Windows Explorer has Stop Working ကိုသုံးနည်းနဲ့ဖြေရှင်းမယ်

ကျွန်တော်တင်ပေးသမျှ ကျွန်ပျူတာတိုင်းမှာ ဒီပြဿနာက အမြဲတွေ့နေရတယ်ဗျ ကျွန်တော်လဲအမျိုးမျိုးကလိကြည့်တယ်မရဘူး စိတ်တော်တော်ညစ်တယ် Driver မစုံလို့လားဆိုပဲ ကျွန်တော်ထင်တာ အခုတော့ ဆိုဒ်တစ်ခုမှာဖြေရှင်းနည်းလေးတွေ့လို့ ကျွန်တော်ပြန်ဝေမျှပေးလိုက်ပါတယ် အခက်ခဲဆိုတာ ကြုံမှရှာရင်မတွေ့တတ်ဘူး စာအုပ်မှာမှတ်ထားလိုက်ရင် ဖြစ်လာရင်တန်းဖြေရှင်းလို့ရတာပေါ့ ကျွန်တော်တို့ ဒီပြဿနာကိုမဖြေရှင်းမီ ဒီပြဿနာဘာကြောင့်ဖြစ်
ရသလည်းဆိုတာလေးကို စကားစမြီပြုလိုက်ရအောင်။ အဓိကဖြစ်
တာကတော့ သင်လက်ရှိသုံးနေတဲ့ Operation System မှာ Update
မဖြစ်တာတို့။ Software များလွန်အကျွံဖွင့်ထားတာတို့အခါမှာ
Explorer က များစွာသော Process တွေလုပ်ဆောင်နေပါတယ်။
ဒီအခါမှာ သင်က ထပ်မံပီး တစ်ခြားသော Software သို့မဟုတ်
တစ်ခြားသော လုပ်ဆောင်ချက်တွေကို ထပ်မံခိုင်းစေလိုက်တဲ့
အခါမှာ Explorer ကယခုလိုမျိုး ပြဿစဖြစ်တော့တာပါ ကဲ..
ဒီလောက်ကတော့အကြမ်းဖျဉ်းမှတ်ထားပါ။ ဒီတော့ ဖြေရှင်းဖို့
နည်းလမ်းလေးတွေပြော၇အောင်ဗျာ…
နည်းလမ်း (၁)

အရင်ဆုံး ကျွန်တော်တို့ Run Box ထဲကနေ “regedit” လို့ရိုက်
ပီး Windows ရဲ့ Registry ကိုဝင်လိုက်ပါမယ်။ ပီးသွားရင်တော့
အောက်ပါလိပ်စာအတိုင်းအဆင့်ဆင့်သွားပါမယ်။

 “HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\ SQMClient\
Windows\DisabledSessions.”

ထို့နောက် subkey တစ်ခုဖြစ်တဲ့ “MachineThrottling” အမည်ကို
ညာဘက်ခြမ်းမှာတစ်ချက်ရှာပီး Delete လုပ်လိုက်ပါ။
ထို့နောက် သင်လက်ရှိဖွင့်ထားသော  Application တွေအကုန်လုံးကို
ပိတ်ပီး သင့်ကွန်ပျူတာ စနစ်ကို Restart လုပ်လိုက်ပါ။ဒါဆိုရင်တော့
လုပ်ဆောင်ချက်တစ်မျိုးအဆင်ပြေသွားပါပီ။
လုပ်ဆောင်ချက် (၂)

Run Box ထဲကနေကျွန်တော်တို့ “sfc /scannow” လို့ရိုက်ပေးလိုက်ပါ
“/” ဆိုသော သင်္ကေတနဲ့ “c” နဲ့ကြားမှာ SPACE တစ်ချက်ခြားရပါမယ်။
ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း CLI Mode ထဲမှာ Process ကို 100%
ပြည့်အောင် Run နေပါမယ်။


ဤကဲ့သို့လုပ်ဆောင်ပီးသွားတာနဲ့ သင့်ကွန်ပျူတာစနစ်ကို Restart ချလိုက်ပါ။
လုပ်ဆောင်ချက် (၃)

ကျွန်တော်တို့ Run Box ထဲကနေ “control folders” လို့၇ိုက်လိုက်ပါ။
“control” နဲ့ “folders” ကြားမှာ SPACE တစ်ချက်ခြားရပါမယ်။ပီးသွား
ရင်အောက်ပါပုံအတိုင်း View Tab ထဲကိုသွားပီးမျှားအနီလေး ပြထား
တဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေးလိုက်ပါ။

