လူထင်ကြီးခံရ လူရာသွင်းခံရသလိုလို နဲ့ စိတ်ရဲ့စေစားရာ

အရ ၀ယ်ယူသုံးစွဲကြပြန်တယ်...

ဒါတွေ ထားလိုက်ပါအုံး ဖုန်းတစ်လုံး ၀ယ်ယူယုံဖြင့် ပြီးပြီထင်ပါသလား....?

မိတ်ဆွေ ပြန်စဉ်းစားပါ...

ဖုန်းဝယ်ပြီး မြန်မာစာ ထည့်သွင်းဖို့ Service ခ သက်သက် ဆိုပြီး

သက်သက်ထပ်ပေးရပါမယ်

(ယခုအခါဆိုင်တော်တော်များများက အခမဲ့ ပြုလုပ်ပေးနေပါပြီ) 

ဒါမှ ကိုယ်လိုချင်တဲ့ App & Game များနှင့်

သီချင်း Ring Tune များကို ရရှိကြမှာပါ...

မပေးရဘူးဆိုရင်တောင် အနည်းဆုံး ၃၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ်

နီးပါး ပတ်ဝန်းကျင် ပေးဆောင်နေရတုံးပါပဲ...

Viber ဖွင့်ခ ၃၀၀၀ ကျပ်

Facebook Acc ဖွင့်ခ ၅၀၀၀ ကျပ် 

Skype Facebook Viber အားလုံးပေါင်း ၁၀၀၀၀ ကျပ် ဘာညာစသဖြင့် ပေါင်းချုပ်

ယူကြသည်လဲ ရှိပါတယ် မိတ်ဆွေများလဲ ကြုံဖူးမှာပါ...

ဒါက အစပဲ ရှိပါတယ်....

နောက်တစ်ဆင့် ထပ်တက်လာရရင် အ၀တ်မပါ ဗလာကိုယ်နတ္တိ

မိမိ တို့ရဲ့ ဖုန်းများအား အလှတန်ဆာ ဆင်ရန်အတွက်

နောက်ဆုံးပေါ် အရုပ်လှလှလေးများ ဥပမာ ။ Stick နှင့် Banana အရုပ်လေးများ

Key Change များ Back Cover များ Sticker များ  Screen Guard များ

ဝယ်မဆုံးနိုင်အောင် သင့်အိတ်ကပ်ထဲက ပိုက်ဆံများကို သိသိကြီးရော

မသိမသာရော ခိုးယူနေပါတယ်...

တန်ဖိုးများ အရလဲ အနည်းဆုံး ၅၀၀ ကျပ်မှ အများဆုံး ၁၀၀၀၀၀ တန်ထိ

အဆင်တန်ဆာများရဲ့ တန်ဖိုးက သက်ရောက်မှု ရှိနေပါတယ်...

ဒါကတော့ အကောင်အထည်ရော မြင်သာထင်သာရော ခိုးယူနေတဲ့

အရာတွေပါ....

မမြင်ရတဲ့ သူခိုးတွေက ဘာတွေလဲ?

0950 နံပါတ်တွေမှာကတည်းက ရရှိလာတဲ့ အခွင့်ထူးခံ ဖုန်းခေါ်လျင်

မြည်သော Ring Tune Service လေးပါ...

တစ်လ ကို ၂၀၀၀ ကျပ် ဖြတ်ပါတယ်...

တစ်ခြားဟာကသာ နောက်ကျမယ် သူကတော့ နောက်မကျပါ...

ပြီးပြီလား? ရှိသေးတယ်ဗျ...

Ring Tune တွေကို ၀ယ်သုံးရပါတယ် တစ်ပုဒ်ကို ၂၀၀ ကျပ်ပါ..

သိပ်မသိသာတဲ့ ပိုက်ဆံမို့ မောင်သစ် ကိုယ်တိုင်လဲ

၂၀၀ ကျပ် ၂၀၀ ကျပ် နဲ့ အတော် ထိနေပါပြီ...

ပြီးနောက် တွင်ကျယ်လာတဲ့ Service တွေက

အချိန်ပြည့် သတင်းတို စနစ်တွေ

BBC မြန်မာပိုင်း သတင်းပို့ချက်တွေ

စီးပွားရေး ဆိုင်ရာ နဲ့ ငွေကြေးသတင်းတွေ

နည်းနည်း နည်းနည်း နဲ့ ဖဲ့ယူနေကြပါတယ်...