ပီးသွားရင်တော့ Apply ပီးရင် OK ဆိုတာကိုနှိပ်လိုက်ပါ။ယခုဖော်
ပြသော အကြောင်းအရာများနှင့်ပတ်သက်ပီး အဆင်မပြေမှုများ
အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက Comment Box အတွင်းပြန်လည်
Complain တက်ပီးမေးမြန်းနိုင်သလို ကျွန်တော့် FB/CZarni.86 ကို
လည်းအပ်ပီး မေးမြန်းနိုင်ပါတယ်။ 

Credit:

Sim Card lock ကျသွားတဲ့အခါ...


အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် မပုတုရုံး ဆီရောက်
ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)

unlock ပြန်လုပ်ပုံကတော့
အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ
PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ် 12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ
ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တတ်လာပါလိမ့်မယ်
ref:
ကိုကြီးသန်းတိုးအောင်ဆိုဒ်မှဖော်ပြပေးထားပါသည်။

ဖုန်းအား အမြန်သွင်းနည်း


ဖုန်းအား အမြန်သွင်းနည်း မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။ အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ်ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအားအသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။ နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက်ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေးပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရမှာ ဖြစ်ပါတယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

ကွန်ပျူတာ အမေး၊ အဖြေ စာအုပ် ( မြန်မာလို )



ကွန်ပျူတာ ဂျာနယ် စာတည်းအဖွဲ့က ၂၀၀၈ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကွန်ပျူတာ အမေး၊ အဖြေ စာအုပ်ဖြစ်ပါ
တယ်။ စာအုပ်က ကွန်ပျူတာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အမေးအဖြေတွေအားလုံးကို စုပေါင်းထားတာမို့လို့
မဖတ်ဖူးသေးသူတွေအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်တစ်အုပ် ဖြစ်မှာပါ။ မာတိကာလေး တစ်မျက်နှာကို
Screen shot တင်ပေးလိုက်တယ်။ စာမျက်နှာကလည်း ၂၅၀ နီးပါးပါဝင်တဲ့ အမေးအဖြေစာအုပ်တစ်အုပ်
ဖြစ်တာမို့လို့၊ လေ့လာလိုသူတွေ ဒေါင်းထားကြပါ။

ဒေါင်းရန်

facebook လေးကို Android application လေးဖန်းတီးနည်းလေးပါ


မင်္ဂလာပါ......ဒီတစ်ခါတော့ ကျွန်တော်သူငယ်ချင်းများကို နည်းပညာလေးတစ်ခု တင်ပြပေးပါမယ် ဒီနည်းလေးကို ကျွန်တော်တွေ့တာတော့ကြာပါပြီ ဒါပေမယ့် ဖုန်းကအင်တာနက်လိုင်းကလည်း မကောင်း စက်ရုံကလိုင်းကလည်း စုတ်နေတော့ အွန်းလိုင်းကိုမရောက်ဖြစ်တာ ကြာသွားပြီ အခုနည်းလေးကတော့ သူငယ်ချင်းတို့ ကိုယ့်ရဲ့ facebook လေးကို Android application လေးဖန်းတီးနည်းလေးပါ အော့လိုင်းနဲ့လည်းပြန်လည်ကြည့်လို့ရပါတယ် 
 ပထမအဆင့်အနေနဲ့ www.mobile.conduit.com လင့်ကလေးကိုကလစ်သွားလိုက်ပါ
 အဆင်(၂)မှာတော့ အောက်ကပြထားတဲ့ပုံမှာ မိမိပြုလုပ်မည့် facebook page
 ကိုထဲ့ပေးရမှာပါ ပြီးရင်တော့ Crate app ကလစ်နှိပ်လိုက်ပါ။





 အဆင့်(၃)မှာတော့ Menu bar က Content မှာဝင်ရောက်ပြီး သူငယ်ချင်းရဲ့ app အမည်ကိုကြိုက်တဲ့အမည်လေးပေးလိုက်ပါ ။Background ဆိုတဲ့နေရာမှာ မိမိနှစ်သက်တဲ့အရောင်ကိုရွေချယ်ထားနိုင်ပါတယ်။ Layout နေရာမှာတော့ ထားချင်တဲ့ဒဇိုင်းကိုဖန်တီးနိုင်ပါတယ်။  
အဆင်(၄) မှာတော့ Menu Bar Style ကိုဝင်ရောက်လိုက်ရင်တော့ application Name ကို Text ဖော်ပြမှာလားဆိုတာကို ဖြေစွက်ပေးရမှာပါ။ Background အရောင်ကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့အရောင်ကို Upload ပြုလုပ်ထည့်သွင်းနိုင်ပါတယ်။