နောက်ဆုံး ခိုးယူမှု အများဆုံးကတော့

Internet Service ပါ...

မြန်မာပြည် ရဲ့ Internet Service ကောက်ခံမှု နှုန်းထားက

လက်ရှိအနေနဲ့ပြောရရင် User တွေ ကျေနပ်လောက်တဲ့

အနေအထား မဟုတ်သေးပါဘူး...

GSM တွေကို ၁ နာရီကို ၁၂၀ ကျပ်

WCDM တွေကို ၁ နာရီ ၂၄၀ ကျပ်

CDMA တွေကို ၁ နာရီ ၂၄၀ ကျပ်

နှင့် ကောက်ခံနေပြီး လက်ရှိအနေအထားရ

နေရာကွာဟ မှု များကြောင်း ကောင်းတစ်ချက်

မကောင်းတစ်ချက် အင်တာနက်လိုင်းကို

သုံးစွဲနေရင်းကနေ ပိုက်ဆံတွေ ခိုးယူခံနေရတုန်းပါပဲ...

နောက်တစ်ခုကတော့ Message App တွေပါပဲ

Video Chat နှင့် Free Call တွေ ဟာ

Share System တွေ ပါဝင်ပါတယ်...

ခုမှ စတင်သုံးပြီး မသိနားမလည်သေးတဲ့

User တစ်ချို့ဆိုရင် Share ကို ဖုန်းရဲ့

MPT Service ဖြစ်တဲ့ Message ကနေသာ

Share မိကြတယ်...

တစ်ယောက်ကို ၂၅ ကျပ်နှုန်းနဲ့

အယောက် ၁၀၀ များ ရှိခဲ့ရင်တော့...

သူ့ ပိုက်ဆံတွေ ပျောက်ပျောက်ကုန်တယ်ဆိုပြီး

Service ဆိုင် သို့မဟုတ် MPT ကို တိုင်ကြားမှာတော့

သေချာသလောက်ပါပဲ....

နောက်ဆုံး ပြောချင်တာကတော့ ဖြစ်နိုင်ရင်

အပိုအလို မသုံးပဲ ယိုပေါက်လေးတွေကို ဖာထေးပြီး

ဘယ်နေရာကနေ ဘယ်လိုကုန်နေသလဲ ဆိုတာကို

Mobile Phone အသုံးပြုသူ User များအား

သိရှိနားလည်စေချင်ပါတယ်....

မောင်သစ် ကတော့ Hello ကြားလား ! အေးကြားတယ်

ဒီလောက်ဆို တော်ပါပြီ :D

====================

Post By  : Thit San Khant

G610S အထွက် (လုံးဝ)မှန်မည့် မြန်မာဖောင့်

 ဒီဖောင့်ကိုအားတို့အားလုံးပိုင်တယ် ဆိုပြီးတော့ Kyaw Swar Thwin ကနေ ဖန်တီးလိုက်ပါတယ်ဗျာ။ ကိုကျော်စွာသွင်ရေ ဒီနေရာကနေ Andriod ဖုန်းပိုင်ရှင်အားလုံးအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဂုဏ်ပြုလိုက်ပါတယ်ဗျာ။ ကိုကျောစွာသွင်ရဲ့ပုံပါထည့်ပေးလိုက်ပါတယ်ဗျာ။

မြန်မာစာလုံးဝမှန်ရမည် Smart Zawgyi...
G610S မကလို့ ဘာလာလာကွာ
လူကြိုက်အများဆုံး နောက်ဆုံးထွက် Frozen Keyboard Pro နဲ့လဲရတယ်
တရုတ်စာဘာစာညာစာလဲရတယ်
ရှိသေးရင်စမ်းကြည့် အရင် Gingerbread Sony တွေမှာ
ဖောင့်တစ်ခုထဲနဲ့ဖုန်းအတော်များများရမယ်
ကြိုက်သလိုရှယ်ကြိုက်သလိုပြင်ကြိုက်တဲ့ Software တွေထဲထည့်သုံးနိုင်ပါပြီဗျာ။
Smart_Zawgyi ဒေါင်းရန်  
Credit to: ကိုကျော်စွာသွင် (https://www.facebook.com/kyawswar.thwin.16?hc_location=stream)

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)