အဆင့်(၅)မှာတော့ Info ဆိုတဲ့နေရာမှာတော့ apk ရဲ့ logo နဲ့အတူ Screen Wallpaper ကိုပါပြောင်းလဲလို့ရပါတယ်။ ပြောင်းလဲအသုံးပြုချင်တဲ့ logo screen wallpaper တွေကိုတော့ ကွန်ပျူတာမှာအဆင်သင့်ရှိထားရပါမယ်။ အားလူုံးပြီးရင်တော့ save & Continue ကိုကလစ်ပေးလိုက်ပါ။


  အဆင်(၆)မှာတော့ application ပြုလုပ်သူုရဲ့ facebook email နဲ့ Password ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် Continue ကလစ်ပေးလိုက်ပါ ။ choose you plan ဆိုတဲ့နေရာမှာ Basic Plan ကိုရွေးချယ်ပေးလိုက်ပါ။

အဆင့်(၇)မှာတော့  ပြီးဆုံးတဲ့အပိုင်းကိုရောက်သွားပါပြီး ဒေါင်းလုပ်ယူရန်ပဲရှိပါတော့တယ် သူငယ်ချင်းတွေကို ပြန်လည်ဝေမျှချင်တယ် ကိုယ် facebook ကို အော့လိုင်းနဲ့ပြန်ကြည့်ချင်သူများအတွက် လုပ်ဆောင်းပြီး အပေါ်ဘားတန်းကလင့်လေးကို ကော်ပီကူးပြီး လင့်ပေးလိုက်ပါ။ နားလည်လိမ့်မယ်လို့တော့မျော်လင့်မိပါတယ်
အခက်အခဲများရှိရင်တော့ C-BOX မှာပြေားသွားခဲ့ပါ

                                            ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

Skype အသုံးပြုနည်း စာအုပ် ( မြန်မာလို )

 
"စုကြည်ထွေး" ရဲ့ Skype အသုံးပြုနည်းစာအုပ် ဖြစ်ပါတယ်။ မူရင်း Scan ဖတ်သူကို မသိပါဘူး။ လိုအပ်ပါက ဒေါင်းရန် 
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

Y300 (T8833) Firmware လေးပါ (337.83Mb)


https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcQLli2J_8dCedy7p9-Bgi-yAEj-xpNixWBFGeeDlxyeLodTfEu1 
တောင်းထားတဲ့သူရှိလို့တင်ပေးလိုက်ပါတယ်။ အောက်မှာသာဒေါင်းသွားနော် . . .
အဆင်ပြေပါစေဗျာ . . .

Facebook ၏ လုပ်ဆောင်ချက်များ စာအုပ် ( မြန်မာလို


"စုကြည်ထွေး" ရဲ့ Facebook  ၏ လုပ်ဆောင်ချက်များ စာအုပ်ဖြစ်ပါတယ်။ ( မူရင်း Scan ဖတ်သူကို မသိပါ) လိုအပ်ပါက အောက်က လင့်ခ်မှာ ဒေါင်းယူသွားပါ။ 
MediaFire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<
 
 
 
ကိုကြီးမြန်မာအိုင်တီဆိုဒ်လေးမှ ဖော်ပြပေးထားပါတယ်။
သွားရောက်လေ့လာရန် ဒီမှာကလစ်ပါ

Twitter အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်

 
"ကလျာအိအိလွင်" ရဲ့ Twitter အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်။ (မူရင်း Scan ဖတ်သူကို မသိပါ။)
လိုအပ်ပါက အောက်တွင် ဒေါင်း ယူရန် 
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

ကြာနီကန်ဆရာတော်ကြီး

ကလေးကြိုက် လူကြီးကြိုက်တဲ့ ဆရာတော်ရဲ့တရားတော်များကို တနေရာထဲမှာ ကျွန်တော်ပြန်လည်စုစည်း တင်ပေးလိုက်ပါတယ် ကျွန်တော်တင်ထားတာတော့ မဟုတ်ဘူး ပြန်လည်ဝေမျှပေးလိုက်တာပါ ကလစ်တစ်ချက်နှိပ်ပြီး ဒေါင်းယူသွားနိုင်ပါတယ်ခင်ဗျာ 

လူသုံးများတာတော့ ကြာလှပါပြီ ဒါပေမယ့် တောင်းဆိုထားတော့လဲ ပြန်လည်တင်ပေးလိုက်တာပါ
             


desktopက icon လေးတွေကို အလှဆင်ပေးတဲ့ဆော့ဝဲလေးပါ။ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲ။
လိုချင်ရင်အောက်မှာဒေါင်လိုက်ပါနော်။size က 3mb ပါ။

ဒီမှာ



ဒီမှာဒေါင်းယူပါ

ဒီမှာလဲယူရန်


မြန်မာလူမျိုးတိုင်း သိထားသင့်တဲ့ မြန်မာစကားပုံများ For Android (501KB)



jas




မြန်မာစကားပုံများကိုလေ့လာ လိုက်စားချင်သူများ အသုံးပြုသင့်သော အသုံးချ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။
 မြန်မာလိုရောအင်္ဂလိပ်လိုပါ ဖေါ်ပြထားတဲ့အတွက်ကြောင့် ဗဟုသုတလည်းရ အင်္ဂလိပ်စာလည်း တိုးတက်
 စေမဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်ခင်ဗျာ။  မြန်မာ အက္ခရာစဉ်လိုက် ဖော်ပြထားသောကြောင့် ရှာဖွေရတာ
လွယ်ကူပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Andrioid version 2.2 နှင့်အထက်မှာ အသုံးပြုနိုင်ပါ
တယ်။ အားလုံးပဲအဆင်ပြေပါစေဗျာ။
Download=>> Link 1, Link 2

မိမိလက်မခံချင်တဲ့ ဖုန်းတွေကို တားဆီးပေးမယ့် ဖုန်းမလာပါနဲ့ APK ( မြန်မာလို)


မိမိကိုနှောင့်ယှက်မဲ့ ဖုန်းတွေမ၀င်လာအောင်နဲ့ မိမိလက်မခံချင်တဲ့ ဖုန်းနံပါတ်တစ်ခုချင်းဆီကိုလည်း ပိတ်ထားနိုင်မယ့် မြန်မာလိုဆော့ဝဲလ်လေးဖြစ်ပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1Mb တောင်မပြည့်ပါဘူး။
ဆော့ဝဲလ်ရေးသားသူကိုလည်း ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါစေဗျာ။ 
 
 
Download=>> Link 1, Link 2,

Youtube မှ ဗွီဒီယိုများကို ဆော့ဝဲလ်မသုံးပဲ အလွယ်ကူဆုံး ဒေါင်းလုပ်လုပ်နည်း



Youtube မှ ဗွီဒီယိုများကို ဆော့ဝဲလ်မသုံးပဲ အလွယ်ကူဆုံး ဒေါင်းလုပ်လုပ်နည်းလေးပါ။ တကယ်ပဲ ဘာဆော့
ဝဲလ်မှ မလိုပါဘူး။
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။ http လို့မပေါ်ပဲ www လို့ပေါ်ရင်ဖြုတ်စရာမလိုပါ။
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါ။
ဥပမာ- ကိုယ်က https://www.youtube.com/watch?v=qq99WNtsSpc အဲဒီသူချင်းကို ဒေါင်းမယ်ဆိုရင် s ကိုဖြုတ်  s နှစ်လုံးထည့်လိုက်တဲ့ အခါ http://www.ssyoutube.com/watch?v=qq99WNtsSpc ဖြစ်သွားမှာပါ။
၎။ပြီးရင် Enter ခေါက်လိုက်ရင် savefrom.net ဝက်ဘ်ဆိုဒ်ကို Direct လုပ်သွားမှာ ဖြစ်ပါတယ်။
အဲ့မှာ FLV 240p, FLV 360p, MP4 360p,WebM 360p, 3GP 144p, 3GP 240p အစရှိတဲ့ Format များစွာထဲမှာကိုယ်ကြိုက်တဲ့ Video Format နဲ့ Video Quality ကို ရွေးပြီး ဒေါင်းယုံပါပဲဗျာ။

အားလုံးပဲအဆင်ပြေပါစေဗျာ။ ခင်မင်လျှက်.........

www.ittharlay.blogspot.com  ဆိုဒ်သို့သွားရောက်လေ့လာနိုင်ပါတယ်